ဖုန်းအော်ပရေတာအားလုံးရဲ့ အင်တာနက်နူန်းထားတွေ ဒီနေ့ကစပြီး စျေးတက်

ဒီဇင်ဘာ ၈-၂၀၂၁
GH ( VOM )
 
တယ်လီနော၊ အော်ရီဒူး ၊MPT ၊ မိုင်တယ် အပါအဝင် ဖုန်းအော်ပရေတာတွေအားလုံးက အင်တာနက်သုံးစွဲခနူန်းတွေကို ဒီနေ့ ဒီဇင်ဘာ ၈ရက်ကစပြီး တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။
 
တယ်လီနော နဲ့ အော်ရီဒူးက အင်တာနက်ပက်ကေ့ 1 GB ကို 1990 ကျပ်အထိ စျေးနူန်းမြင့်တက်သွားတာဖြစ်ပြီး၊ MPTကလည်း 935 mb ကို 1799 ကျပ်အထိ စျေးနူန်းမြင့်တက်သွားသလို မိုင်တဲက 512 mb ကို 968 ကျပ်အထိ စျေးနူန်းမြင့်တက်သွားပြီဖြစ်ပါတယ်။
 
” အရင်လို ၁၀၀၀ တန်ငွေဖြည့်ကဒ်ထည့်ရင် 1gb မရတော့ဘူး။ အလုပ်အကိုင်က မယ်မယ်ရရမရှိတဲ့အထဲ အခုစျေးတွေကတက်တော့ အင်တာနက်လည်း အရင်လိုမသုံးနိုင်တော့ဘူးပေါ့။ ဖွင့်ပြီး ခဏကြည့် ချက်ခြင်းပြန်ပိတ် လုပ်ရုံပဲရှိတော့မယ်။ အခုအော်ပရေတာအကုန်လုံးက တပြိုင်ထဲကိုတက်တာ သုံးစွဲသူတွေအတွက် အဆင်မပြေဘူး “လို့ အင်တာနက် သုံးစွဲသူတဦးကပြောပါတယ်။
 
ဖုန်းအော်ပရေတာတွေဟာ အရင်ကရောင်းချပေးခဲ့တဲ့ အင်တာနက်သုံးစွဲခနူန်းထားတွေထက် ၁၀၀ ရာခိုင်နူန်း နီးပါးအထိ စျေးနူန်းကိုတိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပါတယ်။
 
အရင်က MPT ရဲ့ အင်တာနက် နူန်းထားဟာ 935 mb ကို 999 ကျပ် ၊ မိုင်တဲက 920 mb ကို 968 ကျပ်ဖြစ်ပြီး အူရီဒူးနဲ့ တယ်လီနောက 925 mb ကို 999 ကျပ်ဖြစ်ပါတယ်။
 
Ooredoo Supernet wifi စက်တွေရဲ့ သက်တမ်းတိုးကြေးကိုတော့ ဒီနေ့ကစပြီး သက်တမ်းတိုးနူန်းက ရက် 30 ကို 45000 ကနေ 79000ကျပ်၊ ရက် 90 ကို 120000 ကနေ 200000ကျပ်အထိ မြင့်တက်မှာဖြစ်တယ်လို့ အော်ရီဒူးက တရားဝင်ကြေညာထားပါတယ်။
 
အော်ပရေတာတွေကတော့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ညွှန်ကြားချက်အရ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် အစီအစဉ်စျေးနှုန်းတွေကို ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်တယ်လို့ အသိပေးထားတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ဖုန်းအော်ပရေတာ #အင်တာနက်သုံးစွဲခ #ဈေးတက

Related posts

Leave a Comment

VOM News

FREE
VIEW