မန္တလေးမြို့မှာ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ပိုင်ရှင် သေနတ်ဒဏ်ရာရ

အောက်တိုဘာ ၁၇-၂၀၂၁
Ko Hik (VOM)
 
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)ဈေးတိုက်တန်းရှိ ရွှေဆိုင်တစ်ဆိုင်မှာ ဒီကနေ့နေလယ်ပိုင်းက ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင် သေနတ်ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်တဦးဆီကနေ သိရပါတယ်။
 
“ဖြစ်တာက နေ့လယ် ၁ချက်ထိုးလောက်ပဲ၊ လူ၃ယောက် ဆိုင်ကယ်နဲ့ Maskတပ်ပြီးလာတာ၊ ဆိုင်ရှင်ကို သေနတ်နဲ့ပစ်တယ် (၂)ချက်၊ ကောင်တာ မှန်ဘီဒိုကို တူနဲ့ထုပြီးရွှေလက်ကောက်နဲ့ ၊ ရွှေဟန်းချိန်းတွေယူသွားတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။
 
ရွှေဆိုင်ပိုင်ရှင်မှာ နောက်ကျောရှပ်ထိဒဏ်ရာနဲ့ ဆေးရုံမှာကုသနေရပြီး ဓားပြတိုက်သူတွေဟာ ပြန်ထွက်ချိန်မှာ CCTVမော်နီတာကို သေနတ်နဲ့ပစ်သွားသေးတယ်လို့လည်း သိရပါတယ်။
 
​ဓားပြတိုက်တဲ့သူတွေ ယူဆောင်သွားတဲ့ ရွှေပစ္စည်းတွေရဲ့ တန်းဖိုအတိအကျကို VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ပြီးခဲ့တဲ့ လပိုင်းတွေကစပြီး မန္တလေးမြို့ကနေရာ အတော်များများမှာ ဆိုင်ကယ်စီးနေသူကို ဒုတ်နဲ့ရိုက် ဓားနဲ့ခုတ်ကာ ဆိုင်ကယ်နဲ့ ပစ္စည်းတွေကို လုယူသွားတဲ့ဖြစ်စဉ်တွေလည်းဖြစ်ခဲ့သလို အဲ့ဒီဖြစ်စဉ်တွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #မန္တလေး #ရွှေဆိုင်လုယက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW