နေပြည်တော်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ဆန္ဒပြခွင့်မရ

ဇန်နဝါရီ ၂၉ -၂၀၂၁ ကိုထွန်း(VOM) နေပြည်တော်မှာတော့ အင်အားပြလှည့်လည်နေတဲ့ ပြည်ခိုင်ဖြိုးပါတီကိုဝန်းရံသူတွေဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကို သွားရောက်ဆန္ဒပြကန့်ကွက်တာမဟုတ်ဘဲ UECဥက္ကဋ္ဌအိမ်ရှေ့ကို အဓိကသွားရောက်ကန့်ကွက်ဆန္ဒပြလိုတာဖြစ်တယ်လို့ သိရပါတယ်။ အခုလို UEC အိမ်ရှေ့သွားတဲ့လမ်းကို ဝင်ခွင့်မရတဲ့အတွက် ၄၉အဝိုင်းကို ဆယ်ပတ်ခန့်ပတ်ပြီး မြို့မဈေး၊ သပြေကုန်းဈေးတွေကိုပဲ လှည့်လည်ခဲ့ကြရတယ်လို့ လှည့်လည်ရာမှာ ဝန်းရံသူလို့မိတ်ဆက်သူ မချိုကပြောပါတယ်။ နေပြည်တော်ကို သွားတဲ့ကားတွေ ပိတ်လိုက်ပါပြီ။ ရန်ကုန်အောက်က တက်တဲ့ကားတွေ ၁၁၅ မိုင်က လှည့်ပြန်ရပါတယ်။ အထက်မန္တလေးကလာတဲ့ကားတွေ တောင်ညို ၂၂၀မိုင်ကို ကျော်လို့ မရတော့ပါဘူး ပြန်ပြီး လှည့်ရပါတယ်လို့ ခရီးသွားအချို့ကပြောပါတယ်။ ဒီကနေ့မနက်ပိုင်းကစပြီး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကိုသွားတဲ့ ရာဇဌာနီ (၂)လမ်း၊ ရုံးအမှတ် (၂၃)အဝိုင်းက စတင်ပြီး နေရာ ၃ ခုကို လုံခြုံရေးတင်းကျပ်ထားတာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲမဲမသမာမှုဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့အပေါ်ကို…

Read More

နိုင်ငံတော်သမ္မတနဲ့ UEC ဥက္ကဋ္ဌ စာချွန်တော်အမှု ဒီနေ့ စီရင်ချက်မချ

ဇန်နဝါရီ ၂၉ -၂၀၂၁ Voice of Myanmar နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဒီနေ့ ဇန်နဝါရီလ ၂၉ရက်နေ့အတွက် ရာဇဝတ်ဆိုင်ရာအမှုတွေ၊ တရားမဆိုင်ရာအမှုတွေနဲ့ စာချွန်တော်ဆိုင်ရာအမှုတွေ စီရင်ချမှတ်တာ မရှိဘူးလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးရဲ့ ဝဘ်ဆိုက်စာမျက်နှာမှာ ကြေညာထားပါတယ်။ နိုင်ငံတော်သမ္မတအပါအဝင် ၄ဦးနဲ့ UEC ဥက္ကဋ္ဌအပါအဝင် ၁၅ဦးတို့ကို Video conferencing နဲ့ အမှုကြားနာဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အခုလအစောပိုင်းက ကြိုတင်သတိပေး အမှုခေါ်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဦးဝင်းမြင့် အပါအဝင် ၄ဦးကို မန္တလေးက အမျိုးသားရေးရှေ့နေ ဦးဇော်ဝိတ်က စာချွန်တော်လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းအပါအဝင် ၁၅ဦးကိုတော့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့က စာချွန်တော်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ သမ္မတနဲ့ UEC ဥက္ကဋ္ဌတို့ကို အမှုကြားနာမယ့် ဒီနေ့မှာပဲ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေက နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအနီးမှာ လှည့်လည်အင်အားပြနေကြတဲ့အတွက် ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကြပ်ထားတယ်လို့လည်း…

Read More

ပြည်အကျဉ်းထောင်က Negativeထွက်ထားတဲ့ အကျဉ်းသား ၁၈ ဦး ကိုဗစ်ပိုးတွေ့

ဇန်နဝါရီ ၂၉ -၂၀၂၁ သိင်္ဂီထွန်း(VOM) ပြည်မြို့အကျဉ်းထောင်က Negative ထွက်ပြီးသား အကျဉ်းသားတွေထဲက ၁၈ ဦးမှာ ကိုဗစ်ပိုးရှိကြောင်းကို ထပ်မံစစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။ အကျဉ်းသား ၁၈ ဦးမှာ ကိုဗစ်ပိုးရှိကြောင်းကို မနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ သိရှိခဲ့ရတာဖြစ်ပြီး၊ သူတို့ဟာ ပထမအကြိမ် ဆေးစစ်မှုမှာ Negative ထွက်ရှိထားတာဖြစ်ပါတယ်။ ဒုတိယအကြိမ် ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့စစ်ဆေးတဲ့အခါမှာတော့ ကိုဗစ်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “ပြည်အကျေဉ်းထောင်က ပထမပိုးတွေ့တဲ့အသုတ်က Test Kitနဲ့စစ်တာ။ အဲ့ဒါကို ဒုတိယအသုတ် ရန်ကုန်ကိုပို့ပြီးစစ်တော့ positive ထွက်တာပါ”လို့ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကေခိုင်ဝင်းကပြောပါတယ်။ ဒါကြောင့် ပြည်အကျဉ်းထောင်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့ အကျဉ်းသား ၃၉ ဦးရှိနေပြီး ကိုဗစ်ကူးစက်ခံရတဲ့ အကျဉ်းထောင်ဝန်ထမ်း ၄၀ ဦး ရှိနေပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုဗစ်ပိုးတွေ့တဲ့…

Read More

ကိုဗစ်-၁၉ ကူးစက်ခံရတဲ့အမျိုးသားတွေ သုတ်ပိုးနဲ့ မျိုးဆက်ပွားကျန်းမာရေး ထိခိုက်နိုင်

လန်ဒန်၊ ဇန်နဝါရီ ၂၉-၂၀၂၁ မျိုးဆက် (VOM) ကိုဗစ်-၁၉ ရောဂါဟာ အမျိုးသားတွေရဲ့ သုတ်ပိုးအရေအသွေးနဲ့ မျိုးပွားမှုနှုန်းကို ပျက်စီးစေကြောင်း စမ်းသပ်မှုသက်သေအထောက်အထားတွေအပေါ်အခြေခံတဲ့ လေ့လာမှုသစ်တစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။ လူသန်းပေါင်း ၂ ဒသမ၂ သန်းနီးပါး သေဆုံးစေခဲ့တဲ့ အဲဒီဗိုင်းရပ်စ်ဟာ သုတ်ပိုးဆဲလ်သေဆုံးမှုမြင့်တက်ခြင်း၊ ယောင်ယမ်းခြင်းနဲ့ အောက်စီဂျင်ဓါတ်တိုးမှုအပေါ် ဖိစီးမှုများဖြစ်ပေါ်စေနိုင်တယ်လို့ ဇန်နဝါရီ ၂၉ ရက် ထုတ် Journal Reproduction မှာ သုတေသီတွေက ပြောပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ရောဂါကြောင့် အမျိုးသားတွေရဲ့ မျိုးပွားစနစ်ကိုပစ်မှတ်ထား ပျက်စီးသွားတာနဲ့ ပတ်သက်ပြီး ပထမဆုံး တိုက်ရိုက်စမ်းသပ်ခဲ့တဲ့ သက်သေအထောက်အထားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ရောဂါဟာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးပြသနာရှိသူတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားစေပါတယ်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်းမှာ ရောဂါစတင်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ ကူးစက်ခံရသူ သန်း ၁၀၀…

Read More

လူပေါင်း ၁သိန်းကျော်ဆေးကုသခဲ့တဲ့ ကုသိုလ်ဖြစ်ဆေးခန်းကို ဆေးရုံအဖြစ်ပြောင်းလဲမယ်

ဇန်နဝါရီ ၂၉ -၂၀၂၁ ခွန်ခမ့်သူ(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ ကမ္ဘာလုံးကျောင်းရှိ မရှိနွမ်းပါး လူနာပေါင်း ၁ သိန်းကျော်နဲ့ ပိတ်ရက်မရှိ အခမဲ့ဆေးဝါးကုသမှုပေးနေတဲ့ အနန္တမေတ္တာကုသိုလ်ဖြစ်ဆေးခန်းကို ဆေးရုံအဖြစ်ပြောင်းလဲ တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီကုသိုလ်ဖြစ်ဆေးခန်းကို မရှိနွမ်းပါးသူတွေ အခမဲ့ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုဆောင်ရွက်ပေးနိုင်ဖို့အတွက် ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အနန္တမေတ္တာကုသိုလ်ဖြစ်ဆေးခန်း လောကာဓိပတိ(ကမ္ဘာလုံးကျောင်း) ဦးဆောင်ဆရာတော် ဘဒ္ဒန္တဝါသေဌက “အဓိကက မရှိနွမ်းပါးတဲ့သူတွေ ကောင်းကောင်းမွန်မွန်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ကုသိုလ်ဖြစ်ဆေးရုံကြီးတစ်ခုဖြစ်ဖို့ စီစဉ်နေတယ်”လို့ မိန့်ကြားပါတယ်။ ဆေးရုံအဖြစ်ပြောင်းလဲဖွင့်လှစ်ဖို့ လုံလောက်တဲ့ အခန်းဖွဲ့စည်းပုံ၊ ပရိဘောဂ၊ ဆေးဝါးနဲ့ ဆရာဝန်၊ သူနာပြုတွေ အလုံအလောက်ရှိပြီးဖြစ်တဲ့အတွက် သက်ဆိုင်ရာကို တင်ပြလျှောက်ဖို့ ကျန်တော့တယ်လို့ သိရပါတယ်။ ” အပြင်ဆေးခန်းမှာ ဆေးဝါးကုသစရိတ် ကြီးမားတယ်၊ ဆေးဖိုးဝါးခတွေက အပြင်ဆေးခန်းမှာ ၇…

Read More

ပုသိမ်မှာ တပ်မတော်ထောက်ခံပွဲ ဦးဆောင်ပြုလုပ်ခဲ့သူ ၄ဦးကို အရေးယူ

ဇန်နဝါရီ ၂၉ -၂၀၂၁ ကိုအောင်(VOM) ပုသိမ်မြို့မှာ တပ်မတော်ထောက်ခံပွဲဦးဆောင်ပြုလုပ်ခဲ့သူ ၄ဦးကို မနေ့ ဇန်နဝါရီ ၂၈ရက်နေ့ ညနေပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ -၂၅နဲ့ အရေးယူထားတယ်လို့ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ “ခွင့်ပြုမိန့်တင်ထားပေမယ့် လူစုလူဝေးပုံစံမျိုးဖြစ်သွားတယ်၊ ဒါဟာ ဥပဒေနဲ့ မညီဘူး။ သဘာဝဘေးအန္တရာယ်ကျရောက်မယ့်အခြေအနေ ဖြစ်နိုင်တာကို သိလျက်နဲ့ကျူးလွန်တယ်။ အဲ့ဒီအတွက် အရေးယူတာပါ”လို့ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ၂၅ရက်နေ့ မနက်ပိုင်းက ဟစ်တိုင်ကွင်းမှာ တပ်မတော်ထောက်ခံပွဲနဲ့ ပြည့်သူဆန္ဒဖော်ထုတ်ပွဲကို လူ ၃၀၀နီးပါးစုဝေးခဲ့ပြီး အဲ့ဒီပွဲမှာ ပုသိမ်မြို့နဲ့ ကျောင်းကုန်း၊ ကန်ကြီးထောင့်စတဲ့မြို့နယ်တွေကအပြင် ပြည်ခိုင်ဖြိုးပါတီဝင်တွေလည်း ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိ ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေပြီး ပုသိမ်မြို့က ၃ဦးနဲ့ ချောင်းသာမြို့ကတစ်ဦးကို ဖမ်းဆီးထားတယ်လို့ တာဝန်ရှိရဲအရာရှိတစ်ဦးကပြောပါတယ်။ တပ်ထောက်ခံပွဲဟာ လူ၂၈ဦးနဲ့ခွင့်ပြုမိန့်တင်ခဲ့ပေမယ့် Stay At Home သတ်မှတ်ထားတဲ့ပုသိမ်မှာ အခုလို လူစုလူဝေးပြုလုပ်တာကြောင့် ကိုဗစ်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်နဲ့ အရေးယူရတာဖြစ်တယ်လို့လည်း…

Read More

အောင်ဘာလေထီ ဈေးပိုရောင်းသူတွေကို ပါမစ်နဲ့ အာမခံငွေ သိမ်းဆည်းမယ်

ဇန်နဝါရီ ၂၉ -၂၀၂၁ သိင်္ဂီထွန်း(VOM) အောင်ဘာလေ ထီလက်မှတ်တွေကို အစိုးရသတ်မှတ်တဲ့ဈေးထက် ပိုပြီးရောင်းချနေတဲ့ ထီလုပ်ငန်းရှင်တွေကို ထီဝယ်ခွင့်ပါမစ်ပြန်လည်သိမ်းဆည်းခြင်း၊ အာမခံပေးသွင်းထားတဲ့ငွေကို ဘဏ္ဍာငွေအဖြစ်သိမ်းဆည်းပြီး အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်)ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာဆိုရင် ထီလက်မှတ်တွေကို စျေးတက်ရောင်းချခဲ့တဲ့ ထီလုပ်ငန်းရှင်တွေကို အရေးယူမှုအဖြစ် လုပ်ငန်းရှင် ၄၀၀၀ ကျော်နဲ့ သူတို့ Deposit တင်ထားတဲ့အာမခံငွေကျပ် သိန်းပေါင်း ၆၀၀၀ ကျော်ကို ဘဏ္ဍာငွေအဖြစ်သိမ်းခဲ့ပြီး ထီစာအုပ်ဝယ်ခွင့်ပါမစ် ၂၆၉၀၀၀၀ ကျော်ကို ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ “ထီဈေးတက်လို့ တိုင်ကြားတာတွေရှိတယ်။ ကျနော်တို့က စာချုပ်ပါစည်းကမ်းအတိုင်းအရေးယူပါတယ်။ သဘောတူစာချုပ်မှာ နိုင်ငံတော်သတ်မှတ်တဲ့ဈေးထက်ပိုရောင်းတာဖြစ်တဲ့အတွက် သူရဲ့အာမခံသွင်းထားတဲ့ deposit ငွေတွေကိုပြန်လည်သိမ်းဆည်းတယ်၊ သူတို့ရဲ့ထီဝယ်ယူခွင့်စာအုပ်ကိုပြန်သိမ်းတယ်။ ကျနော်တို့က တိုင်ကြားမှ အရေးယူတာမဟုတ်ဘူး၊ သတင်းကြားတာနဲ့အရေးယူတာပါ”လို့အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်) ညွှန်ကြားရေးမှူး ဦးညီညီလှိုင်ကပြောပါတယ်။ ထီလက်မှတ်တွေကို ဈေးတက်ပြီးရောင်းချမှုရှိ၊မရှိကို အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွေအနေနဲ့ လစဉ်စစ်ဆေးမှုတွေပြုလုပ်မှုရှိနေတာကြောင့် လစဉ်အရေးယူမှုတွေရှိကြောင်း၊ ပြည်သူတွေအနေနဲ့လည်း…

Read More

တပ်မတော်က တစ်နိုင်ငံလုံး စစ်ရေးလှုပ်ရှားမှု ၁ လ ရပ်ဆိုင်းကြောင်း အပေါ် သဘောထားများ

ဇန်နဝါရီ ၂၉- ၂၀၂၁ ထက်အောင်စိုင်း (VOM) တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မြန်မာနိုင်ငံတစ်ဝန်းလုံးအတွင်း တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို (၁)လတိတိ ရပ်ဆိုင်းကြောင်း မနေ့ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက တရားဝင်ကြေညာလိုက်ပါတယ်။ တပ်မတော်အနေနဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ တိုးမြှင့်ရပ်ဆိုင်းပေးထားတဲ့ကာလတွေကို အရင်ကထက် ပိုမိုထိရောက်စွာနဲ့ အကျိုးရှိရှိအသုံချကာ ထာဝရငြိမ်းချမ်းရေးကိုရအောင် သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေအနေ့နဲ့လည်း ဆွေးနွေးညှိနှိုင်းပြီး ဝိုင်းဝမ်းကြိုးပမ်းကြစေလိုတယ်လို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေအနေနဲ့ တိုင်းရင်းသားတွေလိုလားတဲ့ ပြည်ထောင်စုငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ ဒီမိုကရေစီလမ်းစဉ်ကို နည်းမှန်လမ်းမှန် လျှောက်လှမ်းနိုင်ရေးတို့အတွက်လည်း ဝိုင်းဝမ်းကြိုးပမ်းကြစေလိုတယ်လို့ တပ်မတော်ကထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တပ်မတော်ဖက်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ဟာ ကောင်းမွန်းတဲ့အရာဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့မှာပါတဲ့ တအန်းအမျိုးသားလွှတ်မြောက်းရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောပါတယ်။ ” ဒီထုတ်ပြန်ချက်ကတော့ ကောင်းတာပေါ့။ လက်တလော လူထုခံစားနေရတဲ့ တိုက်ပွဲကြောင့်…

Read More

လတ်တလောမြန်မာ့အရေးကို ကုလအကြီးအကဲ စိုးရိမ်၊ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့တိုက်တွန်း

နယူးယောက်၊ ဇန်နဝါရီ ၂၉-၂၀၂၁ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ကို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေသူတွေအနေနဲ့ သွေးထိုးလှုံ့ဆော်ဖို့စတဲ့ အပြုအမူတွေကို မလုပ်ကြဖို့နဲ့ ခေါင်းဆောင်မှုကို ပြသဖို့ ၊ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာဖို့နဲ့ နိုဝင်ဘာ ၈ ရက်ကကျင်းပတဲ့ ရွေးကောက်ပွဲရလဒ်ကို လေးစားလက်ခံဖို့ ကုသလမဂ္ဂအကြီးအကဲ ဂူတာရက်စ်က တိုက်တွန်းလိုက်တယ်လို့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို တရားဝင်သတ်မှတ်ထားတဲ့ ဥပဒေကြောင်းအရ ဖြေရှင်းဖို့ကိုလည်း ကုလအကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ ငြိမ်းချမ်းရေး၊ အားလုံးပါဝင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေမှာ မြန်မာပြည်သူပြည်သားတွေရဲ့ မျှော်မှန်းလုပ်ဆောင်ချက်တွေကို ကုလသမဂ္ဂက ဆက်လက်ထောက်ခံသွားမယ်လို့ ဂူတာရက်စ်က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ Ref:…

Read More

ဘယ်လိုလူတွေ ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးလို့မရတာလဲ

ဇန်နဝါရီ ၂၉ -၂၀၂၁ ရန်အောင်ထွန်း(VOM) Covid-19 ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဖျားနာနေသူတွေနဲ့ ၁၄ ရက်အတွင်း အခြားကာကွယ်ဆေး ထိုးထားသူတွေအနေနဲ့ ထိုးလို့ရမှာ မဟုတ်ဘူးလို့ မြစ်ကြီးနားဆေးရုံကနေ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းက မြစ်ကြီးနားဆေးရုံကြီးမှာ ကျန်းမာရေးဝန်ထမ်း ၅၈၂ ဦးကို Covid-19 ကာကွယ်ဆေး ထိုးပေးတဲ့အခါ သွေးတိုးနေလို့ ခဏနားရတာမျိုး ကြုံရပေမယ့် သွေးပေါင်ကျသွားအောင် ပြန်စောင့်ထိုးပေးခဲ့ရတယ်လို့ မြစ်ကြီးနားဆေးရုံအုပ်ကြီး ဒေါက်တာတင်လှက ပြောပါတယ်။ Covid-19 ကာကွယ်ဆေး ထိုးလို့မရနိုင်တဲ့သူတွေအကြောင်း မေးကြည့်တော့လည်း ကိုယ်ဝန်ဆောင်မိခင်၊ ဖျားနေသူနဲ့ အခြား ကာကွယ်ဆေးကို ၂ ပတ်အတွင်း ထိုးထားသူတွေ ထိုးလို့ရမှာမဟုတ်ဘူးလို့ ဒေါက်တာတင်လှက ပြောပါတယ်။ မြစ်ကြီးနားဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေကိုထိုးပေးတဲ့ ကာကွယ်ဆေးအရေအတွက်ကတော့ ၁၀ ဦးစာပါ ဆေးအလုံးပေါင်း ၅၈ လုံးကျော် အသုံးပြုခဲ့ပါတယ်။ မနေ့…

Read More
VOM News

FREE
VIEW