ထောင်ဒဏ် ၂၂ နှစ်ကျနေတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ဆိုးလ်၊ ဒီဇင်ဘာ-၂၄-၂၀၂၁
မျိုးဆက်(VOM)
 
အကျင့်ပျက်ချစားမှုအရှုပ်တော်ပုံကြောင့် ထောင်ဒဏ် ၂၂ ကျခံနေရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးကို သမ္မတမွန်ဂျေးအင်က ဒီဇင်ဘာ ၂၄ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
 
အသက် ၆၉ နှစ်အရွယ် သမ္မတဟောင်း ပက်ဂွမ်ဟေးဟာ ၂၀၁၇ ခုနှစ်မှာ စွပ်စွဲပြင်တင်ခံရပြီးနောက် နောက်တစ်နှစ်မှာတော့ အာဏာအလွဲသုံးစားမှု အကျပ်ကိုင်မှုတို့နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။
 
ပက်ဂွမ်ဟေးဟာ တောင်ကိုရီးယားရှိ ဒီမိုကရေစီနည်းကျရွေးကောက်ခံသမ္မတတွေထဲမှာ အဲလိုစွဲချက်တွေကြောင့် ရာထူးမှဖယ်ရှားခံလိုက်ရတဲ့ ပထမဆုံးသော သမ္မတလည်းဖြစ်ပါတယ်။
 
သူဟာ ဆမ်ဆောင်းနဲ့ အခြားစီးပွားရေး လုပ်ငန်းစုကြီးတွေကို သူမနဲ့ဆက်နွယ်တဲ့ ဖောင်ဒေးရှင်းတွေထံ ရန်ပုံငွေတွေပေးဖို့ သူ့ရဲ့သူငယ်ချင်းဖြစ်သူနဲ့ ပူးပေါင်းကြံစည်မှုလည်း လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
 
သူမဟာ ထောင်ကျနေစဉ်အတွင်း ယခုနှစ်မှာ ပုခုံးနှင့်ခါးအောက်ပိုင်းနာကျင်မှုတွေကြောင့် ဆေးရုံသုံးကြိမ်တက်ခဲ့ရပါတယ်။
 
ပက်ဂွမ်ဟေးရဲ့ ကျန်းမာရေးအခြေအနေကြောင့် သမ္မတမွန်ဂျေးအင်ရဲ အထူးလွတ်ငြိမ်းချမ်းသာခွင့် စာရင်းမှာ ပါ၀င်လာခြင်းဖြစ်ကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြထားသည်။
 
သမ္မတမွန်ဂျေးအင်ဟာ ယခင်ကလွတ်ငြိမ်းချမ်းသာခွင့်ကို ပယ်ချခဲ့တာကြောင့် ယခုကြေညာချက်ဟာ အံ့အားသင့်ဖွယ်ဖြစ်ပါတယ်။
 
ပက်ဂွမ်ဟေးအပေါ် စွဲဆိုသောစွဲချက် ၁၈ ခုအနက် ၁၆ ခုမှာ အပြစ်ရှိကြောင်း ၂၀၁၈ ခုနှစ်မှာ တရားရုံးကဆုံးဖြတ်ခဲ့ပြီး အများစုကတော့ အဂတိနဲ့ အကြပ်ကိုင်ခြင်းတွေနဲ့ ဆက်နွယ်နေပါတယ်။
 
Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဆိုးလ

Related posts

Leave a Comment

VOM News

FREE
VIEW