အသံထက်မြန်တဲ့ဒုံးပျံ တရုတ်နိုင်ငံ စမ်းသပ်ခဲ့တယ်လို့ သတင်းထွက်ပေါ်

ပေကျင်း၊ အောက်တိုဘာ-၁၉
မျိုးဆက်(VOM)
 
တရုတ်နိုင်ငံဟာ နျူကလီးယားလက်နက်တပ်ဆင်နိုင်တဲ့ အသံထက်မြန်တဲ့ဒုံးပျံကို ယခုနှစ်အစောပိုင်းမှာ စမ်းသပ်ခဲ့တယ်လို့ ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။
 
ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနက ကနဦးဖော်ပြခဲ့တဲ့ အဲဒီသတင်းကြောင့် အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုများမြင့်တက်ခဲ့ပြီး အမေရိကန်ထောက်လှမ်းရေးတွေကို အံ့အားသင့်စေခဲ့ပါတယ်။
 
အသံထက်မြန်တဲ့ ဒုံးပျံတွေဟာ ပုံမှန်ဒုံးပျံတွေထက် ပိုမိုမြန်ဆန် တိကျစွာပစ်ခတ်နိုင်ပြီး ကြားဖြတ်ဖျက်စီးနိုငဖို့လည်း ပိုမိုခက်ခဲပါတယ်။
 
တရုတ်နိုင်ငံရဲ့ နျူကလီးယားစွမ်းရည်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေမြင့်တက်နေချိန်မှာ ဒုံးပျံစမ်းသပ်တဲ့ သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။
 
ဒါပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေကို တရုတ်နိုင်ငံက ငြင်းဆိုလိုက်ပြီး ဒါဟာ် ပုံမှန်အတိုင်း အာကာသယာဉ်စမ်းသပ်တာသာဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါဟာ ပြန်လည်အသုံးပြုနိုင်တဲ့ အာကာသယာဉ်နဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့နည်းပညာ အမျိုးအစားတွေကို အတည်ပြုဖို့အတွက် ဇူလိုင်လမှာ ပုံမှန်စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
 
ဒီစမ်းသပ်မှုဟာ ဒုံးပျံမဟုတ်ဘဲ အာကာယာယာဉ်သာဖြစ်ကြောင်း၊ အာကာသယာဉ်အသုံးပြုမှု ကုန်ကျစရိတ်တွေကို လျှော့ချရာမှာ အလွန်အရေးပါတဲ့ စမ်းသပ်မှုသာဖြစ်တယ်လို့ သူကဆိုပါတယ်။
 
Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW