စလင်းမြို့နယ် NLDပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၂၂-၂၀၂၁ KK(VOM)   မကွေးတိုင်း၊ စလင်းမြို့နယ်က NLDပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသက်နိူင်ကို မနေ့ စက်တင်ဘာ ၂၁ရက် နေလယ်ပိုင်းက နေအိမ်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   စလင်းမြို့နယ်NLDပါတီဝင်တစ်ဦးက” ဘာကြောင့်ထပ်ဖမ်းလဲမသိဘူး၊ အရင်တစ်ခေါက်လဲ ဖမ်းသေးတယ်၊ အခုက ဒုတိယအကြိမ်ထပ်ဖမ်းတာ၊ ဦးသက်နိူင်ကို ပထမအကြိမ်ဖမ်းဆီးရာမှာ ခံဝန်ကတိလက်မှတ်ရေးထိုးပြီး ပြန်လည်လွှတ်ပေးခဲ့တယ်”လို့ ပြောပါတယ်။   လက်တလောမှာ ဦးသက်နိူင်ကို စလင်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ထားတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။   ဖမ်းဆီးခံရသူ ဦးသက်နိူင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကိုယ်စားပြုပြီး စလင်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်ကနေ ၂၀၁၅နဲ့၂၀၂၀မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိူင်ရရှိထားတဲ့ကိုယ်စားလှယ်လောင်းတစ်ဦးလည်းဖြစ်ပါတယ်။   ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ရက်ကလည်း စလင်းမြို့နယ် ငသိုင်းချောင်းကျေးရွာက CDMပြုလုပ်နေတဲ့ အထက်တန်းပြဆရာမ(၁)ဦးကို စစ်တပ်နဲ့ရဲတွေက ပွင့်ဖြူမြို့နယ်၊ အရှေပိုင်းရပ်ကွက်၊ ကံ့ကော်လမ်းမှာ…

Read More

ကိုရီးယားစစ်ပွဲ တရား၀င်အဆုံးသတ်ဖို့ တောင်ကိုရီးယားသမ္မတ တိုက်တွန်း

နယူးယောက်၊ စက်တင်ဘာ-၂၂-၂၀၂၁ မျိုးဆက် (VOM)   ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးရရှိဖိုနဲ့ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ တရား၀င်အဆုံးသတ်ကြောင်း ကြေညာဖို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင် တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။   ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးရဖို့အတွက် တွေ့ဆုံဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုက အဓိကကျတယ်လို့ နယူးယောက်မှာကျင်းပတဲ့ ကုလမသဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ သမ္မတမွန်ဂျေးအင်က ​ပြောပါတယ်။   ၂၀၁၇ ခုနှစ်မှာ သမ္မတရာထူးရယူပြီးနောက် မြောက်ကိုရီးယားနှင့်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ ဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ်မှာ ကိုရီးယားနှစ်နိုင်ငံအကြား ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာခဲ့တယ်လို့ သူကပြောပါတယ်။   ကိုရီးယားနှစ်နိုင်ငံနဲ့ အမေရိကန် သုံးပွင့်ဆိုင် သို့မှဟုတ် တရုတ်နိုင်ငံပါ ပါ၀င်တဲ့ လေးပွင့်ဆိုင်အနေနဲ့ ကိုရီးယားစစ်ပွဲအဆုံးသတ်ကြောင်း ပူးတွဲကြေညာသင့်တယ်လို့ တောင်ကိုရီးယား သမ္မတက ပြောပါတယ်။   ကိုရီးယားစစ်ပွဲမှာ ပါ၀င်တဲ့နိုင်ငံတွေဟာ ၁၉၅၃ ခုနှစ်ဇူလိုင် ၂၇ ရက်မှာ ရန်လိုမှုတွေကိုရပ်တန့်ဖို့အတွက် စစ်ရပ်ဆိုင်းကြောင်း သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပေမယ့်…

Read More

ဒေါက်တာအမ်ဇော်လတ်ကို အကြမ်းဖက်ဥပဒေနဲ့အမှုဖွင့်ခံရလို့ “ဝ”အမျိုးသားပါတီ ဖြေရှင်းမယ်

ရန်ကုန်၊စက်တင်ဘာ ၂၂-၂၀၂၁ KK(VOM)   “ဝ”အမျိုးသားပါတီ (WNP) က အနိုင်ရကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါက်တာအမ်ဇော်လတ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စက်တင်ဘာ ၂၀ရက်နေ့က အမှုဖွင့်ခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေဆီက သိရပါတယ်။   ဒေါက်တာအမ်ဇော်လတ်ကို NUG၊ CRPHတို့နဲ့ဆက်သွယ်တယ်ဆိုကာ မိုင်းတုံစစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ အမှုဖွင့်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းသွားမယ်လို့ “ဝ”အမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဆမ်းဆောင်ကားက VOM ကိုပြောပါတယ်။   “ကာယကံရှင်လည်းမသိဘူး အမှုဖွင့်တဲ့ စရဖနဲ့ဆက်သွယ်ဖို့ စီစဥ်နေတယ်၊ အဲ့ဒီလိုတွေ့မှပဲ သိရမှာ၊ ကျနော်တို့ပါတီကရော ဒေါက်တာအမ်ဇော်လတ်ရော CRPH/NUGတို့နဲ့ပတ်သက်တာမရှိဘူး၊ ဘာသက်သေအထောက်အထားမှ မရှိဘူး၊ အဲ့ဒီလို ဘာကြောင့်အမှုဖွင့်လဲဆိုတာမသိဘူးဖြစ်နေတယ်၊ မိုင်းတုံ စရဖတပ်နဲ့ တွေ့ဆုံပြီး သူတို့တုံ့ပြန်ချက်အတိုင်း ဝ အမျိုးသားပါတီအနေနဲ့ပြန်လည်စီစဥ်သွားမှာဖြစ်တယ်”လို့ ဦးဆမ်ဆောင်းကားက ပြောပါတယ်။   ဒေါက်တာအမ်ဇော်လတ်(ခ)ဆမ်မာကို့(စ်) ဟာ ၂၀၂၀ရွေးကောက်ပွဲမှာ “ဝ”အမျိုးသားပါတီ ကိုယ်စားပြု မိုင်းတုံမြို့နယ် အမှတ်၂မဲဆန္ဒနယ်ကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်…

Read More

တိုက်ကြီးမြို့နယ်က ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

စက်တင်ဘာ ၂၂-၂၀၂၁ GH (VOM)   ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်က ရဲသတင်းပေးလို့နာမည်ထွက်တဲ့ ဗောဓိကုန်းရပ်ကွက် ရာအိမ်မှူးကို အမည်မသိလူတချို့က သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   သေဆုံးသူဟာ တိုက်ကြီးမြို့၊ ဗောဓိကုန်းရပ်ကွက်မှာနေထိုင်တဲ့ ရာအိမ်မှူး သိန်းဝင်းဇော် ဆိုသူဖြစ်ပြီး လ္ဘက်ရည်ဆိုင်ထိုင်ပြီးပြန်အထွက်မှာ ဆိုင်ကယ်နဲ့ လူ၂ယောက်က သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   ” သူက ရာအိမ်မှူးကိုမှ သတင်းပေးဆိုပြီးနာမည်ထွက်နေတာပေါ့။ သေနတ်က ရင်ဘတ်ကိုမှန်တယ်လို့သိရတယ်။သူက လ္ဘက်ရည်ဆိုင်မှာ ရပ်ကွက်လူကြီးတွေနဲ့သွားထိုင်တာ ၊ပြန်အထွက်မှာ ဆိုင်ကယ်နဲ့လာပစ်သွားတာ ။ တိုက်ကြီးမှာ အခုလိုသတင်းပေးသတ်ခံရတာပထမဆုံးပဲ ” လို့ရပ်ကွက်နေသူတစ်ဦးကပြောပါတယ် ။   အဲ့ဒီ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာတော့ ဗောဓိကုန်းရပ်ကွက်မှာ ပိတ်ဆို့စစ်ဆေးတာတွေလုပ်ခဲ့တဲ့အပြင် တိုက်ကြီးမြို့ပေါ်မှာလည်း လမ်းသွားလမ်းလာတွေကို ဖုန်းကအစ စစ်ဆေးမှုတွေလုပ်နေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။  …

Read More

မုံရွာ-ဂန့်ဂေါ-ကလေးကားလမ်းက သတင်းပေးလို့ အမည်ထွက်နေတဲ့ လင်မယား သေနတ်နဲ့ ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၂၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ၂ ခု ဆုံနေတဲ့နေရာ ပုံတောင်နတ်ထိပ် မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်း မိုင်တိုင်အမှတ် ၆၆ မိုင် ၆ ဖာလုံ အနီးက ထမင်းဆိုင်ပိုင်ရှင် လင်မယား ၂ ယောက်ဟာ မနေ့ စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီမထိုးခင် အချိန်က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ကျောမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” သန့် ထမင်းဆိုင် ပိုင်ရှင်လင်မယား အသတ်ခံရတာပါ ၊ သူတို့ ၂ ယောက်စလုံးက အသက်ကြီးသူတွေဖြစ်တယ် ၊ သူတို့ ထမင်းရောင်းနေတုန်း သေနတ်သမားတွေက ဆိုင်ထဲဝင်ပြီး ပစ်ကြတာ ၊ ဆိုင်ရှင် ဦးခင်မောင်သန်းက…

Read More

မုံရွာ-ဂန့်ဂါ-ကလေး ကားလမ်းမှာရှိတဲ့ ကန့်ဒေါင့်ရဲစခန်း ရဲတန်းလျား မီးလောင်

စက်တင်ဘာ ၂၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ ကန့်ဒေါင့်ကျေးရွာ၊ မုံရွာ-ဂန့်ဂေါ-ကလေး ကားမှာရှိတဲ့ ကန့်ဒေါင့် နယ်မြေရဲကင်းစခန်းဟာ မနေ့ စက်တင်ဘာ ၂၁ ညဦးပိုင်းအချိန်က မီးလောင်ခဲ့တာကြောင့် ရဲမိသားစုတွေနေထိုင်တဲ့ နေအိမ်တန်းလျားတချို့ မီးလောင်ခဲ့တယ်လို့ ကန့်ဒေါင့်ရွာခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။   ကန့်ဒေါင့်ရွာခံ တစ်ယောက်က ” ည ၇ နာရီဝန်းကျင်က ရှို့ခံရတာပါ ၊ ရွာတွေက စုပေါင်းပံ့ပိုးမှုနဲ့ ဆောက်ပေးထားတဲ့ ၄ ခန်းတွဲ ရဲတန်းလျား မီးလောင်ပျက်စီးသွားတယ် ” လို့ ပြောပါတယ်။   အဲ့ဒီ ရဲတန်းလျားလောင်းတဲ့မီးဟာ ရှို့မီးဖြစ်ပြီး ဘယ်သူတွေက လာရောက်ရှို့တယ်ဆိုတာ အခုချိန်အထိတော့ မသိရသေးသလို မီးလောင်လို့ ပျက်စီးသွားတဲ့ ရဲတန်းလျားရဲ့ ပျက်စီးဆုံးရှုံးမှု တန်ဘိုးဟာလည်း ဒီကနေ့မနက်အထိ မတွက်ချက်ရသေးဘူးလို့…

Read More

တွံတေးမြို့နယ်က NLDလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေနိုင်ဦး ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၂၂-၂၀၂၁ KK(VOM)   တွံတေးမြို့နယ် NLDပါတီ တိုင်း(၂) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေနိုင်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နေအိမ်ပြန်လာချိန် ဖမ်းဆီးခံခဲ့ရတယ်လို့ တွံတေးမြို့နယ်NLDပါတီဝင်တွေဆီက သိရပါတယ်။   တွံတေးမြို့နယ်NLDပါတီဝင်တစ်ဦးက”NLDနဲ့သက်ဆိုင်တဲ့သူတွေကို စစ်တပ်ကဖမ်းနေတာ သိကတည်းက ရှောင်နေတာ၊ တနေ့ကအိမ်ကိုပြန်လာတဲ့အချိန် လမ်းမှာအဖမ်းခံလိုက်ရတာ”လို့ ပြောပါတယ်။   ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်က နေအိမ်ကိုခေတ္တပြန်လာချိန်မှာ စစ်တပ်နဲ့ရဲတွေက လမ်းမှာပိတ်ဆို့ဖမ်းဆီးလိုက်တာဖြစ်ပြီး မည်သည့်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူးလို့ သူကရှင်းပြပါတယ်။   ကိုနေနိုင်ဦးဟာ တွံတေးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်ကနေ NLDပါတီကိုယ်စားပြုပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာကို ၂၀၁၅နဲ့၂၀၂၀ (၂)ကြိမ်တိုင် အနိုင်ရရှိထားသူဖြစ်ပါတယ်။   သူဖမ်းဆီးခံရတဲ့နေ့မှာပဲ စစ်တပ်နဲ့ရဲတွေက တွံတေးမြို့နယ်ရှိ ရပ်ကွက်နဲ့ကျေးရွာအချို့မှာ ဧည့်စာရင်းစစ်တယ်ဆိုပြီး လူအချို့ကိုဖမ်းဆီးခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။   ပြီးခဲ့တဲ့ စက်တင်ဘာ ၉ရက်နေ့က ကံဘဲ့ကျေးရွာမှာ နေထိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်…

Read More

ကန့်ဘလူနယ် မလယ်မှာ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးနဲ့ ရပ်ကွက် ဆယ်အိမ်မှူး ၂ ဦး ဓားနဲ့ ခုတ်သတ်ခံရ

စက်တင်ဘာ ၂၂ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ မလယ်ကျေးရွာရဲ့ အနောက်ဘက် မလယ် ရွာဝင်ကားလမ်းမှာ မနေ့ စက်တင်ဘာ ၂၁ ရက် နေ့ခင်း ၁ နာရီဝန်းကျင်က လူ ၂ ဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ မလယ်ဒေသခံတွေရဲ ပြောပြချက်အရ သိရသည်။   ” ကားလမ်းဘေးမှာ ဆိုင်ကယ် တစ်စီးလဲနေပြီး လူ ၂ ယောက်သေတာတွေ့ရတယ် ၊ ယာဥ်အက်စီးဒင့်ကြောင့် သေတာမဟုတ်ဘူး ဇက်ပြတ်ပြီး ဓားဒဏ်ရာတွေနဲ့ သေနေကြတာဖြစ်တယ် ” လို့ ယာခင်းပြန်မှ ပြန်လာတဲ့ မလယ်ရွာခံ တစ်ယောက်က ပြောပါတယ်။   အဲ့ဒီ သေဆုံးနေတဲ့ လူ ၂ ယောက်နဲ့ ပတ်သက်လို့ မလယ်ရွာခံ နောက်တစ်ဦး…

Read More

မြောက်ဒဂုံမှာ ရဲသတင်းပေးလို့စွပ်စွဲခံရသူ သေနတ်နဲ့ပစ်သတ်ခံရ

ရန်ကုန်၊စက်တင်ဘာ ၂၂ ၊၂၀၂၁ KK(VOM)   ဒဂုံမြို့သစ် အရှေပိုင်းမြို့နယ်မှာ စက်တင်ဘာ၂၁ မနေ့ည ၇နာရီခွဲက ၃၉ရပ်ကွက်ရာဇဓိရာဇ်လမ်းမှာ ရဲသတင်းလို့ အများက သတ်မှတ်ထားသူ ဆိုင်ကယ်ကယ်ရီသမားတယောက်ကို အမည်မသိလူတယောက်က သေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   ဆိုင်ကယ်နဲ့ပြည်ထောင်စုလမ်းဘက်ကနေ ဦးဝိစာရလမ်းဘက်ကို ရာဇဓိရာဇ်လမ်းအတိုင်းမောင်းလာတုန်း သေနတ်သမားက ပစ်ခတ်လို့ သေသွားတဲ့အကြောင်း ရပ်ကွက်နေသူတယောက်က ပြောပါတယ်။   “သေနတ်သံကြားရတာတော့ သုံးချက်လောက်ကြားတယ် သွားကြည့်တော့ သေနေပြီ ရင်ဘတ်ကို သုံးချက်ပစ်တာ သေတဲ့သူက ဒဂုံ အရှေကလို့ ပြောတယ် ရဲသတင်းပေးဆိုပြီး ကယ်ရီလောကမှာ နာမည်ကြီးနေတာ”လို့သူကရှင်းပြပါတယ်။   သေဆုံးသူမှာ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ် အမှတ် ၅ရပ်ကွက်တွင်နေထိုင်ပြီး ဆိုင်ကယ်ကယ်ရီသမား ကိုကျော်ကျော်ဝင်းဖြစ်တယ်လို့အုပ်ချုပ်ရေးပိုင်းက သိရပါတယ်။   သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ မြောက်ဒဂုံမြို့နယ် ၃၉ရပ်ကွက် ရာဇဓိရာဇ်လမ်းနဲ့ လမ်းတချို့ကိုစစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။…

Read More

ကျောက်ဆည်မှာ ဗုံးပေါက်လို့ ၁ဦးသေ ၂ဦးဒဏ်ရာရ

စက်တင်ဘာ ၂၂၊၂၀၂၁ KK(VOM)   ကျောက်ဆည်မြို့နယ် ပြည်သူ့ဆေးရုံကြီးအနီးကားတစီးပေါ်မှာ စက်တင်ဘာ ၂၁ည ၆နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၁ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့တယ် လို့ ဒေသခံတွေဆီက သိရပါတယ်။   ဆေးရုံကြီးအနီး နေထိုင်သူတယောက် ပြောပါတာက   “ကားပေါ်မှာ ပေါက်တာ အမျိုးသားတစ်ဦးကတော့ ပွဲချင်းပြီးပဲ နောက်နှစ်ယောက်ကလည်း ဒဏ်ရာပြင်းထန်တယ် စိုးရိမ်ရတယ် သေတဲ့သူက Factory Zone အသင်းပိုင်ရှင်လို့ ကြားတယ် သေချာတော့မသိဘူး” လို့ ပြောပါတယ်။   ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်နဲ့ရဲတွေ ရောက်ရှိလာပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို လူမှုကူညီမှုအသင်းကားနဲ့ ကျောက်ဆည်ပြညသူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ ဒေ သခံတွေဆီက သိရပါတယ်။   ကျောက်ဆည်မြို့နယ်မှာ စက်တင်ဘာ ၂၀ရက်နေ့ ညပိုင်းကလည်း ဆူးကုန်းရပ်ကွက် ရုံးကြီးလမ်းမှာရှိတဲ့EPCရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။   ဒါ့အပြင် စက်တင်ဘာ…

Read More
VOM News

FREE
VIEW