သမ္မတဓါတ်ပုံမဖြုတ်လို့ ရဲတပ်ဖွဲ့ဝင်တွေကိုရိုက်နှက်ခဲ့တဲ့ တပ်မတော်ဗိုလ်မှူးတစ်ဦးကို စစ်စည်းကမ်းနဲ့အရေးယူထား

ဖေဖော်ဝါရီ ၃ -၂၀၂၁ ကောင်းလက်ျာ(VOM) တပ်မတော်ကနေ နိုင်ငံတော်က်အာဏာအရပ်ရပ်ကိုထိန်းသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ရက်နေ့က သဲကုန်းမြို့မရဲစခန်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ဓါတ်ပုံကို မဖြုတ်‌သိမ်းသေးတဲ့အကြောင်းပြချက်နဲ့ သဲကုန်းမြို့မရဲစခန်းမှူး အပါအဝင် တာဝန်ကျရဲတပ်ဖွဲ့ဝင် ၈ ဦးကို တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးက တုတ်နဲ့ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ ဗိုလ်မှူးကိုတော့ စစ်စည်းကမ်းဥပဒေနဲ့ အရေးယူထားတယ်လို့ သဲကုန်းမြို့မရဲစခန်းကနေ သိရပါတယ်။ ” တပ်မတော်က ဗိုလ်မှူးကို စုံခုံဖွဲ့စစ်ဖို့ ကျွန်‌တော်တို့ကို သက်သေခေါ်ထားပါတယ်။ စစ်စည်းကမ်းနဲ့အရေးယူ‌ဆောင်ရွက်ထားတယ်လို့ အကြောင်းပြန်ထားပြီး ကျွန်တော်တို့အထက်အရာရှိက ရဲရဲရင့်ရင့် မှန်မှန်ကန်ကန်ထွက်ဆိုဖို့မှာကြားထားပါတယ်”လို့ ရိုက်နှက်ခံခဲ့ရတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ သဲကုန်းမြို့မရဲစခန်းကို အမှတ်(၈၀) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးသိန်းသန်းစိုး ဆိုသူနဲ့ တပ်မတော်သားအချို့ဟာ စခန်းစစ်ဆေးဖို့ အကြောင်းပြချက်နဲ့ရောက်လာခဲ့ချိန် ရဲစခန်းမှာချိတ်ဆွဲထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ဓါတ်ပုံကိုကြည့်ပြီး ” အရင်လူ‌တွေကိုထောက်ခံတာလား၊ အာခံခြင်းလား”လို့မေးကာ သဲကုန်းမြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်မင်းလွင်ကို တုတ်တိုတစ်ချောင်းနဲ့ ရိုက်နှက်ရုံမျှမက…

Read More

ဆရာတော်ဦးသောဘိတကို ဆက်သွယ်ရေးပုဒ်မနဲ့ ထောင်ဒဏ် ၂နှစ်ချ

ဖေဖော်ဝါရီ ၃ -၂၀၂၀ Voice Of Myanmar ရွှေဝါရောင်ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်)ကို ဒီကနေ့မနက်ပိုင်းကပဲ အမရပူရတရားရုံးကနေ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်က လူမူကွန်ယက်စာမျက်နှာမှာ တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းအောင်ရေးသားတယ်ဆိုပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒု-ဗိုလ်မှူးကြီး မျိုးခိုင်ဝင်းဆိုသူဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဆရာတော်ဦးသောဘိတကို ပုဒ်မ- ၅၀၅(ခ)နဲ့ တပ်မတော်က တရားစွဲဆိုခဲ့တာလည်းရှိခဲ့ပြီး အဲ့ဒီအမှုကိုတော့ အမရပူရမြို့နယ်တရားရုံးက ပလပ်ခဲ့တာ ဖြစ်ပါတယ်။ ဆရာတော်ဦးသောဘိတကို ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့အမှုကို အချိန်ကာလ ၂နှစ်ကြော်အကြာ ဒီကနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းပြီးနောက်ပိုင်းမှာ ထောင်ဒဏ်အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ ##voiceofmyanmar #VOM #မန္တလေး #ဦးသောဘိတ #ထောင်ဒဏ်၂နှစ်ချ

Read More

ခန္တီးပြည်သူ့ဆေးရုံမှာ ဖဲကြိုးနီကမ်ပိန်းပြုလုပ်

ဖေဖော်ဝါရီ ၃ -၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက် ပြည်သူ့ဆေးရုံမှာ ဒီကနေ့မနက်ပိုင်းက ကျန်းမာရေးဝန်ထမ်း ၅၀ ဦးခန့်ဟာ လက်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ ဆန့်ကျင်ရှံ့ချတဲ့ ဖဲကြိုးနီ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ” ခန္တီးဆေးရုံအုပ်ကြီး ဒေါက်တာနန်းမြတ်မြတ်မွှေးက ဦးဆောင်ပြီး ဆရာဝန် ၁၃ ယောက် ၊သူနာပြု ၂၆ ယောက်နဲ့ ကျန်းမာရေးဝန်ထမ်း ၁၁ ယောက် အားလုံး ၅၀ဦးက အလျား ၂ ပေ ၊ အနံ ၁ ပေခွဲ အရွယ်အစားရှိတဲ့ အဖြူရောင် ကျောက်သင်ပုန်း (ဝှိုက်ဘုတ်) ပေါ်မှာ စစ်အာဏာရှင် အလိုမရှိ စာတမ်းရေထားတာကို ကိုင်ဆောင်ပြီး လှုပ်ရှားမှု လုပ်နေတာဖြစ်တယ်”လို့ အဲ့ဒီဆေးရုံက အမည်မဖော်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အဲ့ဒီ…

Read More

မုံရွာမြို့မရဲစခန်းက ရဲအရာရှိတွေ ကိုဗစ် ၁၉ ရောဂါပို့တွေ့လို့ ဆေးကုသမှုခံယူနေရ

ဖေဖော်ဝါရီ ၃ -၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတွေထဲက ရဲအရာရှိ ၄ ဦးနဲ့ မြို့နယ်ရဲတပ်ဖွဲ့ရုံးက ရဲမေ ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရပြီး ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။ ” အလုပ်သင် ရဲအရာရှိ ၄ ယောက်က နယ်ပြောင်းတာဝန်ကျလို့ ကျန်းမာရေးစစ်ဆေးတဲ့အခါ ၃ ယောက်က ပိုးတွေ့တယ် ၊ သူတို့နဲ့ ထိစပ် ရဲအရာရှိ ၁ ယောက်က ဒီကနေ့ ပိုးထပ်တွေ့တယ် ၊ မြို့နယ်ရုံးက အနံပျောက် ရဲမေ ၁ ယောက်က မနေ့က ပိုးတွေ့တာဖြစ်တယ်”လို့ မုံရွာမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ဒု-ရဲအုပ် အလုပ်သင် ရဲအရာရှိ ၄ ယောက်ဟာ မုံရွာမြို့မရဲစခန်းမှာ အလုပ်သင်ကာလ ၁ နှစ်ပြည့်မြောက်တာကြောင့် ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ထဲက…

Read More

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီးနောက် ရခိုင်နဲ့ချင်းမှာ 4G အင်တာနက်ပြန်ရ

ဖေဖော်ဝါရီ ၃ -၂၀၂၁ ထက်အောင်စိုင်း(VOM) တပ်မတော်က အာဏာသိမ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီးနောက် ရခိုင်ပြည်နယ်က မြို့နယ်(၇)မြို့နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့မှာ မနေ့ဖေဖော်ဝါရီ ၂ရက် ည (၁၂) နာရီလောက်ကစပြီး မူလဖွင့်ပေးထားတဲ့ 2G အရည်အသွေးအင်တာနက်အမျိုးအစားကနေ 4G အင်တာနက်အမျိုးအစားကို ပြန်လည်ရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကနေ သိရပါတယ်။ အခုလိုမျိုး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တစ်နှစ်ကျော်ကြာပိတ်ပင်ခံထားရတဲ့ အင်တာနက်လိုင်းတွေကို တပ်မတော်အာဏာသိမ်းပြီး(၂) ရက်အကြာမှာ ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး အင်တာနက်တွေပြန်ဖွင့်ပေးတာဟာ ကောင်းတဲ့လက္ခဏာဖြစ်ပြီး အရင်ကတည်းက ရပိုင်ခွင့်တွေကို ပိတ်ပင်ခံထားရတဲ့အတွက် အခုရတာဟာလည်း ပုံမှန်အနေအထားသာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ကျောင်းသားသမဂ္ဂက သူတို့အမြင်ကို ပြောပါတယ်။ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ(စစ်တွေတက္ကသိုလ်) ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က “ ဒါကတော့ လူသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးပဲဖြစ်ပါတယ်။ ဒီလို အင်တာနက်လိုင်းတွေ အပြည့်အဝပြန်ဖွင့်ပေးတာကတော့ စစ်တပ်နဲ့အစိုးရက သူတို့အပြစ်ကို အမြင်မှန်ရလို့…

Read More

မြဝတီဆရာတော်ကို လူဝတ်လဲပြီးရုံးထုတ်စစ်ဆေး

မန္တလေး-ဖေဖေါ်ဝါရီ ၃-၂၀၂၁ Voice Of Myanmar မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသဘိဝံသ ဟာ တပ်မတော်ကို ဝေဖန်တဲ့စကားတွေ ရန်ကုန်ခေတ်သစ်မီဒီယာမှာ ဖြေကြားခဲ့လို့ဆိုပြီး ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတဲ့ အမှုအတွက် လူဝတ်လဲပြီး ရုံးတင်စစ်ဆေးတာဖြစ်ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့က မန္တလေးစစ်မြေပြင်အင်ဂျင်နီယာတပ်ကဒုဗိုလ်မှူးကြီးသော်တာထွေးကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားလိုလုပ်ပြီး ဆရာတော်ကို တရားစွဲဆိုခဲ့ပြီး အာမခံပေးထားခဲ့ရာက တပ်မတော်က အာဏာသိမ်းပြီးနောက်မှ ဖမ်းဆီးလူဝတ်လဲလိုက်တာဖြစ်ပါတယ်။ “ ဇွန်လ ၁၇ ရက်တုန်းက တပ်မတော်အရာရှိကြီးတဦးကနေ မဘသနာမည်ပြောင်းတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကိုသိန်း၃၀၀လှူတဲ့အပေါ် ခေတ်သစ်မီဒီကမေးလို့ ဘုန်းကြီးသဘောထားကိုဖြေလိုက်တယ် အဲဒါကို ဇွန်လ ၂၁ ရက်က သတင်းဌာနကတင်တယ် ဒီကိစ္စ ဘုန်းကြီးက စစ်တပ်ကို ဂုဏ်သရေညိုနွမ်းအောင် နစ်နာအောင်အကြံနဲ့ လုပ်တယ်ဆိုတဲ့ သဘောနဲ့ တရားစွဲတယ်လို့ ပြောတာပဲ ၊ ဒါတွေဘုန်းကြီးပြောသလားဆိုပြီး ရဲကလာမေးတယ်။ ဘုန်းကြီးပြောတယ်လို့ဖြေလိုက်တယ်၊ တဖက်က သူတို့နစ်နာအောင်လုပ်တယ်လို့ဆိုတာကတော့…

Read More

ရွေးကောက်ပွဲပြန်လုပ်ဖို့ လိုအပ်တဲ့ သန်းခေါင်စာရင်းတွေ မှန်ကန်အောင်ဆောင်ရွက်သွားမယ်ဆိုတဲ့ အနေအထားနဲ့ နေပြည်တော်အခြေအနေ

နေပြည်တော်-ဖေဖော်ဝါရီ ၃-၂၀၂၁ ဦးထွန်း(VOM)   ရွေးကောက်ပွဲပြန်လုပ်ဖို့ လိုအပ်တဲ့ သန်းခေါင်စာရင်းတွေ မှန်ကန်အောင်ဆောင်ရွက်သွားမယ်လို့ မနေ့ ဖေဖော်ဝါရီ ၂ရက်ကလုပ်တဲ့ ပထမအကြိမ် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ အာဏာသိမ်းစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။   ဗုဒ္ဓဘာသာဘုရားစေတီတွေအပါအဝင် အခြားဘာသာရေးဆိုင်ရာအဆောက်အဦးတွေမှာ ဘုရားပူဇော်ခွင့်၊ဘုရားဝတ်ပြုခွင့်တွေကို covid 19 စည်းကမ်းတွေနဲ့ အညီဖွင့်လှစ်နိုင်ရေး၊ ပြည်တွင်းခရီးသွားလုပ်ငန်းတွေနဲ့ ဟိုတယ်တွေကိုလည်း covid 19 စည်းမျဥ်း၊ စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံတကာဆက်ဆံရေးကိစ္စတွေ၊ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေးတွေကိုလည်း ထည့်ပြောခဲ့ပါတယ်။   ဖေဖော်ဝါရီ ၁ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းပြီးနောက် ပြည်ထောင်စုဝန်ကြီးတွေကို ရာထူးကနေ အနားပေးခဲ့ပြီးဝန်ကြီးအသစ်တွေ ခန့်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဌအဖြစ်တာဝန်ယူပြီး အဖွဲ့ဝင် ၁၀ဦးနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။   လတ်တလောနေပြည်တော်မှာတော့ အခြေအနေတည်ငြိမ်လျက်ရှိပြီး သမ္မတဦးဝင်းမြင့်ကို အိမ်တော်ကနေ ဖယ်ရှားမယ်ဆိုတဲ့သတင်းထွက်ပေါ်နေသလို၊  ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ…

Read More

ကချင်အစိုးရအဖွဲ့ဝန်ကြီးတွေထဲက ၃ ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး အများစုကိုပြန်လွှတ်ပေး

ဖေဖော်ဝါရီ ၂ -၂၀၂၁ ရန်အောင်ထွန်း(VOM) မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မလိခ ဧည့်ရိပ်သာမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတွေကို ထိန်းသိမ်းထားရာကနေ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက် ညနေပိုင်းမှာ အစိုးရအဖွဲ့အိမ်ရာဆီကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ပြန်လွှတ်ပေးလိုက်တဲ့ ဝန်ကြီးတွေအနေနဲ့ အစိုးရအိမ်ရာကနေ မိမိနေရပ်ကို ၃ ရက်အတွင်း အပြီးပြန်ရမှာဖြစ်ပြီး အကျယ်ချုပ်ပုံစံ ထိန်းသိမ်းတာမျိုး မဟုတ်ဘူးလို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို သူ့ရဲ့နေအိမ်မှာထိန်းသိမ်းထားမယ်လို့ ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ စည်ပင်ဝန်ကြီး ဦးနော်လီ ၊ ပြည်နယ် လ.ဝ.က ဝန်ကြီး ဦးဇော်ဝင်းနဲ့ ကချင်ပြည်နယ် NLDပါတီဥက္ကဋ္ဌ ဦးမြသိန်းတို့ကိုတော့ ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။ #voiceofmyanmar #VOM #ကချင် #ဝန်ကြီးလေးဦး #ဆက်လက်ထိန်းသိမ်းထား

Read More

ကရင်ဝန်ကြီးချုပ်ကို ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ထားရှိ

ဖေဖော်၀ါရီ ၂ -၂၀၂၁ ခွန်ခမ့်သူ(VOM) တပ်မ ၂၂ လက်အောက်ခံ၊ အမှတ်(၂၀၂) တပ်ရင်းဧည့်ရိပ်သာမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဒီကနေ့မနက်ပိုင်းက တပ်မတော်ကနေ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ ဇန်နဝါရီဝါရီ ၁ ရက်နေ့ မနက် ၄ နာရီခန့်မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို အစိုးရအဖွဲ့ဝန်ကြီးတွေနေထိုင်တဲ့ အိမ်ရာဝန်းအတွင်းမှာ တပ်မတော်က အင်အားသုံး လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟာ လက်ရှိမှာတော့ အကျယ်ချုပ်ပုံစံနဲ့နေထိုင်ရပြီး လုံခြုံရေးတွေနဲ့ စောင့်ကြည့်ခံထားရ​တယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကတော့ “ပြည်သူတွေ စိုးရိမ်နေသလိုပဲ ကျွန်မတို့က စိုးရိမ်တယ်။ ကျွန်မတို့က ပြည်သူတွေကိုလည်း စိုးရိမ်တယ်။ ကျွန်မတို့ခေါင်းဆောင်ကိုလည် စိုးရိမ်တာပေါ့။ ပြည်သူတွေက ယုံကြည်လို့ ပေးထားတဲ့ဟာကို ကျွန်မတို့ကလည်း အစွမ်းကုန် ပြန်ပြီးကြိုးစားမှာပါ။ အဲ့ဒီလို ကြိုးစားတဲ့အခါမှာ ပြည်သူတွေကကျွန်မတို့နဲ့အတူ အေးအေးချမ်းချမ်းလေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပေးပါလို့…

Read More

ရန်ကုန်မြို့မှာ တပ်မတော်ထိန်းသိမ်းပြီးနောက်ပိုင်း လူအများအပြားနဲ့လုပ်တဲ့ တပ်မတော်ထောက်ခံပွဲ

ဖေဖော်ဝါရီ ၂ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ တပ်မတော်ကနေ နိုင်ငံတော်ကိုထိန်းသိမ်းပြီးနောက်ပိုင်း တပ်မတော်ချစ်မြတ်နိုးသူတွေ ၊ ရဟန်းသံဃာတွေနဲ့ အမျိုးသားရေးလှုပ်ရှားသူ အများအပြားဟာ ဒီကနေ့နေ့လယ်ပိုင်းက တပ်မတော်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြပါတယ်။ လူအင်အားအများအပြား ပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲမှာ ပွင့်လင်းဆရာတော်၊ ဆရာတော် ဦးအဂ္ဂဓဇ၊ အမျိုးသားရေးလှုပ်ရှားသူဒေါ်ရွှေဇင်ဦး၊ အမျိုးသားရေးတရားလွှတ်တော်ရှေ့နေဦးအေးပိုင်တို့မှ ဟောပြောတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီထောက်ခံပွဲမှာ ဦးဆောင်ဟောပြောခဲ့တဲ့ ပွင့်လင်းဆရာတော်ဟာ ” တပ်မတော်က အာဏာသိမ်းတာမဟုတ်ဘူး၊ အာဏာထိန်းပေးတာ၊ ပါတီအရေးနဲ့ တိုင်းပြည်အရေး ယှဉ်လာရင် တိုင်းပြည်အရေးကို ဦးစားပေးရပါတယ်၊ တပ်မတော်က လုပ်သင့်လုပ်တာကို လုပ်သွားတာပါ”လို့ မိန့်ကြားပါတယ်။ ဆရာတော်ဦးအဂ္ဂဓဇကလည်း “အစိုးရက သာမည၊ တပ်မတော်က အဓိက၊ တိုင်းပြည်မှာ အစိုးရမရှိလို့ရတယ်၊ တပ်မတော်မရှိလို့ မရဘူး၊ ပါတီဆိုတာ ယာယီပါ၊ တပ်မတော်ကသာ ထာဝရ၊ တပ်မတော်ကို ထောက်ခံရတာကလည်း မြန်မာနိူင်ငံက တိုင်းသူပြည်သားတွေကို အုပ်ချုပ်မင်းလုပ်ရာမှာ…

Read More
VOM News

FREE
VIEW