ဒေါက်တာမြင့်နိုင်ကို အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်

မတ် ၁- ၂၀၂၂
Voice Of Myanmar

စစ်ကိုင်းတိုင်းအစိုးရဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်နိုင်ကို မနေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက မုံရွာအကျဥ်းထောင်၊ အထူးတရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်ခဲ့တယ်လို့ မုံရွာနိုင်ငံရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။

” ဆရာ့ကို အမိန့်ချတာက မနေ့က ညနေ ၂ နာရီဝန်းကျင်မှာပါ ၊ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်မှာ စွဲဆိုထားတဲ့ အမှုတွေအတွက် ၊ ထောင်တွင်း အထူးခုံရုံးကနေ အခုလိုချမှတ်လိုက်တာ “လို့ မုံရွာထောင်ရှေ့ကိုရောက်ခဲ့တဲ့ ဒေါက်တာမြင့်နိုင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒေါက်တာမြင့်နိုင်ကို အခုလိုအမိန့်ချမှတ်တာနဲ့ ပတ်သက်ပြီး အထူးတရားရုံးရဲ့ တာဝန်ရှိသူတဦးက ” ရာဇဝတ်ကြီးအမှုအမှတ်၊ ၁/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အမှုမှ ယင်းဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ်၊ ၂/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အမှုမှ ယင်းဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်။ ရာဇဝတ်ကြီးမှုအမှတ်၊ ၃/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အမှုမှ ယင်းဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်။ ရာဇဝတ်ကြီးမှုအမှတ်၊ ၄/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အမှုမှ ယင်းဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်။ ရာဇဝတ်ကြီးမှုအမှတ်၊ ၅/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အမှုမှ ယင်းဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်။ ရာဇဝတ်ကြီးမှုအမှတ်၊ ၆/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အမှုမှ ယင်းဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်။ စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့တယ်၊ အမှုစစ်ဆေးဖို့ ကျန်နေသေးတယ် “လို့ ပြောပါတယ်။

ဒေါက်တာမြင့်နိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့က ဝန်ကြီးများအိမ်ယာ နေအိမ်မှာ အဖမ်းခံရပြီးနောက် မုံရွာအကျဥ်းထောင်မှာ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလမှာ ဒေါက်တာမြင့်နိုင်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ပုဒ်မ ၅၀၅ – က အမှုနဲ့ ပတ်သက်ပြီး အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါသေးတယ်။

#VoiceOfMyanamar #VOM # ဒေါက်တာမြင့်နိုင် #ထောင်ဒဏ်နှစ်၂၀ကျော် #ချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW