ဇန်နဝါရီ ၃၁ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် စမ်းဝကျေးရွာအုပ်စု မုံရွာ – ပုသိမ် အဝေးပြေးကားလမ်းမှာ ရပ်ထားတဲ့ ကားတစ်စီးကို တပ်မတော်ကားတစ်စီးက ဝင်ရောက်တိုက်မိတဲ့အတွက် လူ ၁ ဦးသေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့ ယာဥ်တိုက်မှုဖြစ်စဥ် တစ်ရပ် မနေ့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ပဲခူးတိုင်း ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။ ” အခင်းဖြစ်တာက မုံရွာ ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၁၁၂ /၁ နဲ့ ၁၁၂ / ၂ အကြားမှာ ဖြစ်တာပါ ၊ အမှတ် ၅ ကာကွယ်ရေး ပစ္စည်းစက်ရုံက တပ်ကြပ်ကြီး နန်းဝင်းအောင် မောင်းနှင်လာတဲ့ ယာဥ်အမှတ်……၆ ဘီး ၊ Faw…
Read MoreYear: 2021
ရန်ကုန် မင်္ဂလာဈေးကို မနက်ဖြန် ပြန်ဖွင့်မယ်
ဇန်နဝါရီ ၃၁ -၂၀၂၁ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မှာရှိနေတဲ့ မင်္ဂလာဈေးအပါအဝင် မင်္ဂလာဈေးသစ် ၊ ရွှေပြည့်စုံဈေး ၊ မင်္ဂလာမွန်ဈေး ၊ အဆင့်မြင့် မင်္ဂလာဈေး စတဲ့ ဈေး ၅ ဈေးကို မနက်ဖြန် ဖေဖော်ဝါရီ ၁ရက်နေ့ကစပြီး ပြန်ဖွင့်မယ်လို့ မင်္ဂလာဈေးအကိျုးဆောင်အဖွဲ့ကနေ သိရပါတယ်။ မင်္ဂလာဈေးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က ပြန်လည်ဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာဌာနကို တင်ပြထားပြီးနောက်ပိုင်း ကျန်းမာရေးကာကွယ်ပစ္စည်းတွေနဲ့အတူ ကိုဗစ်စည်းမျဉ်းစည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်နိုင်ဖို့ ဈေးသူ ၊ ဈေးသားကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးတောင်းဆိုထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ “ ဈေးကိုပိတ်ထားတာက ၄ လနဲ့ ရက် ၂၀ ရှိနေပြီ ။ အန်တီတို့က လေးကြိမ် အစည်းအဝေးထိုင်ပြီးတော့ ကိုဗစ်စည်းကမ်းကျန်းမာရေးအကာအကွယ်တွေနဲ့ ထွက်ပါမယ်ဆိုပြီးတော့ ဈေးအကျိုးဆောင်ကိုယ်စားလှယ်တွေရယ် ဈေးအထက်ကိုယ်စားလှယ်တွေက တာဝန်ယူမှု တာဝန်ခံမှု လက်မှတ်တွေထိုးထားရပါတယ်။ ကျန်းမာရေးနဲ့အညီ…
Read Moreဆန္ဒပြပွဲအကြောင်းပြ အကြမ်းဖက်လာတာတွေကို တရားဥပဒေမိုးစိုးရေးက ထိထိရောက်ရောက် မကာကွယ်နိုင်
ရန်ကုန်-ဇန်နဝါရီ ၃၁ . ၂၀၂၁ ယဉ်ပပထွန်း (VOM) UEC ကို ကန့်ကွက်မှုနဲ့ တပ်မတော်ကို ထောက်ခံတဲ့ ပွဲမှာဆိုရင်တော့ တဖြေးဖြေးနဲ့ ရုန်းရင်း ဆန်ခတ် အသွင်ဆောင်လာတဲ့အခါမှာ ဥပဒေကျော်လွန်အကြမ်းဖက်လာတာတွေကို တရားဥပဒေစိုးမိုးရေးက ထိရောက်စွာမလုပ်နိုင်ဘူးလို့ နိုင်ငံရေးအသိုင်းအဝိုင်းတွေကဆိုကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူဒေါက်တာ မျိုးညွှန့်က သူ့အမြင်ကို ခုလိုပြောပါတယ်။ “ မြန်မာနိုင်ငံရဲ့ ပြသာနာက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ အခုက နိုင်ငံမှာက တရားဥပဒေ စိုးမိုးမှုအားနည်းနေတယ်ဆိုတာက သမ္မတရုံး သတင်းစာရှင်းပွဲမှာတောင် ထည့်ပြောရပါတယ် ။ ဥပဒေကိုကျော်လွန်အကြမ်းဖက်လာတာတွေကို တရားဥပဒေစိုးမိုးရေးက ထိရောက်စွာ မလုပ်နိုင်ဘူး ။ တရား ဥပဒေစိုးမိုးရေးနဲ့ပတ်သက်တဲ့ သူတွေကတော့ မျက်နှာပျက်စရာဖြစ်ပါလိမ့်မယ် “ လို့ ဆိုပါတယ်။ ရန်ကုန်မှာဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးမှုတွေက အောင်မြင်ခဲ့ပေမယ့်လည်း လက်တွေ့မှာ…
Read Moreလူ ၄ ဦး မီးလောင်သေဆုံးရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တောမီးရှို့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ယောက်ကို အမှုဖွင့်အရေးယူ
ဇန်နဝါရီ ၃၁ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ လူ ၄ ဦး မီးလောင်သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးအပါအဝင် လူ ၃ ယောက်ကို တောမီးရှို့ခဲ့မှုနဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က လဟယ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီ မီးလောင်မှုဖြစ်စဥ်ဟာ ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးဖို့ အတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးအပါအဝင် လူ ၃ ယောက်က တောမီးရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ထန်ခေါ်နောက်ကုန်း ကျေရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလန်း ၊ ဦးပါနဲ့ အရင် အုပ်ချုပ်ရေးမှုးဟောင်း ဦးခါနူးဝေကောက် ဆိုတဲ့ ၃ ယောက်ကို လူတွေရဲ့ အသက်ကို သေဆုံးနစ်နာအောင် မီးကိုပေါ့လျော့တန်စွာ အသုံးပြုတယ်ဆိုပြီး ဒုရဲအုပ် ဇော်သန်းထိုက်က တရာလိုပြုလုပ်ပြီး…
Read Moreပေ ၅ ရာကျော်အနက်ရှိတဲ့ ချောက်ထဲ ကားပြုတ်ကျလို့ လူ ၂ ဦး သေဆုံး
ဇန်နဝါရီ ၃၁ ၊ ၂၀၂၁ ကိုတိုးကြီး(VOM) ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့ကို သွားတဲ့တောင်ပေါ်ကားလမ်းမှာ မနေ့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက အနက်ပေ ၅ ရာကျော်ရှိတဲ့ ချောက်ထဲကို အိမ်စီးကား တစ်စီး အရှိန်မထိန်းနိုင်ဘဲ ကျသွားလို့ ယာဥ်ပေါ်ပါ လူ ၂ ယောက်သေဆုံးခဲ့တယ်လို့ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ” ဖြစ်တာက ဟားခါး – ထန်တလန် ကားလမ်း မိုင်တိုင်အမှတ် ၃ /၁ နဲ့ ၃ / ၂ အကြားရှိတဲ့ တောင်ပေါ်လမ်း ချောက်ထဲကို ကား ပြုတ်ကျတာဖြစ်တယ် ၊ ကားက အိမ်စီးကား ပါရာဒို ခဲရောင်ဖြစ်တယ် ထန်တလန်ကနေ ဟားခါးကို လာရင်း ဖြစ်သွားတာပါ “လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို သွားရောက်လုပ်ကိုင်နေတဲ့…
Read Moreငဖဲမြို့နယ်မှာ လူနေအိမ် ၃၈ လုံးနဲ့ လူ ၂ ယောက် မီးလောင်
ဇန်နဝါရီ ၃၁ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) မကွေးတိုင်း ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု လေးအိမ်စု ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက မီးကြွင်း မီးကျန်ကနေ မီးလောင်ခဲ့တယ်လို့ မကွေးတိုင်း မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးက သိရပါတယ် ။ ” မီးစတင်လောင်တဲ့အိမ်က ယာတောထဲသွားနေကြတာဖြစ်တယ် ၊မီးကြွင်းမီးကျန်ကနေ တဆင့်ကူးဆက်လောင်တာပါ ၊ လူနေအိမ် ၃၈ လုံး ၊ ဓမ္မာရုံ ၁ လုံး မီးလောင်ဆုံးရှုံးတယ် ၊ အိမ်ထောင်မိသားစု ၃၉ စု မီးဘေးသင့်ပြီး လူဦးရေ ၁၃၃ ယောက် မီးဘေးဒုက္ခရောက်ခဲ့ရတယ် ” လို့ ငဖဲမြို့နယ် မီးသတ်ဦးစီးမှူး ဦးနိုင်လင်ဦးက ပြောပါတယ်။ အဲ့ဒီ မီးလောင်မှုဖြစ်စဥ်မှာ တရိစ္ဆာန် အသေအပျောက် မရှိပေမယ့် အမျိုးသား ၂…
Read Moreစာအုပ်ငှားတဲ့သူ မရှိသလောက်နည်းပေမယ့် ငှားသူတစ်ယောက်ပဲရှိလည်း ဆက်ဖွင့်နေမယ်
မန္တလေး၊ ဇန်နဝါရီ – ၃၁- ၂၀၂၁ ညီသစ်(VOM) စာပေတခေတ်ဆန်းသစ်ခဲ့တုန်းက လက်မလည်အောင် ငှားရမ်းခဲ့ရတဲ့ စာအုပ်အငှားဆိုင်တွေဟာ ခုအင်တာနက်ခေတ်မှာ စာအုပ်အငှားဆိုင်တွေကို ခြေဦးလှည့်သူမရှိသလောက် ရှားပါးလာတာနဲ့အမျှ စာအုပ်အငှားဆိုင်တွေလည်း ကြံ့ကြံ့မခံနိုင်တော့ဘဲ ပျောက်ကွယ်သွားရပါတယ်။ ဒီထဲကမှ ၁၉၉၆ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ အမရပူရက အောင်ဆုမွန် စာပေကတော့ စာဖတ်သူ တစ်စုံတစ်ယောက်ရှိနေလည်း အကျိုးရှိမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆက်ဖွင့်ထားဆဲပါ။ အမရပူရမြို့ အထက(၁) ရဲ့မြောက်ဖက်မှာ ဆက်လက်ဖွင့်လှစ်ထားတဲ့ အောင်ဆုမွန်စာပေ(စာအုပ်အငှားဆိုင်) ရဲ့ အကြောင်းနဲ့ တချိန်က စာအုပ်အသစ်ထွက်ရင် တိုးဝှေ့ငှား ဖတ်ခဲ့ရတဲ့ ငယ်ဘဝကို ပြန်ပြောင်းသတိရမိစေဖို့ VOM ဝိုင်းတော်သား ကိုညီသစ်က ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ #VOM #voiceofmyanmar #စာအုပ်စာပေ #စာအုပ်အငှားဆိုင် #အောင်ဆုမွန် #အမရပူရ
Read MoreVoice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ဇန်နဝါရီ ၃၀ ညနေခင်းအစီအစဉ်
ဇန်နဝါရီ၊ ၃၀- ၁- ၂၀၂၁ (VOM) – တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းကသာ လိုက်နာဆောင်ရွက်နေတာဖြစ်တယ်လို့ ကာကွယ်ရေးဦးစီချုပ်က ပြောဆိုထား – တပ်မတော်ထောက်ခံပွဲနဲ့ UEC ကန့်ကွက်ပွဲကို လူရာနဲ့ချီပြီး ဆန္ဒပြခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်မှု တစ်ချို့ဖြစ်ခဲ့ကာ ပွားခဲ့ – ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ ဦးစီးမှူးတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ – ရပ်မိ/ရပ်ဖ ရွေးချယ်ပွဲမှာ ကြီးကြပ်လုပ်ဆောင်ပေးနေတဲ့ ထွေ/အုပ်ရပ်ကျေးစာရေးမတစ်ဦး ကိုဗစ်ပိုးတွေ့ – ထိုင်းနိုင်ငံက မြန်မာလုပ်သားတွေထဲက ဒုတိယအသုတ် ၁၀၆ ဦးကို မဲဆောက်ကတစ်ဆင့် ပြန်လွှဲမယ် – ပြည်ထောင်စုလွှတ်တော်တက်ရမယ့် ကိုယ်စားလှယ်တွေကို ဒုတိယအကြိမ်စစ်တာမှာ ၄ ယောက် ပိုးတွေ့ – အိန္ဒိယနယ်စပ်ကနေ ဆန်ဝယ်ပြန်လာတဲ့ လူ ၄ ဦး တောမီးလောင်လို့ သေဆုံး VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် Voice of…
Read Moreတပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲမှာ ဆန္ဒပြသူတွေက ရိုက်နှက်တာတွေရှိခဲ့
ဇန်နဝါရီ ၃၀ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကြေးသွန်းဘုရားရှေ့မှာ ဒီကနေ့ နေ့လယ်ပိုင်းက တပ်မတော်ထောက်ခံပွဲ၊ UECကန့်ကွက်ပွဲနဲ့ ပြည်ပကနေဝင်ရောက်စွက်ဖက်မှုတွေကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲမှာ ဆန္ဒပြသူတွေဟာ ရိုက်နှက်တာတွေရှိခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ မပါဝင်တဲ့ NLDအကျီဝတ်ဆင်ထားသူ ဆိုက်ကားသမားတစ်ဦးနဲ့ အခြားသူတစ်ဦးတို့ကို ဆန္ဒပြသူ ၁၀ဦးခန့်က ဝိုင်းဝန်းထိုးကြိတ်ခဲ့တာကြောင့် ဒဏ်ရာတွေရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ ဆန္ဒပြပွဲကို အမျိုးသားရေးဆရာတော်ဦးတေဇဝန္တ ၊ အမျိုးသားရေးလှုပ်ရှားသူတို့က ဦးဆောင်ကာ ကြေးသွန်းဘုရားအရှေ့ကို ချီတက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ အလားတူ ဒီကနေ့ နေ့လယ်ပိုင်းကလည်း ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ တပ်မတော်ထောက်ခံပြီး UECကန့်ကွက်ကြောင်း လူ ၁၁ဦးတို့က ဆန္ဒဖော်ထုတ်ခဲ့တာလည်း ရှိခဲ့ပါတယ်။ #voiceofmyanmar #VOM #ရန်ကုန် #UECကန့်ကွက်ပွဲ #ဆန္ဒပြသူတွေ #ရိုက်နှက်တာတွေရှိခဲ့
Read Moreထိုင်းနိုင်ငံက မြန်မာလုပ်သားတွေထဲက ဒုတိယအသုတ် ၁၀၆ ဦးကို မဲဆောက်ကတစ်ဆင့် ပြန်လွဲှမယ်
ဇန်နဝါရီ ၃၀ -၂၀၂၁ ကောင်းလက်ျာ(VOM) ထိုင်း-မြန်မာနယ်စပ် ရနောင်းမှာ ထိန်းသိမ်းခံထားရတဲ့မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ ကျော်ထဲက ဒုတိယအသုတ် ၁၀၆ ဦးကို ဒီကနေ့မနက်ပိုင်းက ရနောင်းကနေ မဲဆောက်ကို ပြန်လည်လွဲှပြောင်းပေးသွားမယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးကနေ သိရပါတယ်။ ” နှစ်နိုင်ငံသဘောတူထားတဲ့အချက်တွေအရ တနင်္သာရီတိုင်းက လုပ်သားတွေကို ရနောင်းကနေတစ်ဆင့် ကော့သောင်းကိုပြန်လွဲှပါမယ်။ ကျန်ပြည်နယ်နဲ့တိုင်းက လူတွေကတော့ ရနောင်းကနေ မဲဆောက် ပြန်ပို့ပြီး လွဲှပြောင်းပေးမှာပါ”လို့ မြန်မာအလုပ်သမားသံအရာရှိ(ရနောင်းတာဝန်ခံ) ဦးထက်ဝေဖြိုးကပြောပါတယ်။ ပြန်လွှဲပြောင်းပေးသွားမယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ၊ မိသားစုဝင်တွေနဲ့ ပြစ်ဒဏ်ကျခံပြီးသူ ၄၀၂ ဦးဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုအပါအဝင် အကြမ်းဖက်မှုမဟုတ်တဲ့ အမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း ထိုင်းနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ၂ လကနေ ၅ လကြာ ထိန်းသိမ်းခံထားရသူတွေဖြစ်တယ်လို့ ရနောင်းအုပ်ချုပ်ရေးမှူး Somkiat Sisanet က ပြောဆိုထားပါတယ်။ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေပြည်တွင်းကို ပြန်မပို့ပေးသေးတဲ့အတွက်…
Read More