တနိုင်းမြို့နယ် RC တိုက်ပွဲရှောင် စခန်းမှာ ခိုလှုံနေတဲ့ ကလေး ၃ ​ယောက် ရေနစ်ပြီး သေဆုံး

ဒီဇင်ဘာ ၊ ၉ ၊ ၂၀၂၁
နှင်းဖြူဝေ ‘VOM)
 
ကချင်ပြည်နယ် ၊ မြသ်ကြီးနားခရိုင် ၊ တနိုင်းမြို့နယ် ၊ RC တိုက်ပွဲရှောင် စခန်းမှာ ခိုလှုံနေတဲ့ ကလေး ၃ ယောက် ပျောက်ဆုံးနေတာကို မနေ့ ဒီဇင်ဘာ ၈ ရက် နေ့ခင်းပိုင်း ရုပ်အလောင်းတွေ ပြန်တွေ့ခဲ့ရတယ်လို့ တနိုင်းမြို့ခံတွေဆီကနေ သိရပါတယ်။
 
” အခုလ ၆ ရက်နေ့ ညနေပိုင်းက ကလေး ၄ ယောက် ပျောက်သွားတယ် ၊ ကလေး ၁ ယောက်ကို နောက်တရက် ၇ ရက်နေ့မှာ အသက်ရှင်လျက် ပြန်တွေ့ခဲ့ရတယ် ၊ ကျန် ကလေး ၃ ယောက်ကိုတော့ မနေ့ကမှ ရေနစ်သေဆုံးနေတဲ့ ရုပ်အလောင်း ပြန်ရတာ ” လို့ RC တိုက်ပွဲရှောင် စခန်းမှာနေတဲ့ နယ်ခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပျောက်ဆုံးကလေး ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို တနိုင်းမြို့နယ် ၊ အောင်လော့ဒ် ရွာအနီးက တနိုင်းချောင်းထဲကနေ ပြန်လည်တွေ့ရတာဖြစ်ပါတယ်။
 
” မိဘတွေက တောင်ယာသွားလုပ်နေတဲ့အချိန်မှာ ကလေးတွေက ချောင်းထဲသွား ရေစော့ရာကနေ အခုလို ဖြစ်တာ ” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ကလေး ၃ ယောက် သေဆုံးတာနဲ့ ပက်သက်လို့ တနိုင်းမြို့မ ရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #တနိုင်း #စစ်ဘေးရှောင်စခန်း

Related posts

Leave a Comment

VOM News

FREE
VIEW