လကမ္ဘာနှင့် စွန့်ပစ်ဒုံးပျံတို့ ပထမဆုံးအကြိမ် တိုက်မိမှုဖြစ်ပွားတော့မယ်

၀ါရှင်တန်၊ မတ်-၄-၂၀၂၂
မျိုးဆက်(VOM)
 
စွန့်ပစ်ဒုံးပျံတစ်စင်းရဲ့ အစိတ်အပိုင်းတစ်ခုဟာ များမကြာမီအချိန်အတွင်း လကမ္ဘာနဲ့ တိုက်မိတော့မှာဖြစ်ပြီး အဲဒီဒုံးပျံဟာ လကမ္ဘာနဲ့ ဇန်နဝါရီလအတွင်း တိုက်မိလိမ့်မယ်လို့ သိပ္ပံပညာရှင်က ယခင်ကခန့်မှန်းထားခဲ့ကြပါတယ်။
 
တစ်နာရီကို ၅၈၀၀ ကီလိုမီတာနှုန်းနဲ့ အာကာသအတွင်းလွင့်မျောနေတဲ့ သုံးတန်အလေးချိန်ရှိ အဲဒီစွန့်ပစ်ဒုံးပျံဟာ မတ် ၄ ရက် နေ့လယ်ပိုင်းမှာ လကမ္ဘာနဲ့တိုက်မိဖွယ်ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။
 
ကနဦးမှာတော့ အဲဒီဒုံးပျံဟာ အီလွန်မာ့ခ်ရဲ့ စပေ့စ်အိပ်စ်အာကာသ အစီအစဉ်မှ ဒုံးပျံအစိတ်အပိုင်းဖြစ်တယ်လို့ နက္ခတ္တဗေဒပညာရှင်တွေက ယူဆခဲ့ပေမယ့်လည်း ဒါဟာတရုတ်နိုင်ငံရဲ့ စွန့်ပစ်ဒုံးပျံဖြစ်တယ်လို့ နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ ဒီလိုပြောဆိုမှုတွေကို ငြင်းဆိုထားပါတယ်။
 
ဒုံးပျံနဲ့တိုက်မိတဲ့ဖြစ်စဉ်ကြောင့် လကမ္ဘာပေါ်မှာ သက်ရောက်မှုအနည်းငယ်သာရှိမှာဖြစ်ပြီး ၁၀ မီတာမှ ၂၀ မီတာကျယ်၀န်းတဲ့ မီးတောင်၀နဲ့ ဒုံးပျံတို့တိုက်မိတဲ့ဖြစ်စဉ်ကြောင့် ထွက်ပေါ်လာတဲ့ အမှုန်အမွှားတွေကို လေ့လာဖို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေကြပါတယ်။
 
အာကာသအမှိုက်လို့ခေါ်တဲ့ ဒုံးပျံအစိတ်အပိုင်းတွေဟာ ကမ္ဘာမြေသို့ပြန်လာဖို့ လောင်စာ သို့မဟုတ် စွမ်းအင်မရှိတော့တဲ့ ဂြိုဟ်တု သို့မဟုတ် မစ်ရှင်တွေကနေ စွန့်ပစ်လိုက်တဲ့ ပစ္စည်းများပါ၀င်ပါတယ်။
 
အာကာသအတွင်းမှာ ၁၀ စင်တီမီတာထက် ပိုမိုကြီးမားတဲ့ အာကာသအမှိုက် ၃၆၅၀၀ ရှိတယ်လို့ ဥရောပအာကာသအေဂျင်စီက ထုတ်ပြန်ထားပါတယ်။
 
Ref: BBC
Photo: PETER BIRTWHISTLE
#VoiceOfMyanmar #VOM #လကမ္ဘာ #စွန့်ပစ်ဒုံးပျံ #ပထမဆုံးအကြိမ် #တိုက်မိမှုဖြစ်ပွားတော့မယ်

Related posts

Leave a Comment

VOM News

FREE
VIEW