မြောက်ဥက္ကလာမှာ ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးတဦး သေနတ်နဲ့ပစ်သတ်ခံရ

ရန်ကုန်၊ဒီဇင်ဘာ ၆၊၂၀၂၁
KK(VOM)
 
မြောက်ဥက္ကလာပမြို့နယ် င ရပ်ကွက်မှာဒီကနေ့နံနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးတဦးသေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက်၊ နွယ်နီ (၁၃) လမ်းနဲ့ သန္တာ(၁၂) လမ်းကြားမှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ င ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
“သေနတ်နဲ့လေးချက်ပစ်သွားတာ ပွဲချင်းပြီးပဲ၊ တဦးကဒဏ်ရာရတယ် သေတာက အမျိုးသမီးပါ၊ အခုတော့အလောင်းကိုလာသယ်သွားပါပြီ”လို့ သူကပြောပါတယ်။
 
သေဆုံးသူမှာ ပြည်ခိုင်ဖြိုးပါတီဝင် ဒေါ်နီနီရွှေဆိုသူဖြစ်ပြီး သားဖြစ်သူနဲ့ စျေးကိုလမ်းလျှောက်သွားချိန် ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး သားဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
လက်တလောမှာ စစ်တပ်နဲ့ရဲတွေက င ရပ်ကွက်အတွင်း လမ်းဆုံလမ်းခွတွေနဲ့ နွယ်နီ ၁၃ လမ်း၊သန္တာလမ်းတွကို ပိတ်ဆို့စစ်ဆေးနေနေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကလည်း တိုက်ကြီးမြို့နယ်၊တွံတေမြို့နယ်နဲ့သာကေတမြို့နယ်တို့မှာ ပစ်ခတ်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးနှစ်ဦးနဲ့ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှုတဦး သေဆုံးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #မြောက်ဥက္ကလာ #ပြည်ခိုင်ဖြိုး #အမျိုးသမီး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW