ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ သံတမန်ကိုယ်စားပြုမှု ခွင့်ပြုဖွယ်မရှိ

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၁-၂၀၂၁
မျိုးဆက်(VOM)
 
အဖွဲ့၀င် ၁၉၃ နိုင်ငံပါ၀င်တဲ့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ တာလီဘန်အဖွဲ့က ကိုယ်စားလှယ်တွေ ကိုယ်စားပြုမှုကို ဒီဇင်ဘာ ၁ မှာကျင်းပမယ့် ကုလသမဂ္ဂကော်မတီအစည်းအဝေး ခွင့်ပြုသွားဖွယ်မရှိဘူးလို့ သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။
 
မြန်မာနဲ့ တာလီဘန်အဖွဲ့တို့ဟာ သူတို့ရဲ့ အဆိုပြုထားတဲ့ သံတမန်တွေကို ကုလသမဂ္ဂမှာ အမည်စာရင်းတင်သွင်းထားသလို ဖြုတ်ချခံခဲ့ရတဲ့ အစိုးရတွေဘက်ကလည်း အပြိုင်တင်သွင်းမှုတွေကိုပြုလုပ်ထားပါတယ်။
 
ကုလသမဂ္ဂမှာ ဒီလိုလုပ်ဆောင်တာဟာ အစိုးရတရပ်အဖြစ် နိုင်ငံတကာအသိအမှတ်ပြုဖို့အတွက် နှစ်ဘက်စလုံးအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်လည်းဖြစ်ပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့အပါအ၀င် အဖွဲ့၀င်ကိုးဦးပါ၀င်တဲ့ အရည်အချင်းစစ်ကော်မတီဟာ ကုလသမဂ္ဂဌာနချုပ်မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။
 
ကော်မတီအနေနဲ့ မြန်မာနဲ့ အာဖဂန်နစ္စတန်တို့ရဲ့ သံတမန်ကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းနိုင်ဖွယ်ရှိကြောင်းအမည်မဖော်လိုတဲ့ သံတမန်သတင်းရင်းမြစ်လေးဦးက ရိုက်တာကိုပြောပါတယ်။
 
Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW