ရုရှားဘောလုံးအသင်းတွေ ပြိုင်ပွဲအရပ်ရပ်ယှဉ်ပြိုင်မှု ဖီဖာနဲ့ ယူအီးအက်ဖ်အေ ရပ်ဆိုင်း

ဘရယ်ဆယ်၊ မတ်-၁-၂၀၂၁
မျိုးဆက်(VOM)

ရုရှားဟာ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုပြုတာကြောင့် ရုရှားဘောလုံးအသင်းတွေနဲ့ နိုင်ငံအသင်းတွေကို ပြိုင်ပွဲအရပ်ရပ်မှာ ၀င်ရောက်ယှဉ်ပြိုင်မှုတွေကနေ ကမ္ဘာ့ဘောလုံအဖွဲ့ချုပ်(ဖီဖာ)နဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)တို့က ရပ်ဆိုင်းလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်အသိပေး ထုတ်ပြန်ချက်တစုံတရာမရှိမခြင်း ပိတ်ပင်တားမြစ်သွားမယ်လို့ ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က ထုတ်ပြန်ထားပါတယ်။

ဒီလိုပိတ်ပင်လိုက်တာကြောင့် ရုရှားအမျိုးသားအသင်းဟာ လာမယ့်လမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပလေးအော့ဖ်ပွဲစဉ်တွေကို ကစားခွင့်ရမှာမဟုတ်တော့ဘဲ အမျိုးသမီးအသင်းဟာလည်း အခုနွေရာသီမှာကျင်းပမယ့် ယူရို၂၀၂၂ ပွဲစဉ်တွေကို ကစားခွင့်ဆုံးရှုံးတော့မှာဖြစ်ပါတယ်။

ရုရှားကလပ်အသင်းဖြစ်တဲ့ စပါးတပ်မော်စကိုအသင်းဟာလည်း ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရတာကြောင့် နောက်ဆုံး ၁၆ သင်းအဆင့်ပြိုင်ဘက် လိုက်ဇစ်က ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဟာ ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom နဲ့စပွန်ဆာ စာချုပ်ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ ထိခိုက်နစ်နာနေတဲ့ ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်နေကြောင်း ဘောလုံးလောကက ညီညီညွှတ်ညွှတ်ပြသလိုက်တာလို့ ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: BBC
Photo: Reuters
#VoiceOfMyanamar #VOM #ရုရှားဘောလုံးအသင်းတွေ #ပြိုင်ပွဲယှဉ်ပြိုင်မှု #ဖီဖာနဲ့ယူအီးအက်ဖ်အေရပ်ဆိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW