ကျိုက်ထီးရိုးဘုရားလာဖူးသူတွေ မှတ်ပုံတင်ယူလာရမှာလို့ သိရပြီး ရဲ ၊ တပ် အင်အားပိုတိုးချထား

အောက်တိုဘာ ၁၉-၂၀၂၁
GH ( VOM )
 
ကျိုက်ထီးရိုးဘုရားဖူးလာသူတွေအနေနဲ့ မှတ်ပုံတင်ယူဆောင်လာရမှယဖြစ်ပြီး ဂေါပကလုံခြုံရေးအဖွဲ့အပါအဝင် ရဲနဲ့ တပ်အင်အားကို အရင်နှစ်ကထက် ပိုတိုးမြှင့်ချထားတယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ကသိရပါတယ်။
 
ကျိုက်ထီးရိုးဘုရားရင်ပြင်တော်အပါအဝင် ၊ ကင်မွန်းစခန်းနဲ့ တခြားလုံခြုံရေးချထားဖို့ လိုအပ်တဲ့နေရာတွေမှာပါ လုံခြုံရေးချထားတယ်လို့ သိရပါတယ်။
 
” နဂိုနိုင်ငံရေးအခြေအနေမဖြစ်ခင်ထဲ အရင်ထဲက တပ် နဲ့ ရဲအင်အားကရှိတယ်။ အခုကတော့ အဲ့ဒါထက်နည်းနည်းပိုတယ်။အရင်ထဲက တပ်ရင်း ၂၂ ကတောင်ပေါ်မှာရှိတယ်။နိုင်ငံရေးလှုပ်တဲ့အချိန် တောင်ပေါ်ကနေ ခဏဆင်းသွားပြီး အခုလုံခြုံရေးပြန်တက်ယူတယ်။အခုပြန်ရောက်လာတာပေါ့။ လုံခြုံရေးအင်အားက ဘယ်နှစ်ယောက်ရှိပါတယ် ဘယ်လောက်ရှိပါတယ်ဆိုတာတော့ လုံခြုံရေးအရ ပြောပိုင်ခွင့်မရှိပါဘူး။အရင်ချထားတဲ့အင်အားထက်တော့ နည်းနည်းပိုချထားတယ်။ ဥပမာ အရင်က ၁၀ ယောက်ဆို ခု ၂၀ လောက်ပေါ့။ ” လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။
နောက်ပြီး ကျိုက်ထီးရိုးဘုရားလာရောက်ဖူးမျှော်သူတွေအနေနဲ့ မှတ်ပုံတင်ယူဆောင်လာဖို့လိုအပ်ကြောင်း၊ ဘုရားမုဒ်ဦးအဝင်ဝမှာ မှတ်ပုံတင်၊နေရပ်လိပ်စာ နဲ့ ဖုန်းနံပါတ်တွေကို မုဒ်ဦးအဝင်ရှိ စစ်ဆေးနေတဲ့လုံခြုံရေးအဖွဲ့ကို ပေးရတယ်လို့လည်း သိရပါတယ်။
 
“ခြင်္သေနှစ်ကောင် ဘုရားမုဒ်ဝင်ပေါက်မှာ စစ်တာပါ။ ဂေါပကအဖွဲ့လုံခြုံရေးအဖွဲ့၊တပ်ရင်း ၂၂ ကလုံခြုံရေးအဖွဲ့၊ ရင်ပြင်တော်လုံခြုံရေးရဲတပ်ဖွဲ့ သူတို့ကစစ်တာပါ။ မှတ်ပုံတင်စစ်တယ် ။ နေရပ်လိပ်စာမေးတယ်။တဖွဲ့လုံးမှာ တယောက်ပဲယူတာပါ။ဆယ်ယောက်ဆိုရင် ဘယ်သူခေါင်းဆောင်လဲမေးပြီး ဖုန်းနံပါတ် ယူတယ်၊မှတ်ပုံတင်နံပါတ်ယူတယ်၊နေရပ်လိပ်စာယူတယ်။အယောက်စေ့ယူတာမဟုတ်ပါဘူး။” လို့ သတင်းပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ဆက်ပြောပါတယ်။
 
ဒီကနေ့ သီတင်းကျွတ် ရုံးပိတ်ရက်ပထမနေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ ၂ နာရီဝန်းကျင်အထိ ကျိုက်ထီးရိုဘုရားကိုလာရောက်တဲ့ ခရီးသွားဧည့်သည် ၂၀၀၀ နီးပါးအထိရှိနေတယ်လို့ သိရပါတယ်။
 
မနက်ဖန်သီတင်းကျွတ်လပြည့်နေမှာတော့ ကျိုက်ထီးဘုရားတောင်တော်ဖွင့်ပွဲကို ကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #ကျိုက်ထီးရိုးဘုရား

Related posts

Leave a Comment

VOM News

FREE
VIEW