ရန်ကုန် ဗြိတိသျှသံရုံးရှေ့ ထိုင်သပိတ်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၄၊၂၀၂၁ အေးချမ်းသူ(VOM) ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဟာ ဒီနေ့မနက်ပိုင်းက ကုန်သည်လမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်မှာရှိတဲ့ ဗြိတိသျှသံရုံးရှေ့မှာ ထိုင်သပိတ်ပြုလုပ်ပြီး ဆန္ဒပြနေပါတယ်။ #voiceofmyanmar #VOM #ရန်ကုန်ဗြိတိသျှသံရုံး

Read More

ရဲတပ်ဖွဲ့ဝင်တွေပါဝင်လာတဲ့ ထားဝယ်က န.စ.အ ကောင်စီ ဆန့်ကျင်ဆန္ဒပြပွဲ

ဖေဖော်ဝါရီ ၁၄-၂၀၂၁ Voice Of Myanmar ဒီနေ့ ဖေဖော်ဝါရီ ၁၄ရက်နေ့ ထားဝယ်ခရိုင်မှာလုပ်တဲ့ နစအကောင်စီကို ဆန့်ကျင်ဆန္ဒပြပွဲမှာ လူအင်အားသိန်းချီပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၆ဦးနဲ့ ယာဉ်ထိန်းရဲ ၁ ဦးပါ ပါဝင်လာတာကို တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #အာဏာရှင်စနစ်ကျဆုံးရေး #ထားဝယ်မြို့ #ဆန္ဒပြ #ရဲတွေပါဝင်

Read More

အဆိပ်လို့ရေးထားတဲ့ဆေးဘူးတွေ ကိုင်လာသူ ၃ ဦးကို ရပ်ကွက်ကဖမ်းဆီး

ဖေဖော်ဝါရီ ၁၄ -၂၀၂၁ Voice Of Myanmar ရန်ကုန်မြို့၊ သင်္ဃန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက် ၁၀ လမ်းထိပ်မှာ မသင်္ကာသူ သံသယဖြစ်ဖွယ် လူ ၂ဦးကို မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ည ၇ နာရီကျော်က ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း သံသယဖြစ်ဖွယ် နောက်တစ်ဦးကိုတော့ ည ၁၀ နာရီဝန်းကျင်မှာ ဖမ်းမိခဲ့တယ်လို့ ငမိုးရိပ်ရပ်ကွက် တာ၀န်ရှိသူကပြောပါတယ်။ လူ ၂ ဦးကိုတော့ ငမိုးရိပ်ရပ်ကွက်၊ ၁၀ လမ်း၊ အပိုင်း ၁၊ အမှတ် ၂၇ အိမ်အောက်လှေကားမှာဖမ်းမိတာဖြစ်ပြီး ကျန်တစ်ဦးကိုတော့ စံပြစျေး လူကူးခုံးကျော်တံတားပေါ်ကနေ ဖမ်းမိတာဖြစ်တယ်လို့ သိရပါတယ်။ “အခုသူတို့လက်ထဲက မိထားတဲ့ ဆေးပုလင်းက ဘာလဲဆိုတာ မသိရသေးဘူး ။ တစ်ခုခု လုပ်ထားရင်တော့ ၂၄ နာရီမှာ အဖြေပေါ်မှာပါ ။ ဝန်မခံဘူးဆိုရင်…

Read More

အာဏာသိမ်းအစိုးရလို့ရေးတာဟာ သွေးထိုးလှုံ့ဆော်ပေးရာရောက်လို့ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီရေးဖို့ ပြန်ကြားရေးအကြောင်းကြား

မန္တလေး-ဖေဖေါ်ဝါရီ-၁၃-၂၀၂၁ Voice Of Myanmar   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရလို့ ရေးတာဟာ ကျင့်ဝတ်ချိုးဖေါက်ရာရောက်လို့ ကျင့်ဝတ်နဲ့အညီရေးသားဖို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမြင့်ကျော်ရဲ့ လက်မှတ်နဲ့  သတင်းမီဒီယာတွေသိဖို့ မီဒီယာကောင်စီကို အကြောင်းကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ ဒုတိယအတွင်းဝန် ဦးမြင့်ကျော်ကို  VOM က ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေဆိုပေးတာမရှိတာကြောင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း(ဒီမင်း) ကို VOM ကဆက်သွယ်မေးမြန်းထားတာကို တင်ပြလိုက်ပါတယ်။   VOM- သတင်းမီဒီယာကောင်စီအနေနဲ့ရော သတင်းမီဒီယာတွေကို ကာကွယ်ဖို့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ကို ဘယ်လိုမျိုး တုံ့ပြန်သွားမလဲ။   ကိုကျော်စွာမင်း- အဲ့ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှမတုံ့ပြန်ရသေးပါဘူး။ အကြောင်းကြားစာလက်ခံရရှိထားတာပဲ ရှိပါသေးတယ်။ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် ကျနော်တို့ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ ကျနော်တို့ ကောင်စီဝင်တွေ မဆွေးနွေးရသေးပါဘူး။   VOM- သူတို့တားမြစ်သလို…

Read More

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံနိုင်ငံရေးသမားတွေ ခြွင်းချက်မရှိလွှတ်ပေးဖို့ ကုလလူ့အခွင့်အရေးကောင်စီ တောင်းဆို

ဂျီနီဗာ၊ ဖေဖော်ဝါရီ-၁၃-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှ ဖေဖော်ဝါရီ ၁ ရက်ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦး၀င်းမြင့်အပါအ၀င် မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေကို ချွင်းချက်မရှိပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၂ ရက်မှာပြုလုပ်တဲ့ အထူးအစည်းအေ၀းမှာ ဒီလိုတောင်းဆိုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေပြုဖို့အတွက် ဗြိတိန်နဲ့ အီးယူတို့ရဲ့ တင်ပြတဲ့ မူကြမ်းအပေါ် မဲမခြဲပဲ မူအားဖြင့်အတည်ပြုလက်ခံခဲ့ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ၊ ဘာသာရေးယုံကြည်ခွင့်နဲ့ ငြိမ်းချမ်းစွာစုေ၀း ဆန္ဒပြခွင့် စတဲ့အခွင့်အရေးတွေကို ချက်ချင်းကာကွယ်မှုပေးဖို့ မြန်မာစစ်တပ်နဲ့ အခြားလုံခြုံရေးတပ်ဖွဲ့၀င်တွေကို လူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အင်တာနက်ကန့်သတ်ချက်တွေ၊ ဆက်သွယ်ရေးနဲ့ လူမှုကွန်ရက်တွေအပေါ် ပိတ်ဆို့ထားတာတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ လြတ္လပ္စြာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးတွေကို နောက်ထပ်မချိုးဖောက်ဖို့ ဆုံးဖြတ်ချက်မှာ တိုက်တွန်းခဲ့ပါတယ်။ ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်တာမျိုးမဟုတ်ပေမယ့် ဘိုလီဗီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ ရုရှားနဲ့…

Read More

ရန်ကုန်လေဆိပ်မှာ လေယာဉ်ဆီဖြည့်ပေးမယ့် ဝန်ထမ်းနည်းလို့အခက်ခဲဖြစ်နေ

ရန်ကုန်-ဖေဖေါ်ဝါရီ ၁၂-၂၀၂၁ ထက်ခေါင်လင်း(VOM) စစ်တပ် အာဏာသိမ်းမှုကို ကန့်ကွက်သည့်အနေနဲ့ ရန်ကုန်လေဆိပ်က လေယာဥ်လုပ်သားတွေဟာ CDM ပူးပေါင်းနေသလို လေယာဉ်ဆီ ဖြည့်ပေးရတဲ့ ကုမ္ပဏီ Puma ဝန်ထမ်းတွေ အလုပ်မလုပ်တော့တာကြောင့် ရန်ကုန်လေဆိပ်မှာ စစ်တပ်သုံး လေယာဥ်တွေ ပျံသန်းရန် အခက်အခဲရှိနေကြောင်း Puma ဝန်ထမ်းတွေဆီက သိရပါတယ်။ Puma ကုမ္ပဏီဟာ ရန်ကုန်လေဆိပ်မှာ လေယာဥ်ဆီ တင်ပို့ခွင့်ရတဲ့ တခုတည်းသော ကုမ္ပဏီဖြစ်ပေမယ့် စစ်အစိုးရလက်ထက်ကတည်းက နိုင်ငံတော်နှင့် အစုရှယ်ယာ ပူးပေါင်းမှုအပြည့်အဝ ထည့်သွင်းထားခြင်းမရှိကြောင်း ၂၀၁၉ ခုနစ် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင်ပါရှိခဲ့ဘူးပါတယ်။ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက နိုင်ငံတော်ကို လုပ်ငန်းပြန်လည်အပ်နှံရန် အသိပေးခဲ့ပြီး တပ်မတော်က အာဏာသိမ်းယူလိုက်တဲ့အတွက် ဝန်ထမ်းတွေကို လစာပြည့် အနားပေးခဲ့ပါတယ်။ ခုအချိန်မှာ မင်္ဂလာဒုံ လေဆိပ်က တပ်မတော်သုံး လေယာဥ်တွေကို လောင်စာဆီဖြည့်ဖို့အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ကြီးဌာန…

Read More

အကျဉ်းသားတွေ ဒီအချိန်မှာ ဘာလို့လွှတ်သလဲ

ဖေဖေါ်ဝါရီ ၁၂-၂၀၂၁ ၇၄နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား ၂၀၀၀၀ကျော်ကို နစအ ကောင်စီက ပုဒ်မ ၄၀၁ နဲ့ လွှတ်ပေးခဲ့တဲ့အပေါ် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက မြန်မာပြည်တာဝန်ခံ ကိုအောင်မျိုးကျော်ကို VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ VOM- ဒီနေ့ ပုဒ်မ ၄၀၁နဲ့ အကျဉ်းသား ၂၀၀၀၀ ကျော်လွှတ်တဲ့အပေါ် AAPP ရဲ့ သဘောထားလေး သိပါရစေ။ ကိုအောင်မျိုးကျော်- လွှတ်တာကတော့ဗျာ အပြင်ကိုရောက်လာတယ်ဆိုတာတော့ သူတို့အတွက်ကတော့ ဝမ်းသာစရာပါ။ ဒါပေမယ့် ဘယ်လိုရည်ရွယ်ချက်နဲ့ လွှတ်တာလဲ။ ပြန်လွတ်လာတဲ့ အကျဉ်းသားတွေ အနေနဲ့လည်း ပြည်သူတွေရဲ့ဆန္ဒပြပွဲမှာ ပူးပေါင်းပြီးတော့ပါဝင်လာမယ်ဆိုရင်တော့ ကျနော်တို့အားလုံးအတွက် အားတွေဖြစ်တယ်ပေါ့။ အဲ့လိုမဟုတ်ဘဲနဲ့ အဖျက်အမှောက်လုပ်ငန်းတွေ လုပ်ဖို့အတွက် ရည်ရွယ်ပြီး ပြန်လွှတ်တာဆိုရင်တော့ ဒါအင်မတန်ဆိုးရွားတဲ့ လုပ်ရပ်လို့ပဲ ပြောရမှာပဲ။ VOM- နိုင်ငံတကာမျက်နှာစာကို ပြဖို့မဖြစ်နိုင်ဘူးလား။ ကိုအောင်မျိုးကျော်- အဲ့လိုကတော့ မဖြစ်နိင်ဘူးလို့ ကျနော်ထင်တယ်။ VOM-…

Read More

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာ

ထက်အောင်စိုင်း (VOM) ရန်ကုန်-ဖေဖေါ်ဝါရီ-၁၂-၂၀၂၁ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ဟာ ဒီကနေ့ မနက် ၁၀ နာရီလောက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လွှတ်ငြိမ်းချမ်းသာ ပေးမှုနဲ့ အင်းစိန်ထောင်ကနေ ပြန်လည်လွှတ်မြောက်လာပါတယ်။ ဒေါက်တာအေးမောင်တို့ဟာ လက်ရှိ ရန်ကုန်မှာရှိနေသေးပြီး နောက် (၂) ရက်လောက်မှ စစ်တွေကို ရောက်ရှိမှာ ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ်က ဆိုပါတယ်။ ” လွှတ်လာပြီ။ ဒေါက်တာအေးမောင်ရော၊ စာရေးဆရာဝေဟင်အောင်လည်းလွှတ်တယ်။ ဒီနေ့တော့ ဒေါက်တာအေးမောင်မှာ မိသားစုဝင်တွေ ရန်ကုန်သွားဖို့ လုပ်နေတယ်။ စစ်တွေကို တော့နောက် ၂ ရက် ၃ ရက်လောက်မှပဲ ကျမယ်ထင်တယ်။” လို့ ဒေါက်တာအေးမောင်နဲ့ နီးစပ်တဲ့ လွှတ်တော်က်ိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ်က ဆိုပါတယ်။ ရသေ့တောင်မြို့မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ပြုလုပ်တဲ့ ရခိုင့်ဘုရင့်နိုင်ငံတော်အချုပ်အာဏာ ကျရှုံးခြင်း ဝမ်းနည်းဖွယ် အထိမ်းအမှတ်စာပေဟောပြောပွဲမှာ ဟောပြောခဲ့မှုကြောင့်…

Read More

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုမအောင်မြင်အောင် လုပ်ဆောင်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလအကြီးအကဲ တိုက်တွန်း

နယူးယောက်၊ ဖေဖော်ဝါရီ ၄ -၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှု မအောင်မြင်စေရေးအတွက် လုပ်ဆောင်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လုပ်လိုက်တာဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း အာဏာသိမ်ခေါင်းဆောင်တွေအနေနဲ့ ဒါဟာ တိုင်းပြည်အုပ်ချုပ်ဖို့နည်းလမ်းမဟုတ်တာကို နားလည်သဘောပေါက်ဖို့လိုတယ်လို့ သူကဆိုပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာချက်တစ်စောင်ထုတ်ပြန်ဖို့ ဆွေးနွေးနေပေမယ့် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချတဲ့ ဘယ်လိုအသုံးအနှုန်းမျိုးကိုမဆို တရုတ်နိုင်ငံက ကန့်ကွက်သွားဖွယ်ရှိနေပါတယ်။ ဖွဲ့စည်းပုံအခြေခံဆိုင်ရာအမိန့်ကို မြန်မာနိုင်ငံမှာ ပြန်လည်တည်ဆောက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ညီညွှတ်ကြလိမ့်မယ်လို့မျှော်လင့်ကြောင်း သူကဆိုပါတယ်။ ဒီအာဏာသိမ်းမှုမအောင်မြင်ဖို့အတွက် မြန်မာနိုင်ငံကို လုံလောက်တဲ့ဖိအားတွေပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက အဓိကပါဝင်သူတွေကို စည်းရုံနိုင်အောင် အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကုလအကြီးအကဲ ဂူတာရက်စ်ကပြောပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားစွဲဆိုမှုတွေပြုလုပ်ထားပါတယ်။ Ref: BBC Photo: AFP…

Read More
VOM News

FREE
VIEW