ကျိုက်ထီးရိုးဘုရားတောင်တော်ဖွင့်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှာ အကျဉ်းချုံးပြုလုပ်မယ်

အောက်တိုဘာ ၁၁-၂၀၂၁
GH ( VOM )
 
ကျိုက်ထီးရိုးဘုရား တောင်တော်ဖွင့်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှာ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ အကျဉ်းချုံးပြုလုပ်သွားမှာဖြစ်တယ်လို့ ကျိုက်ထီးရိုဘုရားဂေါပကအဖွဲ့ဆီက သိရပါတယ်။
 
” တောင်တော်ဖွင့်ပွဲကို အကျဉ်းချုံးလုပ်မှာပေါ့။မနှစ်ကလည်းလုပ်တယ်။ ကိုဗစ်စည်းကမ်းနဲ့အညီ လုပ်မှာပါ။ အခုလည်း ဘုရားဖူးတွေ လာပါတယ်။ တောင်တက်ကားတွေကလည်းရှိတော့ အဆင်ပြေနေတာပေါ့ ” လို့ ကျိုက်ထီးရိုဘုရားရင်ပြင်တော် တာဝန်ခံ ဦးအေးမြင့်သိန်းကပြောပါတယ်။
 
လာမယ့် သီတင်းကျွတ်လပြည့်နေ့ကစပြီး ကဆုန်လပြည့်နေ့ ( မေလ ၁၄ ရက်နေ့ ၂၀၂၂ ခုနှစ်)အထိ ၇ လတိုင်တိုင် ကျိုက်ထီးရိုဘုရားပွဲတော်ကို ကျင်းပသွားမှာဖြစ်တယ်လို့ ဂေါပကအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
 
လက်ရှိမှာလည်း ကျိုက်ထီးရိုးဘုရားကို နေ့စဉ်လာရောက်တဲ့ခရီးသွားတွေရှိကြောင်း၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေကိုလည်း စနစ်တကျ ရောင်းချခွင့်ပြုထားတယ်လို့သိရပါတယ်။
 
ဒါပေမယ့် ရင်ပြင်တော်ပေါ်မှာ စျေးရောင်းချခွင့်ကိုတော့ တားမြစ်ထားပြိး အသိပေးစာတွေလည်းကပ်ထားတယ်လို့ သိရပါတယ်။
 
အကယ်၍ စျေးရောင်းချတာကို စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးပြီး တရားစွဲအရေးယူတာမျိုးပြုလုပ်မှာဖြစ်တယ်လို့လည်း ဂေါပကအဖွဲ့ဆီက သိရပါတယ်။
 
#voiceofmyanmar #VOM #ကျိုက်ထီးရိုး #တောင်တော်ဖွင့်ပွဲ #အကျဉ်းချုံးလုပ်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW