ကိုရီးယားစစ်ပွဲ အဆုံးသတ်ရေး တရား၀င်ကြေညာဖို့ မူအားဖြင့်သဘောတူ

ကင်ဘာရာ၊ ဒီဇင်ဘာ-၁၃-၂၀၂၁
မျိုးဆက်(VOM)
 
ကိုရီးယားစစ်ပွဲကို တရား၀င်အဆုံးသတ်ရေး ကြေညာချက်ထုတ်ပြန်ဖို့တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ အမေရိကန်နဲ့့ တရုတ်နိုင်ငံတို့က မူအားဖြင့် သဘောတူထားကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ဒီဇင်ဘာ ၁၃ ရက်မှာပြောပါတယ်။
 
ဒါပေမယ့်ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ တောင်းဆိုမှုကြောင့် ဆွေးနွေးပွဲတွေတော့ မစရသေးဘူးလို့ သမ္မတမွန်ဂျေးအင်ကဆိုပါတယ်။
 
ကိုရီးယားနှစ်နိုင်ငံအကြား စစ်ပွဲဟာ ၁၉၅၀ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ ငြိမ်းချမ်းရေးစာချုပ်မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့အဆုံးသတ်ခဲ့ပါတယ်။
 
တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံကို နှစ်နိုင်ငံကို တရုတ်နဲ့့အမေရိကန်တို့က အသီးသီးတဘက်စီထောက်ခံချိန်မှစပြီး တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့အကြား သဘောတရားအရ စစ်ပွဲရှိနေဆဲဖြစ်ကာ တင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။
 
ကိုရီးယားစစ်ပွဲ တရား၀င်အဆုံးသတ်ရေးနဲ့ပတ်သက်ပြီး လက်ရှိမှာ သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေတဲ့ တောင်ကိုရီးယားသမ္မတမွန်ဂျေးအင်က သြစတြေးလျ၀န်ကြီးချုပ် မောရစ်ဆင်နှင့်ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
 
စစ်ပွဲအဆုံးသတ်ရန် တရား၀င်ကြေညာခြင်းဟာ မြောက်ကိုရီးယားကို နျူကလီးယားလက်နက်တွေစွန့်ဖို့ တွန်းအားဖြစ်စေလိမ့်မယ်လို့ တောင်ကိုရီးယားသမ္မတက ပြောဆိုခဲ့ဖူးပါတယ်။
 
Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ကင်ဘာရာ

Related posts

Leave a Comment

VOM News

FREE
VIEW