ကျုံးထောင့်

ဆူးငှက် ကျွန်တော်တို့ လူပျိုပေါက်အရွယ်က မန္တလေး၏ ဉာည့်ဦးယံအပန်းဖြေနေရာမှာ ဈေးချိုတော် ညဈေးတန်းဖြစ်သည်။ ညဈေးတန်းကို လမ်းလျှောက် ဟိုငေးသည်ငေးပြီးနောက် “ ကျုံးထောင့် သွားမယ်”ဟုဆိုကာ နာရီစင်မှ အရှေ့ အာဇာနည်လမ်း(ယခု ၂၆ဘီလမ်း) အတိုင်းအရှေ့သို့ တက်သည်။ ရိုးလ်ကုမ္ပဏီ အတက်ဟုခေါ်သည့် ယခုဘဏ် ၁ ကိုကျော်ပြီး လမ်း၈၀အထိ သွားသည်။ ထို့နောက် လမ်း၈၀နှင့် အာဇာနည်လမ်းနေရာရောက်တော့ ကျုံးအတွင်းရေခပ်ဆင်းရန် ထိုးထားသည့် သစ်သားတံတားလေးပေါ်ထိုင်ရင်း လေးညှင်းခံကာ ရောက်တတ်ရာရာ စကားများပြောကြသည်။ ထိုနေရာကို ကျုံးထောင့်ဟုခေါ်သည်။ ထို့ကြောင့် အရင်က ညဦးပိုင်း အညောင်းပြေအညာပြေ လမ်းလျှောက်ကြရာတွင် ကျုံးထောင့်၌ ခရီးဆုံးသည်။ ကျုံးထောင့်ဟူသည် အနောက်တောင် ကျုံးထောင့် ကိုခေါ်ပါသည်။ လမ်း၈ဝနှင့် ဘီလမ်းထောင့်ပေါ့ …။ ထိုအချိန်က ကျုံးပတ်လည်မှာ အခုလိုသံဆန်ခါတွေ မရှိသေးလို့ လမ်းပေါ်ကနေ ကျုံးရေစပ်ကို လွတ်လွတ်လပ်လပ် သွားလာနိုင်သည်။ ကျုံးကမ်းစပ်မှာ…

Read More
VOM News

FREE
VIEW