စစ်ကိုင်းတိုင်း ၁ တိုင်းလုံးမှာ လွတ်ငြိမ်းနဲ့ ၄၄၆ ယောက် လွတ်မြောက်

အောက်တိုဘာ ၊ ၁၉ ၊ ၂၀၂၁ VOM   စစ်ကိုင်းတိုင်း တတိုင်းလုံးမှာ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့သူ ၄၄၆ ယောက်ရှိတယ်လို့ သိရပါတယ်။   အခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှာ နိုင်ငံတော် အရေးပေါ်ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူတွေထဲက သီတင်းကျွတ် လွတ်ငြိမ်းအဖြစ် အမှုရုတ်သိမ်းပြီး ပြန်လွတ်ပေးလိုက်တာ ဖြစ်တယ်လို့ နစက ရဲ့ သတင်းထုတ်ပြန်ချက်တွေက ဖော်ပြထားပါတယ်။   ” စစ်ကိုင်းတိုင်း ၁ တိုင်းလုံးအနေနဲ့ ပြန်လည်လွတ်မြောက်လာတဲ့သူ ၄၄၆ ယောက်ရှိပြီး အဲ့ဒီအထဲက မုံရွာခရိုင် ၄ မြို့နယ်က ၂၇ ယောက် ပါတယ် ” လို့ မုံရွာ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။   မနေ့ အောက်တိုဘာ ၁၈ ရက်က ပြန်လွှတ်ပေး​ပေမယ့် အချုပ်တရားခံ စာရင်းဇယားတွေ ပြုစုချိန်…

Read More

အသံထက်မြန်တဲ့ဒုံးပျံ တရုတ်နိုင်ငံ စမ်းသပ်ခဲ့တယ်လို့ သတင်းထွက်ပေါ်

ပေကျင်း၊ အောက်တိုဘာ-၁၉ မျိုးဆက်(VOM)   တရုတ်နိုင်ငံဟာ နျူကလီးယားလက်နက်တပ်ဆင်နိုင်တဲ့ အသံထက်မြန်တဲ့ဒုံးပျံကို ယခုနှစ်အစောပိုင်းမှာ စမ်းသပ်ခဲ့တယ်လို့ ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။   ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနက ကနဦးဖော်ပြခဲ့တဲ့ အဲဒီသတင်းကြောင့် အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုများမြင့်တက်ခဲ့ပြီး အမေရိကန်ထောက်လှမ်းရေးတွေကို အံ့အားသင့်စေခဲ့ပါတယ်။   အသံထက်မြန်တဲ့ ဒုံးပျံတွေဟာ ပုံမှန်ဒုံးပျံတွေထက် ပိုမိုမြန်ဆန် တိကျစွာပစ်ခတ်နိုင်ပြီး ကြားဖြတ်ဖျက်စီးနိုငဖို့လည်း ပိုမိုခက်ခဲပါတယ်။   တရုတ်နိုင်ငံရဲ့ နျူကလီးယားစွမ်းရည်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေမြင့်တက်နေချိန်မှာ ဒုံးပျံစမ်းသပ်တဲ့ သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။   ဒါပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေကို တရုတ်နိုင်ငံက ငြင်းဆိုလိုက်ပြီး ဒါဟာ် ပုံမှန်အတိုင်း အာကာသယာဉ်စမ်းသပ်တာသာဖြစ်တယ်လို့ ဆိုပါတယ်။   ဒါဟာ ပြန်လည်အသုံးပြုနိုင်တဲ့ အာကာသယာဉ်နဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့နည်းပညာ အမျိုးအစားတွေကို အတည်ပြုဖို့အတွက် ဇူလိုင်လမှာ ပုံမှန်စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။…

Read More

ကျိုက်ထီးရိုးဘုရားလာဖူးသူတွေ မှတ်ပုံတင်ယူလာရမှာလို့ သိရပြီး ရဲ ၊ တပ် အင်အားပိုတိုးချထား

အောက်တိုဘာ ၁၉-၂၀၂၁ GH ( VOM )   ကျိုက်ထီးရိုးဘုရားဖူးလာသူတွေအနေနဲ့ မှတ်ပုံတင်ယူဆောင်လာရမှယဖြစ်ပြီး ဂေါပကလုံခြုံရေးအဖွဲ့အပါအဝင် ရဲနဲ့ တပ်အင်အားကို အရင်နှစ်ကထက် ပိုတိုးမြှင့်ချထားတယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ကသိရပါတယ်။   ကျိုက်ထီးရိုးဘုရားရင်ပြင်တော်အပါအဝင် ၊ ကင်မွန်းစခန်းနဲ့ တခြားလုံခြုံရေးချထားဖို့ လိုအပ်တဲ့နေရာတွေမှာပါ လုံခြုံရေးချထားတယ်လို့ သိရပါတယ်။   ” နဂိုနိုင်ငံရေးအခြေအနေမဖြစ်ခင်ထဲ အရင်ထဲက တပ် နဲ့ ရဲအင်အားကရှိတယ်။ အခုကတော့ အဲ့ဒါထက်နည်းနည်းပိုတယ်။အရင်ထဲက တပ်ရင်း ၂၂ ကတောင်ပေါ်မှာရှိတယ်။နိုင်ငံရေးလှုပ်တဲ့အချိန် တောင်ပေါ်ကနေ ခဏဆင်းသွားပြီး အခုလုံခြုံရေးပြန်တက်ယူတယ်။အခုပြန်ရောက်လာတာပေါ့။ လုံခြုံရေးအင်အားက ဘယ်နှစ်ယောက်ရှိပါတယ် ဘယ်လောက်ရှိပါတယ်ဆိုတာတော့ လုံခြုံရေးအရ ပြောပိုင်ခွင့်မရှိပါဘူး။အရင်ချထားတဲ့အင်အားထက်တော့ နည်းနည်းပိုချထားတယ်။ ဥပမာ အရင်က ၁၀ ယောက်ဆို ခု ၂၀ လောက်ပေါ့။ ” လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။ နောက်ပြီး ကျိုက်ထီးရိုးဘုရားလာရောက်ဖူးမျှော်သူတွေအနေနဲ့ မှတ်ပုံတင်ယူဆောင်လာဖို့လိုအပ်ကြောင်း၊ ဘုရားမုဒ်ဦးအဝင်ဝမှာ…

Read More

လွန်ခဲ့တဲ့နှစ် ၉၀၀ က ခရူးဆိတ်သူရဲကောင်းတဦးရဲ့ဓါး အစ္စရေးကမ်းလွန်မှာ တွေ့ရှိ

ဂျေရုဆလင်၊ အောက်တိုဘာ-၁၉-၂၀၂၁ မျိုးဆက် (VOM)   လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ ခန့်က ခရူးဆိတ်သူရဲကောင်းတစ်ဦးပိုင်ဆိုင်ခဲ့တယ်လို့ ယူဆရတဲ့ ဓါးတစ်ချောင်းကို အစ္စရေးမြောက်ပိုင်းကမ်းရိုးတန်းမှာ အပျှော်တမ်းရေးငုပ်သမားတစ်ဦးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။   အရှည် ၃ ဒသမ ၃ ပေရှိတဲ့ အဲဒီဓါးကို Shlomi Katzin ဆိုသူက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။   အဲဒီဓါးကို သန့်ရှင်းမှုတွေလုပ်ပြီး ခွဲခြမ်းစိတ်ဖြာပြီးသွားရင်တော့ အများပြည်သူကြည့်ရှုနိုင်အောင် ပြသသွားမယ်လို့ အစ္စရေးရှေးဟောင်းပစ္စည်း အာဏာပိုင်အဖွဲ့ကပြောပါတယ်။   မူလပုံစံမပျက်စီးသေးတဲ့ အဲဒီဓါးဟာ လှပပြီး ရှားပါးတဲ့ ရှာဖွေတွေ့ရှိမှုဖြစ်ပြီး ခရူးဆိတ်သူရဲကောင်းတစ်ဦး ပိုင်ဆိုင်ခဲ့တဲ့ဓါးဆိုတာ သိသာထင်ရှားတယ်လို့ အစ္စရေးအာဏာပိုင်တွေကဆိုပါတယ်။   ဒီလိုပစ္စည်းကိုရှာဖွေတွေ့ရှိမှုဟာ စိတ်လှုပ်ရှားစရာဖြစ်ပြီး မြင်ရသူကို သူရဲကောင်းတွေ၊ ချပ်၀တ်တန်ဆာတွေ ဓါးတွေအသုံးပြုကြတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ က မတူကွဲပြားတဲ့ခေတ်တစ်ခေတ်ကို ခေါ်ဆောင်သွားနိုင်တယ်လို့ ရေးဟောင်းပစ္စည်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။  …

Read More

ချင်းပြည်နယ်တောင်ပိုင်းလမ်း ဂုန်ဘိုတံတား ရေတိုက်စားလို့ သွားလာရေးယာယီပြတ်တောက်နေ

အောက်တိုဘာ ၊ ၁၉- ၂၀၂၁ VOM   မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ၊ ကျောက်ထုမြို့နယ်ခွဲမှာရှိတဲ့ ဂုန်ဘိုတံတားဟာ ဒီကနေ့မနက်ပိုင်းက တောင်ကျရေတွေတိုက်စားသွားတာကြောင့် ချင်းပြည်နယ် တောင်ပိုင်းလမ်းဖြစ်တဲ့ မင်းတပ် ၊ မတူပီ ၊ ကန်ပလက်လမ်းကြောင်းဟာ ယာယီ ပြတ်တာက်သွားတယ်လို့ ကျောက်ထုဒေသခံတွေက ပြောပါတယ်။   ” ကျောက်ထုမြောက်ဘက် ဂုန်ဘိုချာင်း တဖက်ကမ်းမှာရှိတဲ့ ပန်းဆန်ရွာနဲ့ ကျောက်ထုမြို့ပေါ်ဆက်သွယ်ထားတဲ့ တံတားချည်းကပ်လမ်း ဒီမနက် ရေမျှော သွားတာပါ ၊ ဆက်သွယ်ရေး ပြတ်တောက်သွားပြီ ” လို့ ကျာက်ထုမြို့ခံတယောက်က ပြောပါတယ်။   ဒီမနက်ကစပြီး ဂုန်ဘိုချာင်းတံတား ချည်းကပ်လမ်း ရေတိုက်စားမျှောပါသွားတဲ့အတွက် ပန်းဆန်-ကျောက်ထု ယာဥ်အသွားအလာတွေ ယာယီပြတ်တောက်ပြီး ပန်းဆန်-ကျောက်ထုသွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားတိုင်ပါ ရေမျှော ထိခိုက်ပျက်စီးတာကြောင့် အခုနေ့ခင်းပိုင်းကစလို့ ကျောက်ထုတဖက်ကမ်း ပန်းဆန်ရွာတွေဘက်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်ဘို့လည်း…

Read More

ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံ မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

ဆိုးလ်၊ အောက်တိုဘာ-၁၉-၂၀၂၁ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ပြင်အတွင်းသို့ ပဲ့ထိန်းဒုံးပျံတစ်စင်းကို အောက်တိုဘာ ၁၉ ရက်မှာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်စစ်ဘက်တို့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး တောင်ကိုရီးယား ၊ ဂျပန်နဲ့ အမေရိကန်ထောက်လှမ်းရေး အကြီးအကဲတွေဟာ ဆိုးလ်မှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ မြောက်ကိုရီးယားက အခုလို ဒုံးပျံစမ်းသပ်မှု လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။   အဲဒီဒုံးပျံကို မြောက်ကိုရီးယားအရှေ့ပိုင်း ဆင်ပိုဆိပ်ကမ်းမှ ဂျပန်ပင်လယ်ပြင်အတွင်းသို့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦစီးချုပ်များအဖွဲ့က အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။   မြောက်ကိုရီးယားဟာ မကြာသေးမီသီတင်းပတ်တွေအတွင်းကလည်း အသံထက်မြန်တဲ့ ဒုံးပျံ၊ တာဝေးပစ်ခရုဇ်ဒုံးပျံနဲ့ လေယာဉ်ပစ်ဒုံးပျံတွေကို ပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။   အချို့သောစမ်းသပ်မှုတွေဟာ နိုင်ငံတကာက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်နေပါတယ်။   နျူကလီးယားလက်နက်တွေအပါအ၀င် ပဲ့ထိန်းဒုံးပျံတွေစမ်းသပ်ခြင်းကို ကုသလမဂ္ဂကလည်း အထူးတားမြစ်ထားပါတယ်။…

Read More

နေတိုးအဖွဲ့နဲ့ သံတမန်ဆက်ဆံရေးတွေ ရုရှားဖြတ်တောက်လိုက်ပြီ

မော်စကို၊ အောက်တိုဘာ-၁၉-၂၀၂၁ မျိုးဆက် (VOM)   ရုရှားနိုင်ငံဟာ နေတိုးရုံးချုပ်ရှိ ရုရှားကိုယ်စားလှယ်အဖွဲ့ရဲ့ လုပ်ငန်းတာ၀န်တွေကို ရပ်ဆိုင်းလိုက်ကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂီလပ်ရော့ဗ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ဒါအပြင် မော်စကိုမှာရှိတဲ့ နေတိုးရုံးရှိ၀န်ထမ်းတွေအပေါ် အသိအမှတ်ပြုမှုကိုလည်း နို၀င်ဘာလမှာ ရပ်ဆိုင်းသွားမယ်ဖြစ်တယ်လို့ ဆိုပါတယ်။   ထောက်လှမ်းရေးအဖြစ် လုပ်ကိုင်ဆောင်ရွက်နေတယ်ဆိုပြီး နေတိုးရုံးချုပ်ရှိ ရုရှားကိုယ်စားလှယ်အဖွဲ့မှ သံတမန်ရှစ်ဦးကို ယခုလအစောပိုင်းမှာ နှင်ထုတ်ခံရပြီးနောက် ယခုကဲ့သို့ ရုရှားနိုင်ငံက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။   ၂၀၁၄ ခုနှစ်မှာ ယူကရိန်းရဲ့ ကရိုင်းမီးယားဒေသကို ရုရှားက ကျူးကျော်သိမ်းပိုက်ပြီးနောက် ရုရှားနဲ့ နေတိုးအဖွဲ့တို့အကြား ဆက်ဆံရေးတင်းမာနေခဲ့ပါတယ်။   နေတိုးအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဒီလိုလုပ်ဆောင်ခြင်းဖြစ်ပြီး နေတိုးဟာ မျှတတဲ့ တွေ့ဆုံဆွေးနွေးရေးကိုစိတ်မ၀င်စားဘူးလို့ ရုရှားနိုင်ငံခြားရေး၀န်ကြီးက သတင်းထောက်တွေကိုပြောပါတယ်။   နေတိုးအဖွဲ့အနေနဲ့ အရေးတကြီးကိစ္စရပ်တွေရှိလာရင်တော့ ဘယ်လ်ဂျီယံရှိ မိမိတို့သံအမတ်ကို ဆက်သွယ်နိုင်ကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီးကဆိုပါတယ်။  …

Read More

ဝန်ထမ်းချေးငွေပြန်ဆပ်ရမယ့် ကာလတိုးမြင့်မှု CDM တွေမပါဘူးလို့ သိရ

အောက်တိုဘာ ၁၉-၂၀၂၁ KT+ GH (VOM)   CDM ပြုလုပ်လို့ ရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ဝန်ထမ်းတွေကတော့ ဝန်ထမ်းချေးငွေပြန်ဆပ်ဖို့ အချိန်တိုးမြှင့်ပေးတဲ့အထဲမှာမပါကြောင်း၊ ဒီလ အောက်တိုဘာလကုန်နောက်ဆုံးထားပြီး ချေးငွေအားလုံးကိုပြန်ဆပ်ရမှာဖြစ်တယ်လို့သိရပါတယ်။   တကယ်လို့ လကုန်မှာ ချေးငွေကို အကျေပြန်လည်ပေးဆပ်ခြင်းမရှိခဲ့ရင် CDM ပြုလုပ်သူတွေစာရင်းကို ပြည်ထဲဝန်ကြီးဌာနဆီ ပေးအပ်ဖို့ ပညာရေးဝန်ကြီးဌာန အောက်က တက္ကသိုလ်တချိူ့က စီစဉ်နေတယ်လို့ သ်ိရပါတယ်။   ” အခု ရုံးတက်အလုပ်လုပ်နေတဲ့သူတွေက ချေးငွေပြန်မဆပ်ရသေးဘူး။ CDM တွေကိုပဲ ပြန်ဆပ်ဖို့ပြောတာ။ဒီလကုန်ထိပဲစောင့်မယ်လို့ ပြောနေတယ်။ ဒီလကုန်လာဆပ်ရင် ရုံးမှာပဲ ငွေစာရင်းဆီလာဆပ်ပေါ့။လကုန်မှမဆပ်ရင်တော့ ပြည်ထဲရေးကို အကုန်အပ်လိုက်တော့မယ်လို့ကြားတယ်။ပြည်ထဲရေးက ဆက်ပြီးကိုင်တွယ်မယ့်သဘောပေါ့ ” လို့ ပညာရေးဝန်ကြီးဌာနအောက်က အမည်မဖော်လိုသူ Non CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။   နိူင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို လစာ (၂)လစာ ကြိုတင်ထုတ်ပေးခဲ့တဲ့ အတိုးမဲ့ချေးငွေတွေပြန်လည်ကောက်ခံရာမှာ နိူင်ငံ့ဝန်ထမ်းတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်အတွက်…

Read More

ရဲစခန်းမီးလောင်တာကို စစ်ဆေးပြီး ပြန်လာတဲ့ မြို့နယ်ရဲမှူးကား မိုင်းပေါက်ကွဲ ရဲ ၂ ယောက် ဒဏ်ရာရ

အောက်တိုဘာ ၊ ၁၉ -၂၀၂၁ VOM   စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်၊ နဘက်ကြီးကျေးရွာရဲ့တောင်ဘက် နဘက်ကြီး-တန့်ဆည်ကားလမ်းမှာ မနေ့ အောက်တိုဘာ ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင်က ကားလမ်းဘေးမှာ မိုင်းပေါက်ကွဲခဲ့တဲ့အတွက် တန့်ဆည်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲ့ကား မိုင်းစထိမှန် ပျက်စီးခဲ့ပြီး ကားပေါ်ပါ ရဲ ၂ ယောက် မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်နယ်ခံတွေက ပြောပါတယ်။   အဲ့ဒီ မြို့နယ်ရဲမှူးကား မိုင်းထိမှန်တာနဲ့ ပတ်သက်လို့ တန့်ဆည်မြို့နယ်ကောင်စီရုံးနဲ့ နီးစပ်သူ တယောက်က ” နဘက်ကြီးရဲစခန်း မီးလောင်တဲ့ကိစ္စနဲ့ သွားစစ်ဆေးပြီး တန့်ဆည်ကို ပြန်အလာ နဘက်ကြီးရွာရဲ့ တောင်ဘက်မှာ လမ်းဘေးမိုင်း ၃ လုံးပေါက်ကွဲတာပါ ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် မိုင်းထိမှန်ပြီး ကားနောက်ခန်းမှာ လိုက်လာတဲ့ တန့်ဆည်မြို့နယ်ရဲမှူးရုံးက…

Read More

ရန်ကုန်မြစ်ထဲက လှေသမ္ဗန်လှော်ခတ်သူတွေ

အေးချမ်းသူ(VOM)   တဖွဲဖွဲကျနေတဲ့ မိုးစက်တွေနဲ့အတူ ရန်ကုန်မြို့ပန်းဆိုးတန်းဆိပ်ကမ်းမှာ သမ္ဗန်စီးဖို့စောင့်နေတဲ့သူတွေ သမ္ဗန်ပေါ်ကဆင်းလာတဲ့ခရီးသည်တွေ ဆိပ်ကမ်းရဲ့လမ်းဘေးဝဲယာမှာ အော်ဟစ်ရောင်းချနေတဲ့ စျေးသည်တွေရဲ့အသံနဲ့အတူ ဆူညံနေပါတယ်။   ကမ်းနားတဝိုက်မှာလည်း ဒလကနေ ရန်ကုန်ကိုလာပြီး အလုပ်လာလုပ်သူတွေ ရန်ကုန်ကနေ ဒလကို လူနဲ့ကုန်ပစွည်း အပြန်အလှန်ပို့ပေးတဲ့ သမ္ဗန်တွေနဲ့ ရှုပ်ထွေးလို့နေပါတယ်။   လှိုင်မြစ်ထဲက လှေကြီးလှေငယ်တွေကြားမှာ တိုးဝေ့လို့ သွားလာလှုပ်ရှားနေရတဲ့ သမ္ဗန်မောင်းသူတွေကလည်း မိသားစုစားဝတ်နေရေးအတွက် မလုံ့တလုံမိုးကာစလေးတွေကို ပတ်ကာ သမ္ဗန်တွေကိုလှော်ခတ်နေကြပါတယ်။   ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ထဲမှာပါဝင်တဲ့ ဒလမြို့နယ်ဟာ ရန်ကုန်မြစ်နဲ့အနီးကပ်ဆုံးမြို့နယ်လည်း ဖြစ်ပါတယ်။   ဒလမြို့နယ်ဟာ ယခင်က ကျေးရွာတခုဖြစ်ပြီး ၁၉၇၄ ခုနှစ်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ထဲကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။   ဒလမြို့နယ်ဟာ ဧရိယာစတုရန်းမိုင် ၁၀.၉၃ ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း (၂၃)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၂၃)အုပ်စု၊ ရွာပေါင်း (၄၅)ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဒေသဆိုင်ရာအချက်အလက်တွေအရ သိရပါတယ်။…

Read More
VOM News

FREE
VIEW