နေတိုးအဖွဲ့နဲ့ သံတမန်ဆက်ဆံရေးတွေ ရုရှားဖြတ်တောက်လိုက်ပြီ

မော်စကို၊ အောက်တိုဘာ-၁၉-၂၀၂၁
မျိုးဆက် (VOM)
 
ရုရှားနိုင်ငံဟာ နေတိုးရုံးချုပ်ရှိ ရုရှားကိုယ်စားလှယ်အဖွဲ့ရဲ့ လုပ်ငန်းတာ၀န်တွေကို ရပ်ဆိုင်းလိုက်ကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂီလပ်ရော့ဗ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ဒါအပြင် မော်စကိုမှာရှိတဲ့ နေတိုးရုံးရှိ၀န်ထမ်းတွေအပေါ် အသိအမှတ်ပြုမှုကိုလည်း နို၀င်ဘာလမှာ ရပ်ဆိုင်းသွားမယ်ဖြစ်တယ်လို့ ဆိုပါတယ်။
 
ထောက်လှမ်းရေးအဖြစ် လုပ်ကိုင်ဆောင်ရွက်နေတယ်ဆိုပြီး နေတိုးရုံးချုပ်ရှိ ရုရှားကိုယ်စားလှယ်အဖွဲ့မှ သံတမန်ရှစ်ဦးကို ယခုလအစောပိုင်းမှာ နှင်ထုတ်ခံရပြီးနောက် ယခုကဲ့သို့ ရုရှားနိုင်ငံက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
 
၂၀၁၄ ခုနှစ်မှာ ယူကရိန်းရဲ့ ကရိုင်းမီးယားဒေသကို ရုရှားက ကျူးကျော်သိမ်းပိုက်ပြီးနောက် ရုရှားနဲ့ နေတိုးအဖွဲ့တို့အကြား ဆက်ဆံရေးတင်းမာနေခဲ့ပါတယ်။
 
နေတိုးအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဒီလိုလုပ်ဆောင်ခြင်းဖြစ်ပြီး နေတိုးဟာ မျှတတဲ့ တွေ့ဆုံဆွေးနွေးရေးကိုစိတ်မ၀င်စားဘူးလို့ ရုရှားနိုင်ငံခြားရေး၀န်ကြီးက သတင်းထောက်တွေကိုပြောပါတယ်။
 
နေတိုးအဖွဲ့အနေနဲ့ အရေးတကြီးကိစ္စရပ်တွေရှိလာရင်တော့ ဘယ်လ်ဂျီယံရှိ မိမိတို့သံအမတ်ကို ဆက်သွယ်နိုင်ကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီးကဆိုပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW