အာဖဂန်မှာ ဗလီတက်နေချိန် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၇၀ သေဆုံး

ကဘူး၊ အောက်တိုဘာ-၉-၂၀၂၁
မျိုးဆက်(VOM)
 
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းရှိ ဗလီတခုမှာ အောက်တိုဘာ ၈ ရက်တွင်ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၇၀ ထက်မနည်းသေဆုံးသွားတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။
 
အဲဒီအသေခံဗုံးခွဲတိုက်ခိုက်မှုဟာ နိုင်ငံမြောက်ပိုင်း ကွန်ဒုဇ်မြို့မှာ အောက်တိုဘာ ၈ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
 
အဲဒီဒေသဟာ တာလီဘန်တို့ထိန်းချုပ်ထားရာဒေသဖြစ်ပြီး ဖြစ်စဉ်ကြောင့် လူ ၁၀၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ ပြည်နယ်အစိုးရကပြောပါတယ်။
 
ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ဗလီအတွင်း ၀တ်ပြုဆုတောင်းသူအများအပြားရှိနေပြီး အဲဒီဗလီဟာ နိုင်ငံတွင်းရှိလူနည်းစုဖြစ်တဲ့ ရှီယိုက်မွတ်ဆလင်တွေ ၀တ်ပြုဆုတောင်းရာ ဗလီဖြစ်ပါတယ်။
 
တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ဗလီအတွင်း၀တ်ပြုဆုတောင်းသူ ၃၀၀ ကျော်ရှိကြောင်း နဲ့ သေဆုံးသူအရေအတွက် တိုးမြင့်လာနိုင်တယ်လို့ ဒေသခံလုံခြုံရေးတာ၀န်ရှိသူတွေကပြောပါတယ်။
 
အသေခံဗုံးခွဲတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
အိုင်အက်စ်အဖွဲ့ဟာ နိုင်ငံတွင်းရှိ ရှီးယိုက်မွတ်ဆလင်တွေကို မကြာခဏဆိုသလို အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဆောင်လေ့ရှိပါတယ်။
 
Ref : NHK
Photo:AFP
#voiceofmyanmar #VOM #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW