အမေရိကန်သတင်းသမား Danny Fenster ကို ပုဒ်မ ၃ ခုအတွက် ထောင် ၁၁ နှစ်နဲ့ ငွေ ၁ သိန်းအမိန့်ချခံရ

နိုဝင်ဘာ ၁၂-၂၀၂၁
GH (VOM )
 
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ Frontier Myanmar မဂ္ဂဇင်းက အမေရိကန်သတင်းသမား Danny Fenster ကို အင်းစိန်ထောင်တရားရုံးက ထောင်ဒဏ် ၁၁ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ကျခံဖို့ ဒီနေ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ အမိန့်ချလိုက်တယ်လို့ ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်ကပြောပါတယ်။
 
Danny Fensterကို အရင်ကစွဲဆိုထားတဲ့ အမှု ၃ မှုဖြစ်တဲ့ ရာဇသတ်ကြီးဥပေဒပုဒ်မ ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)၊လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပါ ပုဒ်မ ၁၃ (၁) တို့အတွက် ထောင်ဒဏ် နဲ့ငွေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။
 
” အရင်စွဲထားတဲ့ ပုဒ်မ ၃ ခုအတွက် အင်းစိန်ထောင်တရားရုံးက ထောင်ဒဏ် ၁၁ နှစ်နဲ့ငွေဒဏ် ၁ သိန်းချလိုက်တယ်။ နောက်ထပ်စွဲတဲ့အမှုကို အနောက်ပိုင်းခရိုင်မှာ ဆက်လက်ရင်ဆိုင်ရမယ်”လို့ ရှေ့နေကပြောပါတယ်။
 
အမေရိကန်သတင်းသမား Da nny Fenster ကို နိုဝင်ဘာ ၉ရက် နေ့ ရုံးချိန်မှာ ထပ်တိုး အမှုဖွင့်ထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄- က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)အမှုကို ဆက်လက်ရင်ဆိုင်ရအုံးမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့ကို ရုံးချိန်း ချိန်းဆိုထားတယ်လို့သိရပါတယ်။
 
Danny Fenster ကို ထပ်မံစွဲဆိုထားတဲ့ ပုဒ်မ ၁၂၄-က ဟာ အမြင့်ဆုံးပြစ်ဒဏ် တသက်တကျွန်းအထိဖြစ်ပြီး ၊ ပုဒ်မ ၅၀(က)ဟာလည်း အနိမ့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ်ကနေ တသက်တကျွန်းအထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
 
ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းရဲ့ အုပ်ချုပ်မှုအယ်ဒီတာ Denny Fenster ကို ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က အမေရိကန်နိုင်ငံကိုအပြန် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #အမေရိကန်သတင်းသမား #DennyFenster #ထောင်၁၁နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW