ဒေါက်တာမြင့်နိုင်ကို အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်

မတ် ၁- ၂၀၂၂ Voice Of Myanmar စစ်ကိုင်းတိုင်းအစိုးရဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်နိုင်ကို မနေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက မုံရွာအကျဥ်းထောင်၊ အထူးတရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်ခဲ့တယ်လို့ မုံရွာနိုင်ငံရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။ ” ဆရာ့ကို အမိန့်ချတာက မနေ့က ညနေ ၂ နာရီဝန်းကျင်မှာပါ ၊ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်မှာ စွဲဆိုထားတဲ့ အမှုတွေအတွက် ၊ ထောင်တွင်း အထူးခုံရုံးကနေ အခုလိုချမှတ်လိုက်တာ “လို့ မုံရွာထောင်ရှေ့ကိုရောက်ခဲ့တဲ့ ဒေါက်တာမြင့်နိုင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ဒေါက်တာမြင့်နိုင်ကို အခုလိုအမိန့်ချမှတ်တာနဲ့ ပတ်သက်ပြီး အထူးတရားရုံးရဲ့ တာဝန်ရှိသူတဦးက ” ရာဇဝတ်ကြီးအမှုအမှတ်၊ ၁/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အမှုမှ ယင်းဥပဒေ ပုဒ်မ ၅၅…

Read More
VOM News

FREE
VIEW