ပြည်ထောင်စုလွှတ်တော်တက်ရမယ့် ကိုယ်စားလှယ်တွေကို ဒုတိယအကြိမ်စစ်တာမှာ ၄ ယောက် ပိုးတွေ့

နေပြည်တော်၊ ဇန်နဝါရီ ၃၀ -၂၀၂၁ ကိုထွန်း+နေလင်း(VOM) ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်ကိုတက်ရောက်ဖို့ နေပြည်တော်ကို ရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ပါလာတဲ့ မိသားစုတွေကို မနေ့ ဇန်နဝါရီ ၂၉ရက်နေ့က ကိုဗစ်ပိုးရှိမရှိ ဒုတိယအကြိမ်ထပ်မံ စစ်ဆေးခဲ့ပါတယ်။ အဲ့ဒီလိုစစ်ဆေးတာမှာ ရန်ကုန်တိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ယောက်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ယောက်မှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးကိုမေးကြည့်တော့ “ ကိုဗစ်ပိုးတွေ့တာဟုတ်ပါတယ်။ ခုတင် ၁၀၀၀ မှာ စောင့်ကြပ်ကုသပေးနေပါတယ်။ အရေအတွက်နဲ့ လူနာမည်စာရင်းတော့ ကျနော်ပြောခွင့်မရှိပါဘူး လွှတ်တော်ရုံးက ထုတ်ပြန်ပေးပါလိမ့်မယ်” လို့ ဆိုပါတယ်။ VOM ကနေ စုံစမ်းသိရှိရတာကတော့ NLD ရဲ့ကိုယ်စားလှယ်တွေဖြစ်တဲ့ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်က NLDပါတီရဲ့…

Read More

လယ်ယာကဏ္ဍဥပဒေအပေါ် အိန္ဒိယလယ်သမားတွေ အစာအငတ်ခံ ဆန္ဒပြနေကြ

ဒေလီ၊ ဇန်နဝါရီ ၃၀-၂၀၂၁ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံက လယ်သမားတွေဟာ လူတစ်ဦးသေဆုံးပြီး ရာပေါင်းများစွာဒဏ်ရာရရှိခဲ့တဲ့ အာဏာပိုင်တွေနဲ့ ထိပ်တိုက်ပဋိပက္ခတွေဖြစ်ပွားပြီးတဲ့ တစ်ပတ်အကြာမှာ လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲမှု ဥပဒေအပေါ် ဆက်လက်ဆန္ဒပြမှုအဖြစ် ဇန်နဝါရီ ၃၀ ရက်မှာ တစ်ရက်တာအစာအငတ်ခံဆန္ဒပြမှုကို စတင်လိုက်ပါတယ်။ ဒီဥပဒေဟာ လယ်သမားတွေအတွက်မဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအတွက်သာ အကျိုးရှိတယ်ဆိုပြီး သောင်းပေါင်းများစွာသော လယ်သမားတွေဟာ နယူးဒေလီရဲ့ ဆင်ခြေဖုံးဒေသတွေမှာ သပိတ်စခန်းတွေဖွင့်ပြီး ဆန္ဒပြနေကြတာ နှစ်လကြာမြင့်နေပြီဖြစ်ပါတယ်။ ဇန်နဝါရီ ၂၆ ရက်မှာကျရောက်တဲ့ အိန္ဒိယသမ္မတနိုင်ငံထူထောင်တဲ့နေ့မှာ ထွန်စက်တွေနဲ့ ဆန္ဒပြဖို့ကို လယ်သမားတွေက စီစဉ်ခဲ့ပြီး ဆန္ဒပြသူအချို့ဟာ ကြိုတင်သဘောတူထားတဲ့လမ်းကြောင်းကနေသွေဖယ်ပြီး အတားအဆီးတွေကို ဖြတ်ကျော်ခဲ့တာကြောင့် မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး လူစုခွဲဖို့ကြိုးစားတဲ့ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် မဟတ္တမဂန္ဒီကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့နဲ့တိုက်ဆိုင်ပြီးလုပ်တဲ့ ဇန်နဝါရီ ၃၀ ရက် အစာအငတ်ခံဆန္ဒပြမှုဟာ ဆန္ဒပြသူအများစု ငြိမ်းချမ်းစွာတောင်းဆို ဆန္ဒပြတယ်ဆိုတာကို ပြည်သူတွေကို ပြသတာဖြစ်တယ်လို့ ဆန္ဒပြလယ်သမားခေါင်းဆောင်တွေက…

Read More

ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ ဦးစီးမှူးတစ်ဦးမှာ ကိုဗစ်ပိုးတွေ့

ဇန်နဝါရီ ၃၀ -၂၀၂၁ သိင်္ဂီထွန်း(VOM) မကွေးတိုင်း၊ ချောက်မြို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ မြို့နယ်အားကစားဦးစီးမှူးမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ချောက်မြို့နယ်ပြည်သူ့ဆေးရုံကနေ သိရပါတယ်။ “လက္ခဏာက အနံ့ပျောက်တဲ့လက္ခဏာပြလို့ ဆရာ့ဆီကိုသတင်းပို့လို့ ဆရာတို့ကခေါ်ပြီးတော့ ဆေးရုံမှာ RDT နဲ့စစ်လိုက်တော့ positive ထွက်တယ်။ အနံ့ပျောက်တာကလွဲပြီး အားလုံးက Stable ပါပဲ။ သူက အဲ့ဒီတုန်းကကျတော့ ကိုဗစ်-၁၉ရဲ့ရောဂါလက္ခဏာတွေလည်းမရှိဘူး၊သံသယလက္ခဏာတွေလည်း မရှိဘူး။ ဘာမှမဖြစ်သေးဘူး အဲ့ဒါကြောင့်မို့လို့ ဆရာတို့က ထိုးပေးလိုက်တာပါ”လို့ ချောက်မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသက်ဦးကပြောပါတယ်။ မြို့နယ်အားကစားဦးစီးမှူးကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ အနံ့ပျောက်လက္ခဏာ ခံစားမှုရှိလာတဲ့အတွက် ဆေးစစ်ကြည့်ခဲ့ရာ ကိုဗစ်ပိုးရှိကြောင်း မနေ့ ဇန်နဝါရီလ ၂၉ ရက်က သိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံထားရသူတွေကို ကာကွယ်ဆေးထိုးပေးလို့မရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားတာလည်း ရှိပါတယ်။ အခုလို ကိုဗစ်ကာကွယ်ဆေးထိုးပြီးမှ ပိုးတွေ့ရှိမှုနဲ့ပတ်သက်ပြီး…

Read More

အိန္ဒိယနယ်စပ်ကနေ ဆန်ဝယ်ပြန်လာတဲ့ လူ ၄ ဦး တောမီးလောင်လို့ သေဆုံး

ဇန်နဝါရီ ၃၀ -၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ခေါ်လန်းမကျေးရွာသား ၄ ဦးဟာ မနေ့ ဇန်နဝါရီ ၂၉ ရက်ညနေပိုင်းက အိန္ဒိယနယ်စပ်ကနေ ဆန်ဝယ်ယူပြီး ပြန်လာတဲ့လမ်းမှာ တောမီးလောင်လို့ သေဆုံးသွားခဲ့ပါတယ်။ ” ထန်ခေါ်လန်မကျေးရွာက လူ ၄ ယောက်က အိန္ဒိယနယ်စပ်မှာ ဆန်ဝယ်ပြီးအပြန် ကာရော်နောက်ညူကျေးရွာနဲ့ ထန်ခေါ်နောက်ကုန်း ကျေးရွာအကြား ထန်ခေါ်နောက်ကုန်းကျေးရွာအပိုင်နယ်မြေထဲမှာ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးဖို့ တောမီးရှို့ထားတဲ့ တောမီးကဝိုင်းပြီး လွှတ်အောင်မပြေးနိုင်တဲ့အတွက် မီးလောင်ပြီး သေဆုံးတာဖြစ်တယ်”လို့ လဟယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ယောက်ကပြောပါတယ်။ လဟယ်မြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်ကလည်း” တောမီးလောင်လို့ လူ ၄ ယောက်သေဆုံးတဲ့နေရာကို သွားနေတယ်၊ လဟယ်မြို့နဲ့ အခင်းဖြစ်နေရာက ၃၈ မိုင်ဝေးတယ်၊ ဆိုင်ကယ်နဲ့ ၄ နာရီလောက်သွားရပြီး နောက်ထပ် ခြေလျင် ၁ နာရီလောက်ဆက်သွားရတယ် ၊ လမ်းပန်းဆက်သွယ်ရေး…

Read More

အမေရိကန်က အရေးယူပိတ်ဆို့မှုမရုပ်သိမ်းရင် နျူကလီးယားအစီအစဉ် အရှိန်မလျှော့ဘူးလို့ အီရန်ပြော

တီဟီရန်၊ ဇန်နဝါရီ ၃၀-၂၀၂၁ မျိုးဆက် (VOM) အမေရိကန်က အရေးယူပိတ်ဆို့မှုတွေမရုပ်သိမ်းမီ အီရန်ရဲ့နျူကလီးယားအစီအစဉ် အရှိန်မြှင့်လုပ်ဆောင်နေတာတွေကို ပြောင်းလဲဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို လက်ခံမှာမဟုတ်ဘူလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်က ဇန်နဝါရီ ၂၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဒီလိုတောင်းဆိုမှုဟာ လက်တွေ့မကျတာကြောင့် မဖြစ်နိုင်ဘူးလို့ တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အစ္စတန်ဘူမှာပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်။ အမေရိကန်ဟာ ၂၀၁၅ ခုနှစ်နျူကလီးယားသဘောတူစာချုပ်ကို ပြန်လည်မဝင်ရောက်မီ စာချုပ်ပါစည်းမျဉ်းတွေအရ နျူကလီးယားလုပ်ဆောင်မှုတွေအပေါ် ထိန်းချုပ်ထားတာကို အီရန်က ပြန်လည်လိုက်နာဖို့ သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရသစ်က ပြောကြားထားပါတယ်။ ၂၀၁၈ ခုနှစ်မှာ အဲ့ဒီစာချုပ်ကနေနှုတ်ထွက်ပြီး အီရန်အပေါ်အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်လိုက်တဲ့ သမ္မတဟောင်းဒေါ်နယ်ထရန့်ရဲ့ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်မှုအဖြစ် အီရန်ဟာ စာချုပ်ပါစည်းမျဉ်းတွေကို တစ်ဆင့်ချင်းချိုးဖောက်နေခဲ့ပါတယ်။ အီရန်ဟာ အခုလအစောပိုင်းကလည်း နျူကလီးယားသဘောတူစာချုပ်မတိုင်မီက တည်ဆောက်ခဲ့တဲ့ မြေအောက်နျူကလီးယားစက်ရုံမှာ ယူရေနီယံသန့်စင်မှုကို ၂၀ ရာခိုင်နှုန်းတိုးမြှင့်သန့်စင်တာတွေကို ပြန်လည်စတင်ခဲ့ပါတယ်။ Ref :…

Read More

ရပ်မိ/ရပ်ဖ ရွေးချယ်ပွဲမှာ ကြီးကြပ်လုပ်ဆောင်ပေးနေတဲ့ ထွေ/အုပ်ရပ်ကျေးစာရေးမတစ်ဦး ကိုဗစ်ပိုးတွေ့

ဇန်နဝါရီ ၃၀ -၂၀၂၁ နေလင်းဖြူ(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်မှာ မနေ့ ဇန်နဝါရီလ၂၉ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအတွက် ရပ်မိ/ရပ်ဖကြီးကြပ်ရေးမှူး ၅ဦး ရွေးချယ်ပွဲကြီးကြပ်လုပ်ဆောင်ပေးနေတဲ့ ထွေ/အုပ် ရပ်ကျေးစာရေးမတစ်ဦး အနံပျောက်လို့ စစ်ဆေးရာကနေ ကိုဗစ်ပိုးတွေ့ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ ပခုက္ကူပြည်သူ့ကျန်းမားရေးဦးစီးဌာန ဒုတိယပြည်သူကျန်မားရေဌာနမှူး ဒေါက်တာအောင်ခင်ဆင့်ကလည်း ” ပိုးတွေ့မိသားစုဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်အာလုံးကိုကျန်းမာရေးဌာနရဲ့ လမ်းညွှန်မူအတိုင်း လိုက်နာဆောင်ရွက်သွားဖို့နဲ့ ထိစပ်မူရှိခဲ့သူတွေအနေနဲ့ လက်တလော အိမ်မှာ(HQ)နေပြီး အသွားအလာကန့်သတ်နေထိုင်ပေးဖို့ မေတ္တာရပ်ခံထားတယ်”လို့ ပြောပါတယ်။ ” မနက်ပိုင်းက အ.ထ.က-၂ကျောင်းဝန်းအတွင်းမှာ ရပ်မိရပ်ဖ ကြီးကြပ်ရေးမှူး ၅ဦး ရွေးချယ်ပွဲမှာ ကြီးကြပ်လုပ်ဆောင်ပေးနေတဲ့ ညနေပိုင်းမှာ စာရေးမက ဖျားနာပြီး အနံပျောက်လို့ ပခုက္ကူခရိုင်ပြည်သူဆေးရုံကြီးမှာ RDTနဲ့စစ်ဆေးတာ Positiveတွေ့ရှိတာဖြစ်တယ်”လို့ အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းအောင်ကပြောပါတယ်။ အမှတ်(၁၁) ရပ်ကွက်ရပ်မိရပ်ဖကြီးကြပ်ရေးမှူးရွေးချယ်ပွဲကို တက်ရောက်သူ ၃၀၀ ကျော်ရှိပြီး တက်ရောက်လာသူအားလုံးကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စည်ကမ်းချက်နဲ့အညီ စီမံဆောင်ရွက်ထားခဲ့တယ်လို့လည်း…

Read More

သမ္မတ၊ အတိုင်ပင်ခံ၊ ကာချုပ်နဲ့ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌ တို့ကို တရားစွဲတဲ့ ဦးဇော်ဝိတ်ရဲ့ ဒီကနေ့ ကြားနာပွဲအပေါ်အမြင်

မန္တလေး-ဇန်နဝါရီ ၂၉-၂၀၂၁ နေလင်း( VOM) မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ၊ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌတို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ စာချွန်တော်တက်ပြီး တရားစွဲဆိုတဲ့ ကိစ္စ လက်ခံမခံကို ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်မနက်က Video conferencing စနစ်နဲ့ ကြားနာခဲ့ပါတယ်။ ဒီကနေ့ ကြားနာတဲ့ အခြေအနေကို သိနိုင်ဖို့ တိုင်ကြားထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။ VOM: ရှေ့နေကြီးဦးဇော်ဝိတ်ခင်မျာ ဒီကနေ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဆရာစွဲဆိုထားတဲ့ စာချွန်တော်အမှုကိစ္စ ကြားနာတော့ Video Conferencing လုပ်တယ်လို့သိရပါတယ် ဆရာတက်ရောက်ကြားနာခဲ့တဲ့ အကြောင်းအရင်ပြောပြပါ့လားဗျာ ဦးဇော်ဝိတ်: Video Conferencing က ကျနော်ကိုယ်တိုင်ကြားနာတာ။ ကျနော်ပဲ လျှောက်လဲချက်ပေးရတာလေ။ VOM:ဟုတ်ကဲ့ခင်ဗျ။ အဲ့အကြောင်းအရာကို ပြောပေးလို့ရမလားခင်ဗျ။ ဦးဇော်ဝိတ်:အဲ့ဒီအကြောင်းအရာက ကျနော်ပြောလို့မရဘူး။…

Read More

Voice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ဇန်နဝါရီ ၂၉ ညနေခင်းအစီအစဉ်

ဇန်နဝါရီ၊ ၂၉- ၁- ၂၀၂၁ (VOM) – နိုင်ငံတော်သမ္မတနဲ့ UEC ဥက္ကဋ္ဌ စာချွန်တော်အမှု ဒီနေ့ စီရင်ချက်မချ – အမျိုးသားလွှတ်တော် ကျင်းပမယ့်ရက်ရွှေ့ဆိုင်း – နေပြည်တော်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ဆန္ဒပြခွင့်မရ -အမေရိကန်သံရုံးအပါအဝင်သံရုံး ၂၀ကျော်နဲ့ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေက လက်ရှိအခင်းအကျင်းအပေါ်မေတ္တာရပ်ခံ – ပြည်အကျဉ်းထောင်က Negativeထွက်ထားတဲ့ အကျဉ်းသား ၁၈ ဦး ကိုဗစ်ပိုးတွေ့ – လူပေါင်း ၁ သိန်းကျော်ဆေးကုသခဲ့တဲ့ ကုသိုလ်ဖြစ်ဆေးခန်းကို ဆေးရုံအဖြစ်ပြောင်းလဲမယ် – ပုသိမ်မှာ တပ်မတော်ထောက်ခံပွဲ ဦးဆောင်ပြုလုပ်ခဲ့သူ ၄ ဦးကို အရေးယူ – အောင်ဘာလေထီ ဈေးပိုရောင်းသူတွေကို ပါမစ်နဲ့ အာမခံငွေ သိမ်းဆည်းမယ် – မန္တလေးတိုင်း တရားလွှတ်တော်ရုံး ရှေ့မှာ လုံခြုံရေးတင်းကျပ်ထား – မှော်ဘီမြို့မဈေးက စည်ပင်ဥက္ကဋ္ဌကို ဈေးသည်တွေက ဆန္ဒပြ VOM…

Read More

တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲ လူပေါင်း ရာနဲ့ချီ ဆန္ဒပြ

ဇန်နဝါရီ ၂၉ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဦးထောင်ဘိုအဝိုင်းအနီး ၊ ကမ္ဘာအေဘုရားလမ်းပေါ်မှာ ဒီကနေ့နေ့လယ်ပိုင်းမှာ တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲကို လူပေါင်းရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲဦးဆောင်သူ ဦးမြင့်စန်းက “၂၀၁၅မှာလည်း ရွေးကောက်ပွဲလုပ်တာပဲ၊ လုပ်ခဲ့တဲ့အခြေအနေတစ်ရပ်အပေါ်မှာ စေတနာအမှား မှားတာကိုလက်ခံလို့ရတယ်၊ အခုလို ရည်ရွက်ချက်ရှိရှိနဲ့မှားတာကို လက်ခံလို့မရပါဘူး၊ ကျနော်ပြည်သူတစ်ယောက်အနေနဲ့ ဆန္ဒပြတာပါ”လို့ပြောပါတယ်။ ဆန္ဒပြသူတွေဟာ လူ၃၀ခန့်နဲ့ ဗဟန်းမြို့မရဲစခန်းမှာ ငြိမ်းစုစီတင်ထားပေမယ့် ဒီကနေ့ပြုလုပ်တဲ့ပွဲမှာတော့ လူပေါင်းရာနဲ့ချီပြီး ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ဆန္ဒပြသူတွေဟာ “UECအလိုမရှိ၊ မဲလိမ်မဲခိုးအစိုးရ အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေနဲ့ ဗဟန်းကြေးသွန်းဘုရာအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ၂၀၂၀ ရွေးကောက်ပွဲပြီးတဲ့အချိန်ကနေ လက်ရှိအချိန်ထိ တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ဆန္ဒပြတာတွေ မကြာခဏပြုလုပ်လာတာကို တွေ့ရပြီး ကန့်ကွက်ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သလို ဦးဆောင်ဆန္ဒပြသူတွေကို ဖမ်းဆီးအမှုဖွင့်ထားတာတွေလည်း ရှိနေပါတယ်။ #voiceofmyanmar #VOM #ရန်ကုန်…

Read More

မှော်ဘီမြို့မဈေးက စည်ပင်ဥက္ကဋ္ဌကို ဈေးသည်တွေက ဆန္ဒပြ

ဇန်နဝါရီ ၂၉ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၊ မြို့မဈေးကြီးက စည်ပင်ဥက္ကဋ္ဌဟာ ဈေးသူဈေးသားတွေအပေါ် အနိူင်ကျင့်အာဏာပြ ဒဏ်ငွေအကြိမ်ကြိမ်ရိုက်တယ်ဆိုပြီး ဒီကနေ့နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ မှော်ဘီမြို့မဈေးကြီးအတွင်းရှိ စည်ပင်ဥက္ကဌဒေါ်တင်ဌေးဝင်းဆိုသူက ဈေးသည်တွေကို အနိုင်ကျင့်ပြီး ဒဏ်ငွေရိုက်ခြင်း၊ တရားစွဲဆိုတာတွေပြုလုပ်ခဲ့တာကြောင့် စည်ပင်ဥက္ကဋ္ဌကို အသစ်ပြန်လည်ရွေးချယ်ပေးဖို့အတွက် ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ဒေါ်စန္ဒာမင်းက ပြောပါတယ်။ “ဈေးသည်တွေ ဈေးရောင်းရတာ အနိူင်ကျင့်သလိုဖြစ်နေတယ်၊ A မှာရှိတဲ့သူတွေက ၂ပေပဲရောင်းရတယ်၊ အခြားရုံတွေက ၄ပေ သို့မဟုတ် ၆ပေရောင်းရတယ်၊ မကျေနပ်လို့ပြောရင် စည်ကမ်းမလိုက်နာရင် ဒဏ်ရိုက်တယ် တရားစွဲတယ်။ ဒါကြောင့် ဥက္ကဋ္ဌကို ပြန်လည်ရွေးချယ်ပေးစေချင်တယ်”လို့ ဒေါ်စန္ဒာမင်းကပြောပါတယ်။ စည်ပင်ဥက္ကဋ္ဌ ဒေါ်တင်ဌေးဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် မေလက ဈေးသည် ၆ဦးခန့်ကို စည်းကမ်းမလိုက်နာလို့ ပုဒ်မ-၈၁၊ ပုဒ်မ-၈၆နဲ့ တရားစွဲဆိုခဲ့တာရှိတယ်လို့လည်း သိရပါတယ်။ ဆန္ဒပြသူတွေဟာ မှော်ဘီမြို့မဈေးကြီးအတွင်း “စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်တင်ဌေးဝင်း အလိုမရှိ၊…

Read More
VOM News

FREE
VIEW