ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံ မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

ဆိုးလ်၊ အောက်တိုဘာ-၁၉-၂၀၂၁
မျိုးဆက် (VOM)
 
မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ပြင်အတွင်းသို့ ပဲ့ထိန်းဒုံးပျံတစ်စင်းကို အောက်တိုဘာ ၁၉ ရက်မှာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်စစ်ဘက်တို့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး တောင်ကိုရီးယား ၊ ဂျပန်နဲ့ အမေရိကန်ထောက်လှမ်းရေး အကြီးအကဲတွေဟာ ဆိုးလ်မှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ မြောက်ကိုရီးယားက အခုလို ဒုံးပျံစမ်းသပ်မှု လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
 
အဲဒီဒုံးပျံကို မြောက်ကိုရီးယားအရှေ့ပိုင်း ဆင်ပိုဆိပ်ကမ်းမှ ဂျပန်ပင်လယ်ပြင်အတွင်းသို့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦစီးချုပ်များအဖွဲ့က အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။
 
မြောက်ကိုရီးယားဟာ မကြာသေးမီသီတင်းပတ်တွေအတွင်းကလည်း အသံထက်မြန်တဲ့ ဒုံးပျံ၊ တာဝေးပစ်ခရုဇ်ဒုံးပျံနဲ့ လေယာဉ်ပစ်ဒုံးပျံတွေကို ပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။
 
အချို့သောစမ်းသပ်မှုတွေဟာ နိုင်ငံတကာက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်နေပါတယ်။
 
နျူကလီးယားလက်နက်တွေအပါအ၀င် ပဲ့ထိန်းဒုံးပျံတွေစမ်းသပ်ခြင်းကို ကုသလမဂ္ဂကလည်း အထူးတားမြစ်ထားပါတယ်။
 
Ref : BBC
Photo:KCNA
#voiceofmyanmar #VOM #ဆိုးလ

Related posts

Leave a Comment

VOM News

FREE
VIEW