အိုမီခရွန်နဲ့ ဒယ်လ်တာတို့ကြောင့် ကိုဗစ် ဆူနာမီ ဖြစ်လာနိုင်တယ်လို့ WHO သတိပေး

ဂျီနီဗာ၊ ဒီဇင်ဘာ-၃၀-၂၀၂၁
မျိုးဆက်(VOM)
 
ကမ္ဘာတစ်၀န်းမှာ အိုမီခရွန်နဲ့ ဒယ်လ်တာ ဗိုင်းရပ်စ်တို့ကြောင့် ကိုဗစ်-၁၉ ဆူနာမီ ဖြစ်ပေါ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ဒီဇင်ဘာ ၂၉ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။
 
အမေရိကန်နဲ့ ဥရောပတစ်၀န်းရှိ နိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုသစ်တွေ စံချိန်တင်ဖြစ်ပွားနေချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့စ်က ယခုကဲ့သို့ သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။
 
ဥရောပရဲ့ ကူးစက်မှုအများဆုံး ပြင်သစ်နိုင်ငံမှာတော့ နေ့စဉ်ကူးစက်မှုအမြင့်ဆုံး ဒုတိယမြောက်နေ့အဖြစ် ကူးစက်မှု ၂၀၈၀၀၀ ဦးထိ စံချိန်တင်ခဲ့ပါတယ်။
 
ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ အဆိုအရ အမေရိကန်မှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက နေ့စဉ်ကူးစက်မှုနှုန်းမှာ ပျမ်းမျှအားဖြင့် ၂၆၅၄၂၇ ထိစံချိန်တင်ခဲ့ပါတယ်။
 
ဒိန်းမတ်၊ ပေါ်တူဂီ၊ ဗြိတိန်နဲ့ သြစတြေးလျတို့မှာလည်း ဗိုင်းရပ်စ်ကူးစက်မှု စံချိန်တင်နေပါတယ်။ ပိုလန်မှာတော့ ဒီဇင်ဘာ ၂၉ ရက်က ဗိုင်းရပ်စ်ကြောင့် ၇၉၄ ဦးသေဆုံးခဲ့ပြီး ဒါဟာ စတုတ္ထလှိုင်းစတင်ချိန်မှာ အမြင့်ဆုံးဖြစ်ပါတယ်။
 
အိုမီခရွန်ဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံအများအပြားမှာ လျှင်မြန်စွာလွှမ်းမိုးကူးစက်နေကြောင်း လေ့လာမှုတွေမှာ ဖော်ပြထားပြီး အဲဒီဗိုင်းရပ်စ်ဟာ ဒယ်လ်တာဗိုင်းရပ်စ်ထက် ပျော့ပြောင်းပေမယ့် ပိုမိုကူးစက်လွယ်ကြောင်း ကျွမ်းကျင်သူတွေက ထုတ်ဖော်ဖြေဆိုထားပါတယ်။
 
Ref: BBC
Photo:PTI
#voiceofmyanmar #vom #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW