ချင်းပြည်နယ်တောင်ပိုင်းလမ်း ဂုန်ဘိုတံတား ရေတိုက်စားလို့ သွားလာရေးယာယီပြတ်တောက်နေ

အောက်တိုဘာ ၊ ၁၉- ၂၀၂၁
VOM
 
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ၊ ကျောက်ထုမြို့နယ်ခွဲမှာရှိတဲ့ ဂုန်ဘိုတံတားဟာ ဒီကနေ့မနက်ပိုင်းက တောင်ကျရေတွေတိုက်စားသွားတာကြောင့် ချင်းပြည်နယ် တောင်ပိုင်းလမ်းဖြစ်တဲ့ မင်းတပ် ၊ မတူပီ ၊ ကန်ပလက်လမ်းကြောင်းဟာ ယာယီ ပြတ်တာက်သွားတယ်လို့ ကျောက်ထုဒေသခံတွေက ပြောပါတယ်။
 
” ကျောက်ထုမြောက်ဘက် ဂုန်ဘိုချာင်း တဖက်ကမ်းမှာရှိတဲ့ ပန်းဆန်ရွာနဲ့ ကျောက်ထုမြို့ပေါ်ဆက်သွယ်ထားတဲ့ တံတားချည်းကပ်လမ်း ဒီမနက် ရေမျှော သွားတာပါ ၊ ဆက်သွယ်ရေး ပြတ်တောက်သွားပြီ ” လို့ ကျာက်ထုမြို့ခံတယောက်က ပြောပါတယ်။
 
ဒီမနက်ကစပြီး ဂုန်ဘိုချာင်းတံတား ချည်းကပ်လမ်း ရေတိုက်စားမျှောပါသွားတဲ့အတွက် ပန်းဆန်-ကျောက်ထု ယာဥ်အသွားအလာတွေ ယာယီပြတ်တောက်ပြီး ပန်းဆန်-ကျောက်ထုသွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားတိုင်ပါ ရေမျှော ထိခိုက်ပျက်စီးတာကြောင့် အခုနေ့ခင်းပိုင်းကစလို့ ကျောက်ထုတဖက်ကမ်း ပန်းဆန်ရွာတွေဘက်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်ဘို့လည်း သိရပါတယ်။
 
ဒါ့အပြင် ချင်းပြည်နယ်တောင်းပိုင်းကို သွားလာနေတဲ့ အရပ်ဘက်ကားတွေအပြင် ဌာနဆိုင်ရာ ကားတွေပါ ပန်းဆန်ရွာဘက်ကမ်းမှာ ပိတ်မိနေတာလို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မကွေး

Related posts

Leave a Comment

VOM News

FREE
VIEW