ဖနွမ်းပင်၊ မတ်-၃-၂၀၂၂
မျိုးဆက်(VOM)
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ဟာ ယခုလနှောင်းပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ ကမ္ဘောဒီးယားနိုင်ငံက မတ် ၂ ရက်မှာ ကြေညာလိုက်ပါတယ်။
ကမ္ဘောဒီးယား ဒုတိယ၀န်ကြီးချုပ်နဲ့ နိုင်ငံခြားရေး၀န်ကြီးဖြစ်သူ Prak Sokhonn ဟာ မြန်မာနိုင်ငံကို မတ် ၂၀ ရက်ကနေ ၂၃ ရက်ထိ လာရောက်မှာဖြစ်တယ်လို့ ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်ထားပါတယ်။
သူဟာ မြန်မာနိုင်ငံရေးအကြပ်အတည်းမှာ ပါ၀င်သူအားလုံးနဲ့ စေ့စပ်ညှိနှိုင်းဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်သူ အာဆီယံအထူးသံတမန်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။
ကမ္ဘောဒီးယားဟာ ယခုနှစ်အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာ၀န်ယူထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်ငါးချက်ကို ရရှိခဲ့ပါတယ်။
ဒီသဘောတူညီချက်တွေထဲမှာ စေ့စပ်ညှိနှိုင်းရေးတွေ အဆင်ပြေချောမွေ့စေဖို့အတွက် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အာဆီယံအထူးသံတမန်တစ်ဦးခန့်အပ်ဖို့တွေလည်း ပါ၀င်ပါတယ်။
အာဆီယံအထူးသံတမန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံအင်အားစုတွေနဲ့ တွေ့ဆုံဖို့ကို အာဆီယံအဖွဲ့၀င်နိုင်ငံအချို့က မြန်မာစစ်ဘက်ကို တိုက်တွန်းတောင်းဆိုနေပေမယ့် မြန်မာအာဏာပိုင်တွေလက်က ပယ်ချထားပါတယ်။
Photo: Khmer Times
#VoiceOfMyanmar #VOM #အာဆီယံအထူးသံတမန် #မြန်မာနိုင်ငံလာမယ်