ကွမ်းခြံကုန်းမှာ လှည့်ကင်းလှည့်နေတဲ့ ရွာအုပ်ချုပ်ရေးမှူးနဲ့ပြည်ခိုင်ဖြိုးပါတီဝင် သေနတ်ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊အောက်တိုဘာ ၂-၂၀၂၁
KK(VOM)
 
ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးအရှေ့ကျေးရွာမှာ မနေ့ အောက်တိုဘာ ၁ရက် ည ၁၀ နာရီခန့်က လှည့်ကင်းလှည့်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“လှည့်ကင်းလှည့်နေတဲ့အချိန် အမည်မသိလူ(၄)ဦးက ပစ်တာ၊ အုပ်ချုပ်ရေးမှူးကိုသေနတ်နဲ့ပစ်လို့ ကြံ့ခိုင်ရေးပါတီဝင်ကောင်လေးက ဝင်လုံးတာ၊ သူ့ပါသေနတ်မှန်ပြီးသေသွားတယ်၊ အုပ်ချုပ်ရေးမှူးက မေ့စေ့အောက်မှာ ဒဏ်ရာတစ်ချက်၊ ကောင်လေးက နဖူးကို တည်ပစ်ခံရတာ”လို့ ကျေးရွာနေသူတဦးကပြောပါတယ်။
 
သေဆုံးသူဟာ တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူး ကြံ့ခိုင်ရေးပါတီဝင်ဖြစ်တဲ့ ဦးစိုးမင်းအောင်ဖြစ်ပြီး နောက်တစ်ဦးကတော့ ကြံ့ခိုင်ရေးပါတီဝင် ကိုစိုင်းသီဟဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ရက်ကလည်း တော်ကူးကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး ဦးမြစိုး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
 
အလားတူ ပြီးခဲ့တဲ့စက်တင်ဘာ ၂ ရက်နေ့ ညပိုင်းကလည်း ကွမ်းခြံကုန်းမြို့နယ် ကြံ့ခိုင်ရေးရုံးရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
 
မနေ့ အောက်တိုဘာ ၁ရက်က ရန်ကုန်တိုင်းမှာရှိတဲ့ ရန်ကင်းမြို့နယ်၊မဂ်လာဒုံမြို့နယ်၊လှိုင်သာယာမြို့နယ် ၊ဒလမြို့နယ်တွေမှာ ရင်နှီးမြှပ်နံမှုကော်မတီရုံး၊YB
S 22ကားဂိတ်၊အခွန်ဦးစီးမှူးရုံးနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေမှာလည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ကွမ်းခြံကုန်း #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW