ဒေါ်အောင်ဆန်းစုကြည့်တို့ ရုံးချိန်းကို တပတ်တခါပဲ စစ်ဆေးမယ်လို့ အမိန့်ချ

အောက်တိုဘာ ၁၁-၂၀၂၁
KT(VOM)
 
နေပြည်တော်မှာ ဒီကနေ့မနက်ပိုင်းရဲ့ဒေါ်အောင်ဆန်းစုကြည့်တို့ရဲ့အမှုတွေနဲ့ပတ်သက်ပြီး ရုံးထုတ်စစ်ဆေးရာမှာ ပြီးခဲ့တဲ့အပတ်က လျှောက်ထားချက်ကို တရားရုံးကလက်မခံဘဲ တပတ်တခါပဲ ရုံးထုတ်စစ်ဆေးမယ်လို့ အမိန့်ချခဲ့ပါတယ်။
 
“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်စာရေးပြီးတင်တဲ့ တပတ်ခြားတစ်ခါရုံးချိန်းပေးဖို့ဟာကိုတော့ ရုံးက သူနဂိုဆုံးဖြတ်ထားတဲ့အတိုင်း တပတ်တစ်ခါပဲ စစ်ဆေးမယ်လို့ အမိန့်ချလိုက်ပါတယ်”လို့ ရှေ့နေတဦးကပြောပ်တယ်။
 
ဒီကနေရုံးချိန်းမှာ ဘာတွေစစ်မေးခဲ့သလဲဆိုတာကို ရှေ့နေ့တဦးက” ဒီနေ့ရုံးချိန်းက ၁၁နာရီလောက်မှာပြီးသွားပါတယ်။ အရင်ရုံးချိန်းတွေလိုပဲ ၉နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့၊နောက်ဦး၀င်းမြင့်နဲ့ဆက်တွေ့ပြီး အမှုအကြောင်းဆွေးနွေးကြတာပါပဲ။ အထူးအထွေဒေါ်အောင်ဆန်းစုကြည်ဘက်ကပြောတာ မရှိပါဘူး။ အမှုခေါ်တဲ့အခါမှာတော့ ဦး၀င်းမြင့်ကို သဘာဝဘေး ၂၅ နဲ့စွဲထားတဲ့ အမှုကိုစခေါ်ပါတယ်။ အဲ့ဒီအမှုမှာ ဦး၀င်းမြင့်ကို စွဲချက်တင်ပါတယ်။ ဦး၀င်းမြင့်ကို စွဲချက်တင်တယ်။ အပြစ်ရှိသလားဆိုတော့ ဦး၀င်းမြင့်ကလည်း မရှိဘူးလို့ ပြောပါတယ်။ ပြောပြီးတော့ ပြန်ခေါ်သက်သေရှိသလားမေးတော့ ပြန်ခေါ်သက်သေ ရဲမှူးမြင့်နိုင်နဲ့ ဒုရဲအုပ်တယောက်ကို ပြန်ခေါ်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘာဝဘေး -၂၅ အဲ့ဒါကို ဒုတိယအနေနဲ့ ခေါ်ပြီးတော့လည်း စွဲချက်တင်ပါတယ်။ အပြစ်မရှိဘူးလို့ပြောပါတယ်။ ခုနသက်သေနှစ် ယောက်ပါပဲ။ ရဲမှူ့းမြင့်နိုင်နဲ့ ဒုရဲအုပ်တစ်ယောက်ကိုပြန်ခေါ်ပါတယ်”လို့ပြောပါတယ်။
 
ဒါ့အပြင် “နောက်တတိယအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့စွဲထားတဲ့အမှု ၊ အဲ့ဒီအမှုမှာ အရင် အချိန်းကအမိန့်ချသလို နောက်တိုးသက်သေခွင့်ပြုတယ်ဆိုတော့ တရားလိုဘက်ကနောက်တိုး သက်သေ အ နေနဲ့ ဆက်သွယ်ရေးက လက်ထောက်ညွန်ကြားရေးမှူး ဦးစည်သူအောင်ကို ခေါ်ပါတယ်။ ရုံးရှေ့လာထွက်ပါတယ်။ ဦးစည်သူအောင်ကတော့ သူက ဂျန်မာတစ်ခုအတွက်ပဲထွက်သွားပါတယ်၊ ကျန်တဲ့ပစ္စည်းကိရိယာတွေသူမသိဘူး။ ဂျန်မာတစ်ခုအတွက်ပဲ သူလာထွက်တာလို့ပြောသွားပါတယ်။ အဲ့တော့အဲ့ဒီအမှုက နောက်တိုး သက်သေလည်း ပြီးသွားပြီးဆိုတော့ ရှေ့အချိန်းမှာ စွဲချက်လျှောက်လဲချက်တင်ဖို့ တရားသူကြီး ကချိန်းလိုက်ပါတယ်။”လို့ပြောပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဥပဒေအရ စွဲထားတဲ့အမှုဟာ ဒီကနေ့ စွဲချက်အမိန့်ချဖို့ပြုလုပ်ထားပေးမယ့် အမှုကဆက်စပ်နေတဲ့အတွက်ကြောင့်ဆိုပြီး ပို့ကုန်သွင်းကုန်နဲ့စွဲတဲ့အမှုအတွက် စွဲချက်အမိန့်ကိုစောင့်ပြီးတော့မှ တစ်ညီတည်းချမယ်လို့ တရားသူကြီးကအမိန့်ချလိုက်တယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW