ပွင့်ဖြူနယ်က ကျောင်းတော်ရာသမိုင်းစေတီ(၈)ဆူ မိုးသက်လေပြင်းဒဏ်ကြောင့် ပျက်စီး

အောက်တိုဘာ ၊ ၁၈ -၂၀၂၁
VOM
 
မကွေးတိုင်း၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ် ၊ ကျောင်းတော်ရာ ကျေးရွာဘက်မှာ မနေ့ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းကစလို့ မိုးသက်လေပြင်း ကျရောက်ခဲ့တဲ့အတွက် ရှေးဟောင်းသမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာက စေတီ (၈)ဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
 
“သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီးရဲ့ ဒုတိယအဆင့်ထီးတော်မှ စိန်ဖူးတော်ငှက်မြတ်နားတော်အထိ ထီးမဏ္ဍိုင် မြောက်ဘက်ကို ကွေးညွတ်သွားတယ် ၊ အရံစေတီ(၁၀၈)ဆူအနက်မှ ရာဟုထောင့်အရံစေတီ(၂)ဆူ ၊ စနေထောင့် အရံစေတီ (၂)ဆူ ၊ အင်္ဂါထောင့်အရံစေတီ(၄)ဆူက မြောက်ဘက်သို့ ယိမ်းယိုင်သွားခဲ့တယ် ၊ ဒိအပြင် အရှေ့ဘက်ရှိ နတ်လမ်း ပြဿဒ်ထီးတော်ပြုတ်ကျခဲ့ပြီး မာမကာတန်ဆောင်းပန်းဆွဲများလည်း ပြုတ်ကျပျက်စီးသွားတာ “လို့ မကွေးတိုင်း မီးသတ်ဦးစီးဌာန ၊ ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ မိုးသက်လေပြင်းဒဏ်ကြောင့် ကျောင်းတော်ရာ – လယ်ကိုင်းသွား ကားလမ်းဘေး(ဝဲ ၊ ယာ)က သစ်ပင်တွေပြိုလဲပြီး လမ်းပိတ်ဆို့တာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
 
အဲ့ဒီလိုသွားလာရေး အခက်အခဲမဖြစ်ဖို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနကတာဝန်ခံနဲ့ အဖွဲ့က မနေ့က တနေကုန် ရှင်းလင်းဖယ်ရှားခဲ့ရတယ်လို့လည်း သိရပါတယ်။
 
ပုံစာ -ကျောင်းတော်ရာစေတီ
Photo-ပွင့်ဖြူ မီးသတ်
#voiceofmyanmar #VOM #ပွင့်ဖြူ #ကျောင်းတော်ရာစေတီ

Related posts

Leave a Comment

VOM News

FREE
VIEW