အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ အာဆီယံတာ၀န်ရှိသူတွေ ဆွေးနွေးဖို့စီစဉ်၊ မြန်မာကိုဖိတ်ဖို့ မသေချာ

ဝါရှင်တန်၊ မတ်-၁-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ အင်ဒို-ပစိဖိတ်ဒေသနဲ့ပတ်သက်ပြီး ကတိက၀တ်တွေကို အလေးပေးဆွေးနွေးဖို့ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို မတ်လနှောင်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

အဲဒီ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို မတ်လ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ ဝါရှင်တန်မှာ လူချင်းတွေ့ဆုံ ကျင်းပသွားမှာဖြစ်တယ်လို့ အိမ်ဖြူတော်ကထုတ်ပြန်ထားပါတယ်။

လေးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့အောက်တိုဘာလကကျင်းပတဲ့ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲမှာတော့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အမေရိကန်တို့အကြား ခိုင်မာတဲ့ ဆက်ဆံရေးထားရှိဖို့ သမ္မတဂျိုးဘိုင်ဒင်က တိုက်တွန်းခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ခဲ့ပြီး နိုင်ငံနဲ့စီးပွားရေးဆိုင်ရာလုံခြုံမှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို တန်ပြန်ဖို့အတွက် ဂျပန်၊ အာဆီယံအပြင် အခြားနိုင်ငံတွေနဲ့ အမေရိကန်တို့အကြား နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရန်တို့ပါ၀င်နေပါတယ်။

ယူကရိန်းအကြပ်အတည်းနဲ့ ပတ်သက်လို့ တုံ့ပြန်ဖို့ လိုအပ်နေပေမယ့် အမေရိကန်အစိုးရဟာ အင်ဒို-ပစိဖိတ်ဒေသနဲ့ပတ်သက်ပြီး ကတိက၀တ်တွေပြုထားဆဲဖြစ်ကြောင်း အိမ်ဖြူတော်တာ၀န်ရှိသူတဦးဖြစ်တဲ့ ကာ့ကမ်းဘဲလ်က ပြောပါတယ်။

မတ်လနှောင်းပိုင်းမှာကျင်းပမယ့် အစည်းအဝေးနဲ့ပတ်သက်ပြီး မြန်မာကို ဖိတ်ကြားနိုင်ခြေနဲ့ပတ်သက်ပြီး အစီအစဉ်မရှိဘူးလို့ များမကြာမီလတွေအတွင်း အမေရိကန်တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: NHK
Photo: Reuters
#VoiceOfMyanamar #VOM #ဂျိုးဘိုင်ဒင် #အာဆီယံတွေ့ဆုံမှု #မြန်မာကိုဖိတ်ဖို့မသေချာ

Related posts

Leave a Comment

VOM News

FREE
VIEW