အမေရိကန်-အာဆီယံ အထူးအစည်းအဝေး မြန်မာဘက်က နိုင်ငံရေးသမား မဟုတ်သူကိုသာ ဖိတ်မည်

၀ါရှင်တန်၊ မတ်-၃-၂၀၂၂
မျိုးဆက်(VOM)
 
ယခုလအတွင်း ဝါရှင်မှာကျင်းပမယ့် အမေရိကန်-အာဆီယံ အထူးအအစည်းအဝေးမှာ အာဆီယံအဖွဲ့နည်းတူ မြန်မာဘက်က ကိုယ်စားလှယ်ကို နိုင်ငံရေးသမားမဟုတ်သူကိုသာ ဖိတ်ကြားသွားမယ်လို့ အမေရိကန်ဘက်က မတ် ၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
သမ္မတဂျိုးဘိုင်ဒင်ဟာ မတ် ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ အာဆီယံခေါင်းဆောင်တွေနဲ့ အထူးအစည်းအဝေးတစ်ရပ်ကို ဝါရှင်တန်မှာ လက်ခံကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
 
မြန်မာနိုင်ငံက နိုင်ငံရေးသမားမဟုတ်တဲ့ ကိုယ်စားကို အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ဖိတ်ကြားဖို့ အာဆီယံအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ကထောက်ခံပြီး ဒီနည်းလမ်းအတိုင်း လုပ်ဆောင်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
 
မြန်မာအာဏာပိုင်တွေအနေနဲ့ အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်မဖော်ခဲ့တာနဲ့ပတ်သက်ပြီး တာ၀န်ခံသင့်တယ်လို့ သူကဝေဖန်ပြောဆိုထားပြီး မြန်မာဘက်က ဘယ်သူ့ကိုဖိတ်မယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
 
အမေရိကန်-အာဆီယံ အထူးအစည်းအဝေးမတိုင်ခင်မှာတော့ ကမ္ဘောဒီးယားနိုင်ငံကခန့်အပ်ထားတဲ့ အာဆီယံအထူးသံတမန်ဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပါတယ်။
 
Ref: Reuters
Photo: Reuters
#VoiceOfMyanmar #VOM #အမေရိကန်-အာဆီယံအထူးအစည်းအဝေး #မြန်မာဘက်က #နိုင်ငံရေးသမားမဟုတ်သူကိုသာဖိတ်မည်

Related posts

Leave a Comment

VOM News

FREE
VIEW