ခါကိဗ်မြို့ကို ရုရှားလေကြောင်းချီတပ်ဖွဲ့ ဆင်းသက်၊ ကာကွယ်ရေးသမားတွေနဲ့ တိုက်ပွဲပြင်းထန်နေ

ကိယက်ဗ်၊ မတ်-၂-၂၀၂၂
မျိုးဆက်(VOM)
 
ရုရှားလေထီးစစ်သားတွေဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မြို့ကို မတ် ၂ ရက်မှာ ဆင်းသက်လာပြီးနောက် ယူကရိန်းကာကွယ်ရေးသမားတွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ယူကရိန်း စစ်တပ်ကပြောပါတယ်။
 
ရုရှားလေကြောင်းချီတပ်တွေဟာ ခါကိဗ်မြို့ကို ဆင်းသက်လာပြီး ဒေသခံဆေးရုံတခုကို တိုက်ခိုက်ခဲ့ကာ ယူကရိန်းကာကွယ်ရေးသမားတွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ယူကရိန်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
လူသူထူထပ်တဲ့ မြို့ပြလူနေဒေသတွေကို ရုရှားတပ်တွေက တိုက်ခိုက်မှုအရှိန်မြှင့်တင်နေပြီး ဒါဟာ ဗြောင်ကျကျ အကြမ်းဖက်တိုက်ခိုက်တာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
 
ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ဘယ်သူကိုမှ ခွင့်လွှတ်မှာမဟုတ်သလို ဘယ်သူ့ကိုမှလည်း မေ့မှမဟုတ်ကြောင်း ခါကိဗ်မြို့ကို ရုရှားကဒုံးပျံများဖြင့် တိုက်ခိုက်မှုအပြီးမှာ ယူကရိန်းသမ္မတကပြောပါတယ်။
 
ခါကိဗ်မြို့ကို မတ် ၁ ရက် ရုရှားတို့ရဲ့တိုက်ခိုက်မှုအတွင်း လူ ၁၀ ဦးထက်မနည်းသေဆုံးပြီး ၃၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းပြည်ထဲရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
မိုင် ၄၀ လောက်အရှည်ရှိတဲ့ ရုရှားစစ်ယာဉ်တန်းဟာ ကိယက်ဗ်မြို့ကို ထိုးစစ်ဆင်ဖို့ ချီတက်လာနေချိန်မှာ ထောင်ပေါင်းများစွာသော ယူကရိန်းပြည်သူတွေဟာ မြို့ကနေထွက်ပြေးမှုတွေလည်းရှိနေပါတယ်။
 
Ref: National News
Photo: Reuters/ AP
#VoiceOfMyanmar #VOM #ခါကိဗ်မြို့ #ရုရှားလေကြောင်းချီတပ်ဖွဲ့ဆင်းသက် #ကာကွယ်ရေးသမားတွေနဲ့ #တိုက်ပွဲပြင်းထန်နေ

Related posts

Leave a Comment

VOM News

FREE
VIEW