နှစ်ပေါင်း ၆၆ သန်းက ဒိုင်နိုဆောသန္ဓေသားလောင်း တရုတ်နိုင်ငံမှာ တွေ့ရှိ

ပေကျင်း၊ ဒီဇင်ဘာ-၁၂-၂၀၂၁
မျိုးဆက်(VOM)
 
ကြက်လိုမျိုး ဥမှသားပေါက်ဖို့ ပြင်ဆင်နေတဲ့ အကောင်းတိုင်းပုံစံရှိနေသေးတဲ့ ဒိုင်နိုဆောသန္ဓေသားလောင်းကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ဒီဇင်ဘာ ၂၁ ရက်မှာပြောပါတယ်။
 
အဲဒီဒိုင်နိုင်ဆောသန္ဓေသားလောင်းကို တရုတ်နိုင်ငံတောင်ပိုင်း ကွန်ကျိုးမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၆၆ သန်း သက်တမ်းရှိနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားကြပါတယ်။
 
ဒါဟာ သွားမပါတဲ့ ဒိုင်နိုဆောအမျိုးအစား သို့မဟုတ် အိုဗီရပ်တိုရိုဆော လို့ယူဆရပြီး Baby Yingliang လို့ သုတေသီတွေက အမည်ပေးထားပါတယ်။ ဒိုင်နိုဆောဟာ ခေါင်းမှအမြီးထိ ၁၀ ဒသမ ၆လက်မရှည်လျားပြီး ၆ ဒသမ ၇ လက်မရှိဥထဲမှာ တည်ရှိပါတယ်။
 
အဲဒီကျောက်ဖြစ်ရုပ်ကြွင်ဟာ သမိုင်းတစ်လျှောက်တွေ့ရှိခဲ့သမျှ ဒိုင်နိုဆောသန္ဓေသားလောင်းတွေထဲမှာ အကောင်းဆုံးနဲ့ အပြည့်စုံဆုံးဖြစ်ကြောင်း သုတေသီတွေကပြောပါတယ်။
 
ယခုရှာဖွေတွေ့ရှိမှုကြောင့် ဒိုင်နိုဆောတွေနဲ့ ခေတ်သစ်ငှက်တွေအကြား ဆက်နွယ်မှုကို သုတေသီတွေပိုမိုသိရှိ စေနိုင်မှာဖြစ်ပါတယ်။
 
Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW