မြန်မာစစ်ဘက်နဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ ဂျပန်ကို HRW တိုက်တွန်း

၀ါရှင်တန်၊ ဒီဇင်ဘာ-၂၀-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံမှ အရာရှိလောင်းတွေကို တိုက်ခိုက်ရေးသင်တန်းတွေပို့ချပေးနေတဲ့ သင်ကြားရေးအစီအစဉ်ကို ဖျက်သိမ်းဖို့ ဂျပန်နိုင်ငံကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မှာတိုက်တွန်းလိုက်ပါတယ်။
 
နှစ်နိုင်ငံပညာရေးဆိုင်ရာ ဖလှယ်မှုအစီအစဉ်တခုအရ မြန်မာစစ်ဘက်က အရာရှိလောင်းရှစ်ဦးဟာ ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီမှာ ပညာသင်ကြားမှုတွေပြုလုပ်လျှက်ရှိပြီး မြန်မာစစ်ဘက်နဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ကို HRW ကတောင်းဆိုလိုက်တာဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလအတွင်းက နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အကူအညီအသစ်တွေကို ဖြတ်တောက်ခဲ့ပြီး အကြမ်းဖက်မှုတွေရပ်တန့်ဖို့ တောင်းဆိုခဲ့ပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရေးယူပိတ်ဆို့တာမျိုး ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုထားကြပါတယ်။
 
ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ကြိုးစားရာမှာ မြန်မာ့ဒီမိုကရေစီရေးအတွက် ထောက်ခံမှုကို ဟန်ချက်ညီစေဖို့ ကြိုးစားနေတယ်လို့ ဂျပန်တာ၀န်ရှိသူတွေက ပြောဆိုထားပါတယ်။
 
မြန်မာစစ်ဘက်နဲ့ ဆက်ဆံရေးဖြတ်တောက်မှုဟာ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့သြဇာလွှမ်းမိုးမှု ပိုမိုဖြစ်ပေါ်စေနိုင်တယ်လို့ ဂျပန်ဒုတိယကာကွယ်ရေး၀န်ကြီးက ရိုက်တာကို မတ်လအတွင်းကပြောဆိုထားပါတယ်။
 
မြန်မာပြည်သူတွေအကြမ်းဖက်မှုတွေနဲ့ကြုံနေရချိန်မှာ မြန်မာစစ်ဘက်အရာရှိလောင်းတွေကို ဂျပန်နိုင်ငံက အခုလိုက်လေ့ကျင့်သင်ကြားပေးနေတာနဲ့ပတ်သက်ပြီး နားမလည်နိုင်ဘူးလို့ HRW ကထုတ်ပြန်ထားပြီး HRW ရဲ့တောင်းဆိုချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။
 
Ref: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW