ဖေဖော်ဝါရီ ၂ -၂၀၂၁ ကိုတိုးကြီး (VOM) မနေ့ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက တပ်မတော်ကနေ ထိန်းသိမ်းလိုက်တဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဟာ ဒီကနေ့မနက် ၁၀ နာရီက ပြန်လည်လွတ်မြောက်လာခဲ့ပြီး အစိုးရနေအိမ်ကနေ ဖယ်ရှားပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။ ” ဘယ်မှမသွားရဘူးတဲ့ ၊ ဒီမနက်မှာ လွှတ်တော် ဥက္ကဌနဲ့အတူ ပြန်လာခဲ့တယ်၊ ၃ ရက်အတွင်း အပြီးပြောင်းရွေ့ရမယ်ဆိုလို့ ပစ္စည်းတွေ သိမ်းနေတယ်”လို့ ဒေါက်တာမြင့်နိုင်က ပြောပါတယ်။ မနေ့ညနေပိုင်းက ဝန်ကြီးများအိမ်ရာကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းတို့ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အစိုးရရုံးနဲ့ လွှတ်တော်ရုံးလမ်းတွေကို လုံခြုံရေး တင်းကြပ်စွာချထားပြီး အများပြည်သူ အသွားအလာ ကန့်သတ်ထားတဲ့အတွက် ကျန်ဝန်ကြီးတွေ အိမ်ရာကို ပြန်ရောက်၊မရောက်ကိုတော့ စုံစမ်းအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် မနေ့က…
Read MoreYear: 2021
ဟားခါးမီးလောင်မှု လူ ၆ ဦးသေဆုံး
ဖေဖော်ဝါရီ ၂ -၂၀၂၁ ကောင်းလက်ျာ(VOM) ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့နယ်၊ ဈေးသစ်ရပ်ကွက်မှာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလးငယ်တွေ အပါအဝင် လူ ၆ဦး မီးလောင်သေဆုံးခဲ့ရတယ်လို့ ဟားခါးမီးသတ်စခန်းကနေ သိရပါတယ်။ ” ထမင်းပေါင်းအိုး အပူလွန်ကဲရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ နေအိမ်ပိုင်ရှင်ကို မီးပေါ့ဆမှု လူသေဆုံးမှုနဲ့ အမှုဖွင့်ထားတယ်”လို့ ဟားခါးမီးသတ်စခန်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဟားခါးမြို့နယ်၊ ဈေးသစ်ရပ်ကွက်မှာနေတဲ့ အသက်(၄၈ နှစ်)အရွယ် အမျိုးသားတစ်ဦးရဲ့နေအိမ်အတွင်း ထမင်းပေါင်းအိုးအပူလွန်ကဲရာကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိနေအိမ်တစ်လုံးကို ထပ်မံမီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုကြောင့် အသက် ၁၉ နှစ်၊ အသက် ၁၁ နှစ်အရွယ်အမျိုးသား ၂ဦး ၊အသက် ၁၇ နှစ်၊ အသက် ၁၄ နှစ်၊ အသက် ၇ နှစ်နဲ့ အသက် ၂ နှစ်အရွယ်အမျိုးသမီး ၄ဦးတို့ မီးလောင်သေဆုံးခဲ့တာဖြစ်တယ်လို့ ဟားခါးမီးသတ်စခန်းကနေ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်လို့…
Read Moreရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြန်လည်လွတ်မြောက်
ဖေဖော်ဝါရီ ၂ -၂၀၂၁ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်မှာ တပ်မတော်ကနေ ထိန်းသိမ်းထားတဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ဟာ ဒီကနေ့မနက် ၁၁ နာရီခန့်က နေအိမ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ မနေ့ဖေဖာ်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းကလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနဲ့ ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။ အခုလက်ရှိ တောင်ကြီးမြို့ပေါ်မှာတော့ အခြေအနေတည်ငြိမ်နေပြီး ပုံမှန်လည်ပတ်နေတာကိုလည်း တွေ့ရပါတယ်။ တပ်မတော်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်ပိုင်းက အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်အာဏာလွှဲပြောင်းယူကာ တစ်နှစ်ယာယီအာဏာသိမ်းကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေ၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေကို ထိန်းသိမ်းခဲ့တာလည်းဖြစ်ပါတယ်။ #voiceofmyanmar #VOM #ရှမ်းပြည်နယ် #ဝန်ကြီးချုပ် #ဒေါက်တာလင်းထွဋ်
Read Moreရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ အခြားဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌတွေ ဆက်လက်ထိန်းသိမ်းခံထားရ
ဖေဖော်ဝါရီ ၂ -၂၀၂၁ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ပြည်နယ်ဝန်ကြီးတွေနဲ့ လွှတ်တော် ဒု-ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌတို့ကို ဒီကနေ့မနက်ပိုင်းအချိန်ထိ တပ်မတော်က ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဂွမြို့က တပ်မတော် (၅၆၂)တပ်ရင်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့အတူ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနဲ့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်တို့ကို ထိန်းသိမ်းထားတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ပြောပါတယ်။ “ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အခုထိ ဆက်သွယ်လို့မရသေးဘူး။ မိသားစုတွေကလည်း အိမ်ကိုမရောက်သေးဘူးလို့ ပြောတယ်။ ဝန်ကြီးချုပ်နဲ့အတူတူ စစ်တပ်ထဲမှာ ခေါ်ထားခံရတဲ့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူးကတော့ စစ်တပ်ထဲက အပြင်ကို ပြန်လွှတ်လိုက်ပြီကြားတယ်။ တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း ရုံးထဲက အပြင်မထွက်ရဘူး။ ထိန်းသိမ်းထားတာ” လို့ တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်ကပြောပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကိုတော့ စစ်တွေတပ်နယ်အတွင်း ထိမ်းသိမ်းထားကြောင်း မနေ့က…
Read Moreဖွဲ့စည်းပုံအရ အာဏာသိမ်းတယ်ဆိုတာ ဥပဒေနဲ့ ညီသလား
မန္တလေး-ဖေဖေါ်ဝါရီ ၂-၂၀၂၁ ဆွေလင်းထွန်း +နေလင်း(VOM) မဲစာရင်းပြဿနာတွေကို အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးဖို့ ငြင်းပယ်တာ၊ အရေးယူဆောင်ရွက်မှုမရှိတာ၊ လွှတ်တော်အစည်းအဝေးတွေကို ရွှေ့ဆိုင်းမပေးတာတွေဟာ နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ယူရာရောက်တဲ့အတွက်ဖေဖော်ဝါရီ ၁ရက်နေ့မှာ ယာယီသမ္မတ ဦးမြင့်ဆွေအမိန့်နဲ့ တနိုင်ငံလုံးကို အရေးပေါ်အခြေအနေ တနှစ်ကြေညာခဲ့ပါတယ်။ အရေးပေါ်အခြေအနေကြေညာပြီးနောက် အခြေခံဥပဒေပုဒ်မ ၄၁၈အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ယာယီသမ္မတက လွှဲအပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ဖွဲ့စည်းပုံပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာခဲ့ပေမယ့်ဘယ်အချိန်မှာ ကျင်းပမယ်လို့တော့ ပြောထားတာ မတွေ့ရပါဘူး။ အခုလိုမျိုး တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အာဏာ ၃ ရပ်ကို ရယူတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့…
Read Moreတမူးး – ကလေးလမ်း ခရီးသည်တင်ကားတိမ်းမှောက်လို့ လူ ၅ ဦးသေ ၊ ၆ ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ ၂ -၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကံအောင်ကျေးရွာအနီး ဆားတောချောင်းကွေ့ အဆင်းမှာ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ကလေးခရိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ” တိမ်းမှောက်တဲ့ကားက Toyota Dyna နံပါတ်အနီရောင်ကားဖြစ်တယ် ၊ အဲ့ဒီကားပေါ်မှာ ခရီးသည် ၁၁ ယောက်လိုက်ပါလာတယ် ၊ ဆားတောချောင်းအဆင်း အကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာဖြစ်တယ်၊ လူ ၅ ဦးက အခင်းဖြစ်နေရာမှာတင် သေဆုံးသွားပြီး ကျန် ၆ ယောက်က ပြင်းထန်ဒဏ်ရာတွေရကြတယ်” လို့ ကလေးမြို့နယ်ရဲတပ်ဖွဲ့ရုံးက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ယာဥ်တိမ်းမှောက်ရာမှာ သေဆုံးသူ လူ ၅ ဦးဟာ အမျိုးသား ၄…
Read MoreVoice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ဇန်နဝါရီ ၃၁ ညနေခင်းအစီအစဉ်
ဇန်နဝါရီ၊ ၃၁- ၁- ၂၀၂၁ (VOM) – တတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေး အစမှာတင် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကို ရွေးချယ်ဖို့ လျာထား – ၇၂ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ ကျင်းပ – လက်ပံတောင်း သပိတ်စခန်းကို ဦးဆောင်ခဲ့တဲ့ ဆရာတော် ဥူးတိက္ခဉာဏ ပျံလွန်တော်မူ – လူ ၄ ဦး မီးလောင်သေဆုံးရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တောမီးရှို့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ယောက်ကို အမှုဖွင့်အရေးယူ – ပေ ၅ ရာကျော်အနက်ရှိတဲ့ ချောက်ထဲ ကားပြုတ်ကျလို့ လူ ၂ ဦး သေဆုံး – ရန်ကုန် မင်္ဂလာဈေးကို မနက်ဖြန် ပြန်ဖွင့်မယ် – ဆန္ဒပြပွဲအကြောင်းပြပြီးတော့ အကြမ်းဖက်လာတာတွေကို တရားဥပဒေမိုးစိုးရေးက ထိထိရောက် ရောက် မကာကွယ်နိုင် – လမ်းဘေးရပ်ထားတဲ့ကားကို…
Read Moreတပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲကို မြို့နယ် ၃ခုပေါင်း လူ၅ရာကျော်နဲ့ ရန်ကုန်မှာလုပ်
ဇန်နဝါရီ ၃၁ -၂၀၂၁ အေးချမ်းသူ(VOM) တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲကို ဒီကနေ့နေ့လယ် ၃နာရီက ဒဂုံမြို့၊ Mytelရုံးရှေ့၊ မင်္ဂလာ တောင်ညွန့်မြို့နယ် ရန်ကုန်တိရိစ္ဆာန်ဥယျာဥ်ရှေ့နဲ့ ဗဟန်းမြို့နယ် ကြေးသွန်းဘုရားရှေတို့မှာ စုရပ်လုပ်ပြီး လူအင်အား ၅၀၀ကျော်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဗဟန်းမြို့နယ် ကြေးသွန်းဘုရားရှေ့မှာပြုလုပ်တဲ့ဆန္ဒပြပွဲဟာ အမေရိကန်နဲ့ ပြည်ပနိူင်ငံတွေက ဝင်ရောက်စွက်ဖက်နေမှုတွေကန့်ကွက်ပွဲမှာ ဦးဆောင်ဟောပြောသူ ဆရာတော်ဦးအဂ္ဂဓဇက “ပြည်ပနိူင်ငံက မြန်မာနိူင်ငံကို သက်သက်ဝင်ပြီး စွက်ဖက်တာဟာ သက်သက်အထင်သေး နှိမ့်ကျနေသလိုဖြစ်နေတယ်၊ နိူင်ငံတစ်နိူင်ငံက ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ပြီး ဝင်စွက်ဖက်တာ အိမ်ရှင်တွေမကောင်းလို့ပါ”လို့ မိန့်ပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်ဟောပြောတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုဟန်မင်းဦးကလည်း “ဒီနေရာကို ရောက်ရှိနေတဲ့သူတွေက ကိုယ်တာဝန်သိစိတ်ဓာတ်နဲ့ ထောက်ခံဖို့ လာကြတာဗျ၊ နေပူထဲမှာ ကိုယ့်အိမ်မှာကိုယ်နေလို့ရရဲ့သားနဲ့ လာနေတာ၊ ဒီလောက်ပြောနေတာ အစိုးရက နားကန်းနေတာလား၊ အခုလို UECအနေနဲ့ မဲပြဿနာကို ဖြေရှင်းလို့ မပေးဘူးဆိုရင် ဘာတွေဆက်ဖြစ်လာမလဲကောင်းတာဖြစ်နိူင်ပါ့မလား”လို့ ပြောသွားပါတယ်။…
Read Moreရေကြောင်းပညာတက္ကသိုလ်က ရာထူးတိုးတဲ့ကိစ္စ တရားမျှတမှုရှိစေဖို့ တောင်းဆို
ဇန်နဝါရီ ၃၁ -၂၀၂၁ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်က အလုပ်ရုံနည်းပညာဌာနမှ ကတိက ဆရာမတစ်ဦးကို ရာထူးတိုးတာနဲ့ပတ်သက်ပြီး နစ်နာနေမှုဖြစ်ပေါ်နေတာကြောင့် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှာ ၂၀၀၅ ခုနှစ်က စပြီး အငယ်တန်းအင်ဂျင်နီယာ-၂အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ ဆရာမ ဒေါ်နုနုစိုးဆိုသူဟာ လုပ်သက် ၁၁ နှစ်ကျော်မှာ ကတိကရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။ အဲ့ဒီလို ကတိကရာထူးတိုးမြှင့်ပြီး ၃ နှစ်အကြာမှာတော့ လစ်လပ်နေတဲ့ အင်ဂျင်နီယာဌာနမှူးကြီး(ဌာနမှူး)ရာထူးကို ဆက်လက်လျှောက်ခဲ့ရာ လုပ်သက် ၇ နှစ်ငယ်တဲ့ အခြားသူကို ရာထူးတိုးပေးလိုက်တာကြောင့် တင်ပြထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ အင်ဂျင်နီယာမှူးကြီးရာထူးက ၂၀၁၈ ခုနှစ်ကတည်းက လစ်လပ်နေတာပါ ။ အဲ့ဒီ ကတည်းက ဆရာမက အင်ဂျင်နီယာဌာမှူးကြီးကိုလည်း တွဲဖက်ပြီး အလုပ်လုပ်နေရတာပါ။ ဆရာမတို့ကျောင်းမှာက ရာထူးလစ်လပ်နေရင် လျှောက်ထားလို့ရပါတယ်။ လျှောက်လိုက်တဲ့အခါမှာ ဆရာမနဲ့လုပ်သက် ၇ နှစ်ကွာတဲ့လူနဲ့…
Read Moreကျိုင်းတုံမှာ အိမ်စီးကားမှောက်ပြီး တွဲဖက်ပါမောက္ခ ၃ ဦးသေဆုံး
ဇန်နဝါရီ ၃၁ -၂၀၂၁ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းတုံ-မိုင်းဆက် လမ်းပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါလာတဲ့ တွဲဖက်ပါမောက္ခ အမျိုးသမီး ၃ ဦး သေဆုံးပြီး ကျန် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုင်းတုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ကနေ သိရပါတယ်။ ” ကားက ကုန်းအဆင်းဆိုတော့ အရှိန်လွန်တိမ်းမှောက်တဲ့သဘောပါ။ဒီကနေ့မနက်က ၁၉ မိုင်လို့ခေါ်တဲ့ နေရာမှာ အခုခေတ်စကားနဲ့ဆို တိမ်ပင်လယ်သွားကြည့်ပြီး ပြန်လာသူတွေပါ။ ကျိုင်းတုံတက္ကသိုလ်က ပါမောက္ခတွေ ဌာနမှူးတေွပါ”လို့ ကျိုင်းတုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်အောင်က ပြောပါတယ်။ ကျိုင်းတုံးတက္ကသိုလ်မှ ပါမောက္ခတွေနဲ့ ဌာနမှူးအချို့လိုက်ပါလာတဲ့ အိမ်စီးကားကို အသက် (၃၆ နှစ်)အရွယ် အမျိုးသားတစ်ဦး မောင်းလာပြီး ကျိုင်းတုံ-မိုင်းတုံ-မိုင်းဆတ်လမ်းအတိုင်း ကျိုင်းတုံဘက်ကို မောင်းလာချိန် မိုင်းခွန်းကုန်းဆင်းနေရာမှာ ဘရိတ်ပေါက်ကာ အရှိန်လွန် တိမ်းမှောက်ခဲ့တာလည်းဖြစ်ပါတယ်။ အမှုနဲ့ပတ်သက်လို့ ယာဉ်မောင်းဖြစ်သူကို…
Read More