မြန်မာ့ပဋိပက္ခ နောက်ဆက်တွဲသက်ရောက်မှု ထိုင်းစစ်တပ် ကြိုတင်ပြင်ဆင်ထား

ဘန်ကောက်၊ ဒီဇင်ဘာ-၂၂-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ထိုင်းနယ်စပ်ကို ပိုမိုတင်းကြပ်ဖို့နဲ့ ကြိုတင်ပြင်ဆင်မှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ထိုင်းလုံးခြုံရေးတပ်ဖွဲ့၀င်တွေကို အစိုးရက ညွှန်ကြားထားပါတယ်။
 
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကရင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြန်မာဒုက္ခသည် လေးထောင်နီးပါးဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ကြပြီး ထိုင်းတာ၀န်ရှိသူတွေက အမိုးအကာတွေနဲ့ လက်ခံထားခဲ့ရပါတယ်။
 
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေအတွက် ထိုင်းစစ်ဘက်က ကြိုတင်ပြင်ဆင်ထားတယ်လို့ ကာကွယ်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Kongcheep Tantravanich ကသတင်းထောက်တွေကို ပြောပါတယ်။
 
ထိုင်းလုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ အထောက်အထားမဲ့ တရားမ၀င်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုလည်း တားဆီးသွားမှာဖြစ်ပြီး တိုက်ပွဲဖြစ်တဲ့နေရာမှာရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေ လွတ်မြောက်ဖို့အတွက် ထိုင်းစစ်တပ်က ကူညီပေးနေတယ်လို့ သူကဆိုပါတယ်။
 
Photo:Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW