ဂျေရုဆလင်၊ အောက်တိုဘာ-၁၉-၂၀၂၁ မျိုးဆက် (VOM) လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ ခန့်က ခရူးဆိတ်သူရဲကောင်းတစ်ဦးပိုင်ဆိုင်ခဲ့တယ်လို့ ယူဆရတဲ့ ဓါးတစ်ချောင်းကို အစ္စရေးမြောက်ပိုင်းကမ်းရိုးတန်းမှာ အပျှော်တမ်းရေးငုပ်သမားတစ်ဦးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အရှည် ၃ ဒသမ ၃ ပေရှိတဲ့ အဲဒီဓါးကို Shlomi Katzin ဆိုသူက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အဲဒီဓါးကို သန့်ရှင်းမှုတွေလုပ်ပြီး ခွဲခြမ်းစိတ်ဖြာပြီးသွားရင်တော့ အများပြည်သူကြည့်ရှုနိုင်အောင် ပြသသွားမယ်လို့ အစ္စရေးရှေးဟောင်းပစ္စည်း အာဏာပိုင်အဖွဲ့ကပြောပါတယ်။ မူလပုံစံမပျက်စီးသေးတဲ့ အဲဒီဓါးဟာ လှပပြီး ရှားပါးတဲ့ ရှာဖွေတွေ့ရှိမှုဖြစ်ပြီး ခရူးဆိတ်သူရဲကောင်းတစ်ဦး ပိုင်ဆိုင်ခဲ့တဲ့ဓါးဆိုတာ သိသာထင်ရှားတယ်လို့ အစ္စရေးအာဏာပိုင်တွေကဆိုပါတယ်။ ဒီလိုပစ္စည်းကိုရှာဖွေတွေ့ရှိမှုဟာ စိတ်လှုပ်ရှားစရာဖြစ်ပြီး မြင်ရသူကို သူရဲကောင်းတွေ၊ ချပ်၀တ်တန်ဆာတွေ ဓါးတွေအသုံးပြုကြတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ က မတူကွဲပြားတဲ့ခေတ်တစ်ခေတ်ကို ခေါ်ဆောင်သွားနိုင်တယ်လို့ ရေးဟောင်းပစ္စည်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။ …
Read MoreMonth: October 2021
ချင်းပြည်နယ်တောင်ပိုင်းလမ်း ဂုန်ဘိုတံတား ရေတိုက်စားလို့ သွားလာရေးယာယီပြတ်တောက်နေ
အောက်တိုဘာ ၊ ၁၉- ၂၀၂၁ VOM မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ၊ ကျောက်ထုမြို့နယ်ခွဲမှာရှိတဲ့ ဂုန်ဘိုတံတားဟာ ဒီကနေ့မနက်ပိုင်းက တောင်ကျရေတွေတိုက်စားသွားတာကြောင့် ချင်းပြည်နယ် တောင်ပိုင်းလမ်းဖြစ်တဲ့ မင်းတပ် ၊ မတူပီ ၊ ကန်ပလက်လမ်းကြောင်းဟာ ယာယီ ပြတ်တာက်သွားတယ်လို့ ကျောက်ထုဒေသခံတွေက ပြောပါတယ်။ ” ကျောက်ထုမြောက်ဘက် ဂုန်ဘိုချာင်း တဖက်ကမ်းမှာရှိတဲ့ ပန်းဆန်ရွာနဲ့ ကျောက်ထုမြို့ပေါ်ဆက်သွယ်ထားတဲ့ တံတားချည်းကပ်လမ်း ဒီမနက် ရေမျှော သွားတာပါ ၊ ဆက်သွယ်ရေး ပြတ်တောက်သွားပြီ ” လို့ ကျာက်ထုမြို့ခံတယောက်က ပြောပါတယ်။ ဒီမနက်ကစပြီး ဂုန်ဘိုချာင်းတံတား ချည်းကပ်လမ်း ရေတိုက်စားမျှောပါသွားတဲ့အတွက် ပန်းဆန်-ကျောက်ထု ယာဥ်အသွားအလာတွေ ယာယီပြတ်တောက်ပြီး ပန်းဆန်-ကျောက်ထုသွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားတိုင်ပါ ရေမျှော ထိခိုက်ပျက်စီးတာကြောင့် အခုနေ့ခင်းပိုင်းကစလို့ ကျောက်ထုတဖက်ကမ်း ပန်းဆန်ရွာတွေဘက်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်ဘို့လည်း…
Read Moreရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံ မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်
ဆိုးလ်၊ အောက်တိုဘာ-၁၉-၂၀၂၁ မျိုးဆက် (VOM) မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ပြင်အတွင်းသို့ ပဲ့ထိန်းဒုံးပျံတစ်စင်းကို အောက်တိုဘာ ၁၉ ရက်မှာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်စစ်ဘက်တို့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး တောင်ကိုရီးယား ၊ ဂျပန်နဲ့ အမေရိကန်ထောက်လှမ်းရေး အကြီးအကဲတွေဟာ ဆိုးလ်မှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ မြောက်ကိုရီးယားက အခုလို ဒုံးပျံစမ်းသပ်မှု လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဒုံးပျံကို မြောက်ကိုရီးယားအရှေ့ပိုင်း ဆင်ပိုဆိပ်ကမ်းမှ ဂျပန်ပင်လယ်ပြင်အတွင်းသို့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦစီးချုပ်များအဖွဲ့က အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။ မြောက်ကိုရီးယားဟာ မကြာသေးမီသီတင်းပတ်တွေအတွင်းကလည်း အသံထက်မြန်တဲ့ ဒုံးပျံ၊ တာဝေးပစ်ခရုဇ်ဒုံးပျံနဲ့ လေယာဉ်ပစ်ဒုံးပျံတွေကို ပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။ အချို့သောစမ်းသပ်မှုတွေဟာ နိုင်ငံတကာက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်နေပါတယ်။ နျူကလီးယားလက်နက်တွေအပါအ၀င် ပဲ့ထိန်းဒုံးပျံတွေစမ်းသပ်ခြင်းကို ကုသလမဂ္ဂကလည်း အထူးတားမြစ်ထားပါတယ်။…
Read Moreနေတိုးအဖွဲ့နဲ့ သံတမန်ဆက်ဆံရေးတွေ ရုရှားဖြတ်တောက်လိုက်ပြီ
မော်စကို၊ အောက်တိုဘာ-၁၉-၂၀၂၁ မျိုးဆက် (VOM) ရုရှားနိုင်ငံဟာ နေတိုးရုံးချုပ်ရှိ ရုရှားကိုယ်စားလှယ်အဖွဲ့ရဲ့ လုပ်ငန်းတာ၀န်တွေကို ရပ်ဆိုင်းလိုက်ကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂီလပ်ရော့ဗ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါအပြင် မော်စကိုမှာရှိတဲ့ နေတိုးရုံးရှိ၀န်ထမ်းတွေအပေါ် အသိအမှတ်ပြုမှုကိုလည်း နို၀င်ဘာလမှာ ရပ်ဆိုင်းသွားမယ်ဖြစ်တယ်လို့ ဆိုပါတယ်။ ထောက်လှမ်းရေးအဖြစ် လုပ်ကိုင်ဆောင်ရွက်နေတယ်ဆိုပြီး နေတိုးရုံးချုပ်ရှိ ရုရှားကိုယ်စားလှယ်အဖွဲ့မှ သံတမန်ရှစ်ဦးကို ယခုလအစောပိုင်းမှာ နှင်ထုတ်ခံရပြီးနောက် ယခုကဲ့သို့ ရုရှားနိုင်ငံက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းရဲ့ ကရိုင်းမီးယားဒေသကို ရုရှားက ကျူးကျော်သိမ်းပိုက်ပြီးနောက် ရုရှားနဲ့ နေတိုးအဖွဲ့တို့အကြား ဆက်ဆံရေးတင်းမာနေခဲ့ပါတယ်။ နေတိုးအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဒီလိုလုပ်ဆောင်ခြင်းဖြစ်ပြီး နေတိုးဟာ မျှတတဲ့ တွေ့ဆုံဆွေးနွေးရေးကိုစိတ်မ၀င်စားဘူးလို့ ရုရှားနိုင်ငံခြားရေး၀န်ကြီးက သတင်းထောက်တွေကိုပြောပါတယ်။ နေတိုးအဖွဲ့အနေနဲ့ အရေးတကြီးကိစ္စရပ်တွေရှိလာရင်တော့ ဘယ်လ်ဂျီယံရှိ မိမိတို့သံအမတ်ကို ဆက်သွယ်နိုင်ကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီးကဆိုပါတယ်။ …
Read Moreဝန်ထမ်းချေးငွေပြန်ဆပ်ရမယ့် ကာလတိုးမြင့်မှု CDM တွေမပါဘူးလို့ သိရ
အောက်တိုဘာ ၁၉-၂၀၂၁ KT+ GH (VOM) CDM ပြုလုပ်လို့ ရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ဝန်ထမ်းတွေကတော့ ဝန်ထမ်းချေးငွေပြန်ဆပ်ဖို့ အချိန်တိုးမြှင့်ပေးတဲ့အထဲမှာမပါကြောင်း၊ ဒီလ အောက်တိုဘာလကုန်နောက်ဆုံးထားပြီး ချေးငွေအားလုံးကိုပြန်ဆပ်ရမှာဖြစ်တယ်လို့သိရပါတယ်။ တကယ်လို့ လကုန်မှာ ချေးငွေကို အကျေပြန်လည်ပေးဆပ်ခြင်းမရှိခဲ့ရင် CDM ပြုလုပ်သူတွေစာရင်းကို ပြည်ထဲဝန်ကြီးဌာနဆီ ပေးအပ်ဖို့ ပညာရေးဝန်ကြီးဌာန အောက်က တက္ကသိုလ်တချိူ့က စီစဉ်နေတယ်လို့ သ်ိရပါတယ်။ ” အခု ရုံးတက်အလုပ်လုပ်နေတဲ့သူတွေက ချေးငွေပြန်မဆပ်ရသေးဘူး။ CDM တွေကိုပဲ ပြန်ဆပ်ဖို့ပြောတာ။ဒီလကုန်ထိပဲစောင့်မယ်လို့ ပြောနေတယ်။ ဒီလကုန်လာဆပ်ရင် ရုံးမှာပဲ ငွေစာရင်းဆီလာဆပ်ပေါ့။လကုန်မှမဆပ်ရင်တော့ ပြည်ထဲရေးကို အကုန်အပ်လိုက်တော့မယ်လို့ကြားတယ်။ပြည်ထဲရေးက ဆက်ပြီးကိုင်တွယ်မယ့်သဘောပေါ့ ” လို့ ပညာရေးဝန်ကြီးဌာနအောက်က အမည်မဖော်လိုသူ Non CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။ နိူင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို လစာ (၂)လစာ ကြိုတင်ထုတ်ပေးခဲ့တဲ့ အတိုးမဲ့ချေးငွေတွေပြန်လည်ကောက်ခံရာမှာ နိူင်ငံ့ဝန်ထမ်းတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်အတွက်…
Read Moreရဲစခန်းမီးလောင်တာကို စစ်ဆေးပြီး ပြန်လာတဲ့ မြို့နယ်ရဲမှူးကား မိုင်းပေါက်ကွဲ ရဲ ၂ ယောက် ဒဏ်ရာရ
အောက်တိုဘာ ၊ ၁၉ -၂၀၂၁ VOM စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်၊ နဘက်ကြီးကျေးရွာရဲ့တောင်ဘက် နဘက်ကြီး-တန့်ဆည်ကားလမ်းမှာ မနေ့ အောက်တိုဘာ ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင်က ကားလမ်းဘေးမှာ မိုင်းပေါက်ကွဲခဲ့တဲ့အတွက် တန့်ဆည်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲ့ကား မိုင်းစထိမှန် ပျက်စီးခဲ့ပြီး ကားပေါ်ပါ ရဲ ၂ ယောက် မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်နယ်ခံတွေက ပြောပါတယ်။ အဲ့ဒီ မြို့နယ်ရဲမှူးကား မိုင်းထိမှန်တာနဲ့ ပတ်သက်လို့ တန့်ဆည်မြို့နယ်ကောင်စီရုံးနဲ့ နီးစပ်သူ တယောက်က ” နဘက်ကြီးရဲစခန်း မီးလောင်တဲ့ကိစ္စနဲ့ သွားစစ်ဆေးပြီး တန့်ဆည်ကို ပြန်အလာ နဘက်ကြီးရွာရဲ့ တောင်ဘက်မှာ လမ်းဘေးမိုင်း ၃ လုံးပေါက်ကွဲတာပါ ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် မိုင်းထိမှန်ပြီး ကားနောက်ခန်းမှာ လိုက်လာတဲ့ တန့်ဆည်မြို့နယ်ရဲမှူးရုံးက…
Read Moreရန်ကုန်မြစ်ထဲက လှေသမ္ဗန်လှော်ခတ်သူတွေ
အေးချမ်းသူ(VOM) တဖွဲဖွဲကျနေတဲ့ မိုးစက်တွေနဲ့အတူ ရန်ကုန်မြို့ပန်းဆိုးတန်းဆိပ်ကမ်းမှာ သမ္ဗန်စီးဖို့စောင့်နေတဲ့သူတွေ သမ္ဗန်ပေါ်ကဆင်းလာတဲ့ခရီးသည်တွေ ဆိပ်ကမ်းရဲ့လမ်းဘေးဝဲယာမှာ အော်ဟစ်ရောင်းချနေတဲ့ စျေးသည်တွေရဲ့အသံနဲ့အတူ ဆူညံနေပါတယ်။ ကမ်းနားတဝိုက်မှာလည်း ဒလကနေ ရန်ကုန်ကိုလာပြီး အလုပ်လာလုပ်သူတွေ ရန်ကုန်ကနေ ဒလကို လူနဲ့ကုန်ပစွည်း အပြန်အလှန်ပို့ပေးတဲ့ သမ္ဗန်တွေနဲ့ ရှုပ်ထွေးလို့နေပါတယ်။ လှိုင်မြစ်ထဲက လှေကြီးလှေငယ်တွေကြားမှာ တိုးဝေ့လို့ သွားလာလှုပ်ရှားနေရတဲ့ သမ္ဗန်မောင်းသူတွေကလည်း မိသားစုစားဝတ်နေရေးအတွက် မလုံ့တလုံမိုးကာစလေးတွေကို ပတ်ကာ သမ္ဗန်တွေကိုလှော်ခတ်နေကြပါတယ်။ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ထဲမှာပါဝင်တဲ့ ဒလမြို့နယ်ဟာ ရန်ကုန်မြစ်နဲ့အနီးကပ်ဆုံးမြို့နယ်လည်း ဖြစ်ပါတယ်။ ဒလမြို့နယ်ဟာ ယခင်က ကျေးရွာတခုဖြစ်ပြီး ၁၉၇၄ ခုနှစ်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ထဲကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ဒလမြို့နယ်ဟာ ဧရိယာစတုရန်းမိုင် ၁၀.၉၃ ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း (၂၃)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၂၃)အုပ်စု၊ ရွာပေါင်း (၄၅)ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဒေသဆိုင်ရာအချက်အလက်တွေအရ သိရပါတယ်။…
Read Moreလပြည့်ည စန္ဒာမုနိရင်ပြင်
ဆူးငှက် ကျောက်တော်ကြီးဘုရားဝင်း အရှေ့တောင်ထောင့် မန်ကျည်းပင်ကြီးအောက် အကြော်ဆိုင်က ထလာပြီး စန္ဒာမုနိဘုရားဝင်းထဲရောက်တော့ နေထန်းတစ်ဖျား ထိလုပြီ…။ အရှေ့ဘက် မင်္ဂလာကန်တော်အနီး ထနောင်းပင်များဆီက ချိုးကူသံ သဲ့သဲ့ကို ကြားရ၏။ စန္ဒာမုနိဘုရားအနောက်ဘက် သံတန်ဆောင်းလေးအတိုင်း ဘုရားကုန်းတော်ပေါ် တက်တော့ လူသူမရှိ…။ ဘုရားရင်ပြင်သည် တိတ်ဆိတ် ငြိမ်သက်လွန်းလှသည်။ နေခြည်သည် ကုန်းတော်ရှိ စိန်တောင်တွေကို ငွါးစွင့် ပွင့်လင်းနေစေသည်။ သို့သော် အစွမ်းပြ မပူသေး…။ ဆောင်းဦး နှင်းနုကို စရုံပဲရှိလို့ အနေတော်ပဲ ဖြစ်သည်။ အာရုံခံဇရပ်ဆီမှ ဘုရားလူကြီးတစ်ဦးက ဘုရားပန်းအိုးများ လဲလှယ်ရန် ကုန်းတော်ဘက် ထွက်လာ၏။ ကျွန်တော်သည် အာရုံခံဇရပ်နှင့်စတီတော်အကြား တစ်နေရာသို့ ဦးတည်လိုက်သည်။ ထိုနေရာသည် အလေးအမြတ်ထားဖွယ်နေရာဖြစ်၏။ ဦးညွှတ် အလေးပြုဖွယ်နေရာဖြစ်၏။ အောက်မေ့တသ ဆင်ခြင်ဖွယ်နေရာဖြစ်၏။ ထို့အတူ ဂုဏ်ပြုပူဇော်ဖွယ်နေရာလည်းဖြစ်သည်။ ထိုနေရာတွင် ဝတ်ပြုဆုတောင်း အမျှအတန်းပေးဝေပြီးနောက် ပြုလုပ်နေကျ ကိစ္စတစ်ခုအဖြစ် စန္ဒာမုနိရင်ပြင်တော်ပေါ်ရှိ…
Read Moreဟေတီမှာ အမေရိကန်သာသနာပြုအဖွဲ့ ပြန်ပေးဆွဲခံထားရ
ပို့အော့ပရင့်၊ အောက်တိုဘာ-၁၈-၂၀၂၁ မျိုးဆက် (VOM) ဟေတီနိုင်ငံ မြို့တော်ပို့အော့ပရင့်အနီးမှာ အမေရိကန်သာသနာပြုအဖွဲ့တစ်ဖွဲ့ ပြန်ပေးဆွဲခံလိုက်ရပြီး ဒါဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဂိုဏ်းတစ်ခုက လုပ်ဆောင်တာလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ အမျိုးသားငါးဦး၊ အမျိုးသမီး ခုနှစ်ဦးနဲ့ ကလေးငါးဦးတို့ဟာ မိဘမဲ့ဂေဟာတစ်ခုကိုသွားရောက်ပြီး အပြန်မှာ ပြန်ပေးဆွဲခံရတာဖြစ်ပါတယ်။ ဧပြီလအတွင်းကလည်း ကက်သလစ်ဘုန်းတော်ကြီးတွေကို ပြန်ပေးဆွဲခဲ့တာကြောင့် မာဝိုဇိုဂိုဏ်းက အဖွဲ့၀င် ၄၀၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ ဟေတီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြန်ပေးဆွဲမှုအဖြစ်ပွားဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာတော့ အဆိုးရွားဆုံးဖြစ်ပြီး ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်းမှာ ပြန်ပေးဆွဲမှု ၆၀၀ ကျော်ကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ယမန်နှစ်အလားတူကာလကထက် ၂၃၁ မှုပိုမိုများပြားတယ်လို့ အရပ်ဘက်အဖွဲ့ အစည်းတွေကဆိုပါတယ်။ ရဲတပ်ဖွဲ့နဲ့ ဂိုဏ်းတွေအကြား ထိပ်တိုက်တွေ့မှုတွေဟာလည်း သမ္မတမွိုင်ဆီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်…
Read Moreသီတင်းကျွတ်ကာလ ချောင်းသာကမ်းခြေမှာ ရဲနဲ့တပ်အင်အား ၅၀ခန့်နဲ့ စောင့်ကြည့်သွားမယ်
အောက်တိုဘာ ၁၈-၂၀၂၁ GH ( VOM ) သီတင်းကျွတ်ပွဲတော်ကာလ ချောင်းသားကမ်းခြေမှာ ရဲ၊ စစ်တပ်နဲ့ ရေပြင်အသက်ကယ်အဖွဲ့အပါအဝင် အင်အား ၅၀ လောက်နဲ့ စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ချောင်းသာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ “ကမ်းခြေမှာဆို ရဲတပ်ဖွဲရှိမယ်၊ ပြီးတော့နယ်မြေခံတပ် ရှိမယ်။အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာပေါင်းထားတဲ့စည်းကမ်းထိန်းသိမ်းရေးကလည်း ၂၀ လောက်ရှိမယ်။ ဒီတော့ စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့နဲ့ တပ်နဲ့ပေါင်းရင် ၂၇ လောက်ရှိမယ်၊ ကမ်းခြေမှာ မိုးတွင်းကာလတွေမှာပါ ဆောင်ရွက်နေတဲ့အရပ်သားဝန်ထမ်း ၁၀ ယောက်ရှိမယ်၊ရေပြင်အသက်ကယ် ၁၀ ယောက်လည်းရှိမယ်။ ဆိုတော့ တနေ့ကို အယောက် ၅၀ လောက်ရှိနေမယ်။ မလိုလားအပ်တာတွေမဖြစ်ဖို့နဲ့ ခရီးသွားတွေဘေးကင်းလုံခြုံဖို့အတွက်ပါ” လို့ ချောင်းသာမြို့နယ်အုပ်ချုပ်ရေးမှူး ဦ်းကျော်သူကပြောပါတယ်။ ဒါ့အပြင် အထက်လူကြီး ခေါင်းဆောင်ပိုင်းတွေကလည်း mobile team နဲ့ စောင့်ကြည့်နေမှာဖြစ်ပြီး ချောင်းသာမြို့တွင်း မြို့ပြင်ကိုလည်း ၂၄…
Read More