အောက်တိုဘာ ၊ ၄ ၊ ၂၀၂၁ ရွှေဘုန်းမြန်စံ (VOM) မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် ၊ ကျောက်ထုမြို့နယ်ခွဲ တိုက်ပွဲရှောင်စခန်းမှာ ခိုလှုံနေတဲ့ ပြည်သူတွေကို ဒီကနေ့ အောက်တိုဘာ ၄ ရက်မှာ ကျောက်ထုတိုက်ပွဲရှောင်သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ( Kyaukhtu IDPs Management Committee ) ရိက္ခာဆန်တွေ ကူညီထောက်ပံပေးသွားမယ်လို့ ပြောပါတယ်။ ” ဒီကနေ့ ဝေမယ့် ရိက္ခာဆန်က ဒုတိယအကြိမ် ပေးဝေတာပါ ၊ ပထမအကြိမ် ဝေတုန်းက IDP Camp ထဲမှာ မဟုတ်ပဲ အပြင်မှာ အိမ်ငှားနဲ့ ခိုလှုံနေတဲ့ မိသားစုတွေကို ဆန်အိတ် ၂၀ ဝေပေးနိုင်ခဲ့ပြီး ကျန်တဲ့ ဆန်အိတ် ၈၀ ကို IDP Camp မှာ အသုံးပြုခဲ့တယ်…
Read MoreYear: 2021
အုပ်စုအုပ်ချုပ်ရေးမှူးတွေ အလုပ်ထွက်ကုန်ကြလို့ ကျေးလက်နေသူတချို့ မြို့ပေါ်ပြောင်းရွှေ့နေ
အောက်တိုဘာ ၄ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ၃၇ မြို့နယ်က ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး အများစုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ဝန်းကျင်က အုပ်ချုပ်ရေးမှူး အလုပ်တာဝန်ကနေ နုတ်ထွက်ခွင့်ပေးဖို့ တင်ပြစာတွေ အင်တာနက် လူမှုကွန်ရက်ပေါ်မှာ ပျန့်နှံထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တိုက်ဆိုင်မှုလို့ဆိုရလောက်အောင် ကျေးလက်နေသူတွေဟာ နီးစပ်ရာ မြို့ပေါ်လူနေရပ်ကွက်ဆီ အခုလ ၁ ရက်နေ့ကစလို့ ပြောင်းရွှေ့နေထိုင်လာကြတယ်လို့ အိမ်ငှား အကျိုးဆောင်လုပ်ငန်းတွေဆီက သိရပါတယ်။ ” အိမ်လုံးချင်းရရင် အိမ်လုံးချင်းငှားကြတယ် ၊ လုံးချင်းမရဘူးဆိုရင်လည်း အဆောင်တွေဆီ အခန်းငှားပေးဖို့ ဆက်သွယ်လာကြတယ် ၊ အဲ့ဒီလို အငှားဝန်တောင်မှုပေးဖို့ ဆက်သွယ်လာကြတဲ့သူတွေက စီးပွားရေး လုပ်ငန်းရှင်တွေမဟုတ်ကြဘူး ၊ ရွာက လူတွေဖြစ်ကြတယ် ” လို့ မုံရွာမြို့ခံ အိမ်ရှင်…
Read Moreကျင်စန်းကျော့ဘက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲအရာရှိ (၁)ဦးသေဆုံး
အောက်တိုဘာ ၄-၂၀၂၁ Shy V(VOM) မူဆယ်မြို့နယ်၊ ကျင်းစန်းကျော့ – ဝမ်တိန် သွားလမ်း၊ ကောင်းခန့်ရွာ အထက်ဆီဆိုင်နားမှာ စစ်တပ်၊ ရဲတို့နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့ တို့အကြား အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်က နာရီဝက်ခန့်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ရဲအရာရှိ(၁)ဦးသေဆုံးခဲ့တယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “ညကတည်းက အလောင်းကို လာမသယ်ဘူး။ ညကတည်းက ခြေရှုပ်နေကြတာ။ အလောင်းကို အခုမနက်ပဲ နာရေးကားနဲ့ သယ်သွားတယ်။ အလောင်းက ၁ လောင်းပဲ။ ရဲဘက်က ဗိုလ်ကြီးလို့ သိရတယ်။” လို့ မျက်မြင် ဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသွာသူက မူဆယ်မြို့နယ်ရုံးက ရဲအုပ်စိုးလင်းဖြစ်တယ်လို့ သိရပါတယ်။ “စခန်းက မဟုတ်ဘူး။ မြို့နယ်မှူးရုံးက။…
Read Moreနန်းတွင်းနှင့် ပြင်သစ်မီးစက်
——————————- ဆူးငှက် ““….. .မတ်ရပ်တံခါး၊ ပြူတင်းလေသာတံခါးစသော နံရံများတွင် ရွှေကျင်ခတ်ထည်၊ ပန်းအပြောက်တို့ဖြင့်ပြီးသော ဘဲခတ်္တီပါအထည်များကို။ ရွက်ကာမုတ်လှ ဇရွဲကြာပျံ၊ နံရံအကာမှစ၍ ကြက်မွှမ်းလုပ်ဆောင်စေခြင်း။ ရွှေသားဘော်စင်များကို၊ သင်းချောကြိမ်ကဲ့သို့ခတ်၍။ ဆန်းကြယ်စွာယက်လုပ်စေအပ်သော။ ရွှေသင်ဖျူး၊ ငွေသင်ဖျူးစသော ထူးဆန်းသောအခင်းများကို ခင်းကျင်းစေခြင်း။ အလိုမဲ့ထွန်းလင်းစေနိုင်သော လျှပ်စစ်ဓာတ်မီးတို့ဖြင့် ထွန်းလင်းတောက်ပစေခြင်း။ ပွင့်မျိုးသီးမျိုး ပန်းအိုး၊ ပန်းခုံတို့ဖြင့် တင့်တယ်ခင်းကျင်းစေခြင်း……”” (မူရင်းသတ်ပုံ၊ ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး တတိယတွဲ) “အလိုမဲ့ထွန်းလင်းစေနိုင်သော လျှပ်စစ်ဓာတ်မီး…”တဲ့။ မန္တလေးတွင် လျှပ်စစ်ဓာတ်မီးကို စတင်အသုံးပြုခဲ့သည်မှာ သက္ကရာဇ် ၁၂၄၆ ခု သီတင်းကျွတ်လတွင် ခမ်းနားကြီးကျယ်စွာ ဆင်ယင်ကျင်းပခဲ့သော သီပေါဘုရင်၏သမီးတော် နားထွင်းမင်္ဂလာပွဲမှစတင်ခဲ့သည်ဟု မှတ်သားဖူးသည်။ ထိုစဉ်က မန္တလေးမြို့တွင်း အသီးသီးသော ရပ်ကွက်များ၌ ဆီမီး၊ ကညင်မီးတို့သာ သုံးစွဲနေချိန်၌ ကျုံးမြို့ရိုးကာရံထားသော နန်းတွင်း၊ နန်းမြို့တော်တွင် “အလိုမဲ့ထွန်းလင်းစေနိုင်သည့် လျှပ်စစ်ဓာတ်မီး”ကို ထိန်ထိန်လင်းလင်းမျှ သုံးစွဲခေတ်မီနေချေပြီ။ သီပေါမင်းလက်ထက်၊ သမီးတော်နားထွင်းမင်္ဂလာမှ…
Read Moreတပ်ကြီးကျေးရွာက ဆီးမီးခွက်လုပ်ငန်း
အောက်တိုဘာ ၄ -၂၀၂၁ SA (VOM) စစ်ကိုင်းတိုင်း၊ တပ်ကြီးကျေးရွာမှာ ရိုးရာဆီးမီးခွက်နဲ့ အလှဆင်ဆီမီးခွက်လုပ်ငန်း လုပ်ကိုင်တဲ့ အိမ်ခြေရာနဲ့ချီရှိနေပါတယ်။ ဆီမီးခွက်တွေကိုတော့ တော်သလင်းလနဲ့ သီတင်းကျွတ်လတွေမှာ အများဆုံးပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ တပ်ကြီးကျေးရွာမှာ ဆီမီးခွက်လုပ်ငန်း လုပ်ကိုင်တဲ့ အိမ်ခြေ တစ်ရာကျော်ရှိသလို တစ်ရက်ကို တစ်အိမ်မှာ ဆီမီးခွက် အရေအတွက် တစ်ထောင်ကျော် ထွက်တယ်လို့လည်း သိရပါတယ်။ တပ်ကြီးကျေးရွာက ထွက်ရှိတဲ့ ဆီမီးခွက်တွေကိုတော့ တောင်ကြီးမြို့၊ လားရှိုးမြို့၊ မြစ်ကြီးနားမြို့၊ မန္တလေးမြို့၊ သာစည်မြို့နဲ့ လှိုင်းတက်မြို့ ပဲခူးမြို့တို့ကို ဖောက်သည်ဈေးနဲ့ ပို့ဆောင်ပေးရတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလအတွင်းမှာလည်း ဆီမီးခွက်လုပ်ငန်းကတော့ အရောင်းအဝယ် လျော့ကျသွားတာမျိုး မရှိသလို ရောင်းအားကောင်းနေဆဲပဲလို့ ဆီမီးခွက်လုပ်ငန်းလုပ်ကိုင်သူတဦးကပြောပါတယ်။ ဆေးရောင်ခြယ်သ မထားတဲ့ ဆီမီးခွက် တစ်ထောင်အရေအတွက်ပါတဲ့ ခြင်းတစ်ခြင်းကို တစ်သောင်းခွဲကျပ် ကျသင့်ပြီး ဆေးရောင်ခြယ်ထားတဲ့ ဆီမီးခွက် ခွက်ရေတစ်ထောင်ကို သုံးသောင်းခွဲကျပ်ကျတယ်လို့လည်း သိရပါတယ်။…
Read Moreကျိုက်ထိုမြို့မရဲစခန်းက ရဲတပ်ကြပ်(၁)ဦး သေနတ်နဲ့ပစ်သတ်ခံရ
အောက်တိုဘာ ၃-၂၀၂၁ GH ( VOM ) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မရဲစခန်းက ရဲတပ်ကြပ် ကျော်စိုးမိုးဆိုသူဟာ ဒီကနေ့ညနေပိုင်းမှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရဲတပ်ကြပ်ကျော်စိုးမိုးကို သူ့ရဲ့နေအိမ်အနီးက ဖက္ကလိပ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအရှေ့မှာ သေနတ်နဲ့ ၆ ချက်ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ” သူက ဖက္ကလိပ်ရွာမှာနေတာ။ ညနေ ၆ နာရီလောက် တံမြက်စည်းလှည်းနေချိန်မှာ သေနတ်နဲ့ပစ်ခံလိုက်ရတာ။၆ ချက်ပစ်သွားတယ်လို့သိရတယ်။နေရာမှာပွဲချင်းပြီးပဲ ” လို့ ဒေသခံတဦးကပြောပါတယ်။ ရဲတပ်ကြပ် ပစ်ခတ်ခံရပြီးနောက် စစ်တပ်နဲ့ရဲက ပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြိး အခုချိန်ထိ စစ်ဆေးမှုတွေ တင်းကြပ်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါပစ်ခတ်မှုကိုတော့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ မနေ့ အောက်တိုဘာ၂ ရက်နေ့က မွန်ပြည်နယ်၊…
Read Moreအုတ်ဖိုမြို့က ကျန်းမာရေးဝန်ထမ်းလင်မယား ဖမ်းဆီးခံရ
အောက်တိုဘာ ၃-၂၀၂၁ GH (VOM ) ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းလင်မယားကို မနေ့ အောက်တိုဘာ ၂ရက်နေ့ ညပိုင်းက သူတို့ရဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ် ။ ဖမ်းဆီးခံလိုက်ရသူတွေဟာ အုတ်ဖို့မြို့နယ်က ကျန်းမာရေးမှူး ဦးအေးမင်းထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်စောအေးမွန်တို့ဖြစ်ပြီး မနေ့က ည ၈ နာရီလောက်မှာ အုတ်ဖိုရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ” မနေ့ကညမှာ ဆရာမတို့အိမ်ကို ရဲတွေလာပြီးဖမ်းကြတာ။ ဘာကြောင့်ဖမ်းလဲဆိုတာတော့ မသိရသေးဘူး။ဆရာမက cdm လုပ်နေတာ ၊ဆရာရော ဆရာမရောကကျနော်တို့မြို့အတွက် အရမ်းကိုအားထားရတဲ့သူတွေပါ၊ ” လို့ မြို့ခံဖြစ်သူတဦးကပြောပြပါတယ်။ ဆရာမဒေါ်စောအေးမွန်ဟာ အုတ်ဖိုမြို့နယ်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့သူနာပြုဆရာမကြီး ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အုတ်ဖိုမြို့နယ်ရဲစခန်းကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။…
Read Moreမုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းပေါ်က ကိုင်းချောင်းတံတား မိုင်းကွဲမှုဖြစ်ပွားပြီး ခရီးသွားကားတွေ ပိတ်မိနေ
အောက်တိုဘာ ၊ ၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်း မိုင်တိုင်အမှတ်-၆၀ အနီးဝန်းကျင်မှာရှိ အင်တောပျန့်ရွာနားက ကိုင်းချောင်း သံကူကွန်ကရစ်တံတားမှာ ဒီကနေ့ နေ့လယ်ပိုင်းက မိုင်းခွဲခံရတဲ့အတွက် တံတားပျက်စီးတာတွေရှိခဲ့ပြီး ခရီးသွားတချို့ ပိတ်မိနေတယ်လို့ ကျောမြို့ခံတွေက ပြောပါတယ်။ ” မိုင်းခွဲခံရတဲ့တံတားက ပုံတောင်နတ်ထိပ်နဲ့ ၆ မိုင်ပဲဝေးတယ်၊ ကိုင်းချောင်သျှိုထဲမှာ ရှိတာဆိုတော့ ဂန့်လမ်းအတွက် အဓိကကျတဲ့ တံတားဖြစ်ပြီး ကွင်းလမ်းနေရာ မရှိဘူး ” လို့ မုံရွာ-ဂန့်ဂေါ-ကလေး-တမူး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက ပုလဲမြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းပရိုင်မိတ် ရှေးဟောင်းနယ်မြေဆီကို မုံရွာ-ဂန့်ဂေါလမ်းကနေ ဖြတ်ဖောက်ထားတဲ့ ဝမ်းပြင်းရွာနားမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ကိုင်းချောင်းတံတား ဖောက်ခွဲခံရတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့…
Read Moreကိုဗစ်နဲ့ နိူင်ငံရေးမတည်ငြိမ်မှုတွေကြားက အလုပ်သမားတွေရဲ့ဘဝ
အောက်တိုဘာ ၃-၂၀၂၁ အေးချမ်းသူ(VOM) ကိုဗစ်ကပ်ရောဂါနဲ့နိူင်ငံရေးမတည်ငြိမ်မှုတွေဟာ မြန်မာနိူင်ငံမှာရှိတဲ့ စက်မှုဇုန်ပေါင်းစုံက အလုပ်သမားတွေကို အလုပ်လက်မဲ့ဖြစ်စေခဲ့ပါတယ်။ ကိုဗစ် စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ မတ်လကနေ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိူင်ငံမှာ ခေတ္တယာယီနဲ့ အပြီးပိတ်သိမ်းသွားတဲ့ စက်ရုံ၊ အလုပ်ရုံ (၄၄၈) ရုံရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရုံးကနေ သိရပါတယ်။ အဲဒီလို ပိတ်သိမ်းလိုက်တဲ့အထဲမှာ ရန်ကုန် နဲ့မန္တလေးက စက်ရုံအလုပ်ရုံတွေက ပိုမိုများပြားပြီး စက်ရုံပိတ်လိုက်လို့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားဦးရေ တစ်သိန်းကျော်ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ရက်က လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က Myanmar Unique အထည်ချုပ်စက်ရုံ ယာယီပိတ်သိမ်းသွားလို့ အလုပ်သမား(၈၀၀)ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရ ပါသေးတယ်။ “အဓိက ပြဿနာက အော်ဒါမရတာ၊ အော်ဒါမရတော့ ချုပ်ပြီးသားအထည်တွေလည်း ပို့လို့ရမရဘူးဖြစ်နေတယ်၊ ကိုဗစ်ကာလမှာ…
Read Moreအရက်ဖြတ်လိုက်သူတစ်ဦး အစာအိမ်အတွင်းမှ သတ္တုအပိုင်းအစ တစ်ကီလိုဂရမ်ကျော် တွေ့ရှိ
ဗီနီးယပ် ၊ အောက်တိုဘာ-၂-၂၀၂၁ မျိုးဆက်(VOM) လစ်သူယေးနီးယားနိုင်ငံမှာ အရက်ဖြတ်လိုက်တဲ့ အမျိုးသားတစ်ဦးရဲ့ အစာအိမ်ထဲမှ သံချောင်းတွေ၊ ၀က်အူတွေ၊ ၀က်အူခေါင်းတွေနဲ့ ဓါးအပိုင်းအစလိုမျိုး သတ္တအပိုင်းအစ တစ်ကီလိုဂရမ်ကျော်ကို ဆရာ၀န်တွေက ဖယ်ထုတ်ပေးခဲ့ရတယ်လို့ ဒေသတွင်းသတင်းဌာနတွေက အောက်တိုဘာ ၁ ရက်မှာ ဖော်ပြထားပါတယ်။ အဲဒီ လစ်သူယေးနီးယားအမျိုးသားဟာ အရက်ဖြတ်လိုက်ပြီးနောက် တလအကြာမှာ အဲဒီသတ္တုအပိုင်းအစတွေကို မျိုချခဲ့တယ်လို့ ဆရာ၀န်တွေကပြောပါတယ်။ သူ့ကို ကလိုင်ပီဒါတက္ကသိုလ်ဆေးရုံမှာပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုအတွင်း တွေ့ရှိခဲ့တဲ့အရာတွေထဲမှာ ၄ လက်မအရှည်ရှိတဲ့ အရာ၀တ္တုများလည်းပါ၀င်တယ်လို့ လစ်သူယေးနီးယား ရုပ်သံဌာနက ဖော်ပြထားပါတယ်။ ခွဲစိတ်ဆရာ၀န်တစ်ဦးဖြစ်သူ ဆာရူနက်စ်ဒိုင်လီဒီနက်စ်ကတော့ ဒါဟာ အလွန်ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုလို့ဆိုပါတယ်။ သုံးနာရီကြာအရေးပေါ်ခွဲစိတ်ပြီးနောက် သတ္တုအပိုင်းအစတွေနဲ့ ပြည့်နှက်နေတဲ့ ခွဲစိတ်ခန်းသုံးဗန်းတစ်ခုကို အဲဒီရုပ်သံဌာနက ထုတ်လွှင့်ပြသခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ အစာအိမ်အလွန်အမင်းနာကျင်နေတာကြောင့် ဘောတစ်ပင်လယ်ကမ်းရိုးတန်းကနေ ဆေးရုံသို့ခေါ်ဆောင်လာခဲ့ရတာဖြစ်ပြီး လက်ရှိမှာ ကျန်းမာရေအခြေအနေတည်ငြိမ်နေတယ်လို့သိရပါတယ်။…
Read More