မုံရွာ – ခန္တီးခရီးစဉ်ကို အခုလ နောက်ဆုံးပတ်ကနေစပြီး လေကြောင်းခရီးနဲ့ ၁ ပတ်ခြား ပြေးဆွဲတော့မယ်

ဒီဇင်ဘာ ၊ ၁၉-၂၀၂၁
နှင်းဖြူဝေ (VOM)
 
ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေလမ်းခရီး တခုတည်းသာ အားထားသွားလာနေရတဲ့ မုံရွာ-ခန္တီး ခရီးစဥ်ဟာ ခရီးသည်တင်ရေယာဥ်တွေ ပြေးဆွဲပေးတာ ယာယီရပ်နားထားတဲ့အတွက် ခရီးသွား အခက်အခဲတွေကြောင့် အခုလ ၂၃ ရက်က စလို့ မုံရွာ-ခန္တီး လေကြောင်းလိုင်းတွေ တိုးချဲ့ပြေးဆွဲပေးတော့မှာလို့ My Monywa ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းဆီက သိရပါတယ်။
 
” အခုလ ၂၃ ရက်က ခန္တီး မုံရွာ စတင်ပြေးဆွဲမှာဖြစ်ပြီး ၊ ၃၀ ရက်ကြရင် မုံရွာ-ခန္တီး ပြန်လည်ပြေးဆွဲပေးမှာပါ ၊ ခရီးစဥ်အနေနဲ့ကတော့ ၁ ပတ်ခြား တကြိမ် ကြာသာပတေးနေ့တိုင်းဖြစ်တယ်၊ ခရီးသွားလက်မှတ် ဝန်ဆောင်စရိတ် အားလုံးကတော့ ၁ သိန်း ပတ်ခြာလည် ဖြစ်မယ် “လို့ My Monywa ခရီးသွားဝန်ဆောင်မှု ကုမ္မဏီပိုင်ရှင် ဦးလင်းလင်းမောင်ကပြောပါတယ်။
 
ပြီးခဲ့တဲ့နှစ်က မုံရွာ-ခန္တီး ခရီးသွားတွေဟာ မုံရွာဆိပ်ကမ်းကနေ ၁ ညအိပ် ၂ ရက်ခရီး ရေယာဥ်နဲ့သွားကြပြီး ဟုမ္မလင်းကနေတဆင့် ဟုမ္မလင်း-ခန္တီး ရေယာဥ်ပြောင်းလဲစီးကြတာဖြစ်တယ်လို့ သိရပါတယ်။
 
ချင်းတွင်းမြစ်ဖျား တောင်တန်းဒေသတွေဖြစ်တဲ့ ခန္တီးမြို့ဟာ စစ်ကိုင်းတိုင်းမှာ ရှိတာဖြစ်ပေမယ့် အရင်က မုံရွာ-ခန္တီး လေယာဥ်ခရီးစဥ် မရှိခဲ့ဘူးလို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မုံရွာ-ခန္တီး #လေကြောင်းပြေးဆွဲမယ်

Related posts

Leave a Comment

VOM News

FREE
VIEW