ကြက်သွန်ဈေး မြင့်တက်လာပေမယ့် အကျိုးခံစားခွင့်မရှိတော့တဲ့ ကြက်သွန်စိုက်တောင်သူများ

အောက်တိုဘာ ၉ -၂၀၂၁
ထွန်းတောက်(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်ထဲက ခိုးသန်း၊ တောင်ပုလူ၊ သမန္တာ၊ကော်လဗျ စတဲ့ကျေးရွာပေါင်း (၂၀) ကျော်မှာ ကြက်သွန်နီတမျိုးထဲကို အဓိကစိုက်ပျိုးကြတာဖြစ်ပါတယ်။

အခုလိုစိုက်ပျိုးတဲ့နေရာမှာ တဧကကို စိုက်ပျိုးစရိတ်အနေနဲ့ ကိုယ်ပိုင်ယာမြေနဲ့စိုက်ပျိုးတဲ့တောင်သူတွေဆိုရင် (၁၂)သိန်းကနေ (၁၅) သိန်းဝန်းကျင်အထိကုန်ကျပြီး မြေအငှားနဲ့စိုက်ပျိုးတဲ့တောင်သူတွေဆိုရင် (၁၈) သိန်းဝန်းကျင်အထိ ကုန်ကျတာလည်း ဖြစ်ပါတယ်။

ဒီစိုက်ပျိုးစရိတ်တွေကို တချို့တောင်သူတွေက အတိုးနဲ့ချေးယူစိုက်ပျိုးကြရတာဖြစ်တယ်လို့ တောင်သူတွေကပြောပါတယ်။

ဒါကြောင့် ကြက်သွန်ပေါ်တဲ့အချိန်မှာ ဒီချေးငွေတွေအတွက်ရော ကြက်သွန်ဖော်တဲ့စရိတ်တွေအတွက်ပါ ပေါက်ဈေးနဲ့ မဖြစ်မနေရောင်းချရတယ်လို့လည်း ပြောဆိုနေကြပါတယ်။

အခုလိုရောင်းချရတာကြောင့် ပြီးခဲ့တဲ့ကြက်သွန်ပေါ်ချိန်မှာ ကြက်သွန်တပိဿာကို (၂၅၀) ကျပ်ဝန်းကျင်သာရှိခဲ့အတွက် တောင်သူတွေအရှုံးနဲ့ရင်ဆိုင်ခဲ့ကြရသလို အတိုးနဲ့ချေးထားတဲ့ ချေးငွေတွေကိုလည်း ကြေလည်အောင် မဆပ်နိုင်ဘူးလို့ တောင်သူတချို့ကပြောပါတယ်။

လက်ရှိမှာ ကြက်သွန်တပိဿာကို (၇၀၀) ကျပ်အထိမြင့်တက်လာခဲ့ပေမယ့် တောင်သူတွေလက်ထဲမှာ ကြက်သွန်မရှိတော့တာကြောင့် အကျိုးခံစားခွင့်မရှိတော့ဘူးလို့လည်း ပြောကြပါတယ်။

ဒါ့အပြင် လာမယ့်ရာသီမှာ ပြန်လည်စိုက်ပျိုးဖို့အတွက် လိုအပ်တဲ့စိုက်ပျိုးစရိတ်ငွေကို အတိုးနဲ့လည်းချေးဖို့မလွယ်တော့သလို ရောင်းချဖို့ ကြက်သွန်လည်း မရှိတော့တာကြောင့် အရင်နှစ်တွေလို စိုက်ပျိုးနိုင်ဖို့ရာ အခက်အခဲတွေကြုံတွေ့နေကြတာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကြက်သွန်စိုက်တောင်သူ #ဈေးမြင့်တက် #အကျိုးခံစားခွင့်မရှိ

Youtube Link – https://youtu.be/LQz9zjrfmuU

Related posts

Leave a Comment

VOM News

FREE
VIEW