လကမ္ဘာနှင့် စွန့်ပစ်ဒုံးပျံတို့ ပထမဆုံးအကြိမ် တိုက်မိမှုဖြစ်ပွားတော့မယ်

၀ါရှင်တန်၊ မတ်-၄-၂၀၂၂ မျိုးဆက်(VOM)   စွန့်ပစ်ဒုံးပျံတစ်စင်းရဲ့ အစိတ်အပိုင်းတစ်ခုဟာ များမကြာမီအချိန်အတွင်း လကမ္ဘာနဲ့ တိုက်မိတော့မှာဖြစ်ပြီး အဲဒီဒုံးပျံဟာ လကမ္ဘာနဲ့ ဇန်နဝါရီလအတွင်း တိုက်မိလိမ့်မယ်လို့ သိပ္ပံပညာရှင်က ယခင်ကခန့်မှန်းထားခဲ့ကြပါတယ်။   တစ်နာရီကို ၅၈၀၀ ကီလိုမီတာနှုန်းနဲ့ အာကာသအတွင်းလွင့်မျောနေတဲ့ သုံးတန်အလေးချိန်ရှိ အဲဒီစွန့်ပစ်ဒုံးပျံဟာ မတ် ၄ ရက် နေ့လယ်ပိုင်းမှာ လကမ္ဘာနဲ့တိုက်မိဖွယ်ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။   ကနဦးမှာတော့ အဲဒီဒုံးပျံဟာ အီလွန်မာ့ခ်ရဲ့ စပေ့စ်အိပ်စ်အာကာသ အစီအစဉ်မှ ဒုံးပျံအစိတ်အပိုင်းဖြစ်တယ်လို့ နက္ခတ္တဗေဒပညာရှင်တွေက ယူဆခဲ့ပေမယ့်လည်း ဒါဟာတရုတ်နိုင်ငံရဲ့ စွန့်ပစ်ဒုံးပျံဖြစ်တယ်လို့ နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ ဒီလိုပြောဆိုမှုတွေကို ငြင်းဆိုထားပါတယ်။   ဒုံးပျံနဲ့တိုက်မိတဲ့ဖြစ်စဉ်ကြောင့် လကမ္ဘာပေါ်မှာ သက်ရောက်မှုအနည်းငယ်သာရှိမှာဖြစ်ပြီး ၁၀ မီတာမှ ၂၀ မီတာကျယ်၀န်းတဲ့ မီးတောင်၀နဲ့ ဒုံးပျံတို့တိုက်မိတဲ့ဖြစ်စဉ်ကြောင့် ထွက်ပေါ်လာတဲ့ အမှုန်အမွှားတွေကို လေ့လာဖို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေကြပါတယ်။…

Read More

လောင်စာဆီစျေး စံချိန်တင်မြင့်တက်မှုကြောင့် ပြည်သူတွေအခက်တွေ့နေ

မတ် ၄-၂၀၂၂ VOM (GG)   ပြည်တွင်း စက်သုံးဆီစျေးနူန်း တနေ့တခြားမြင့်တက်လာရာကနေ အခုဆိုရင် 92 တစ်လီတာကို ၂၂၀၀ ကျပ်နီးပါး နဲ့ ၉၅ တစ်လီတာ ၂၃၀၀ ကျပ်နီးပါး အထိ စံချိန်တင်စျေးနူန်းအဖြစ် မြင့်တက်လာတာတွေ့ရပါတယ်။   ပြည်တွင်းစက်သုံးဆီ လောင်စာဆီ စျေးတက်တဲ့အဓိက အချက်ကတော့ ကမ္ဘာ့ရေနံစျေးမြင့်တက်ခြင်းကြောင့် ဖြစ်သလို၊ယူကရိန်းနဲ့ရုရှား နှစ်နိုင်ငံစစ်ရေးအခြေအနေအပါအဝင်၊ ပြည်တွင်းနိုင်ငံရေးအခြေအနေကြောင့်လည်း စက်သုံးဆီစျေးက စံချိန်တင်နူန်းတခုအဖြစ် မြင့်တက်လာတာဖြစ်ပြီး စက်သုံးဆီစျေးဟာ ရှေ့ဆက်ပြီး အတက်ဘက်ကိုဦးတည်နေတယ်လို့ စက်သုံးဆီဖြန့်ဖြူးရောင်းချနေတဲ့လုပ်ငန်းရှင်ကပြောပါတယ်။   ” ဆီစျေးတက်ရင် အရင်တုန်းက နိုင်ငံရေးတောင်မတည်ငြိမ်ဘူး။ အခုကတော့ မတည်ငြိမ်တဲ့ကာလပါဖြစ်နေတာပေါ့။ ကျနော့်အမြင်ကတော့ စျေးကတက်အုံးမှာ။စျေးတက်ဖို့အလားအလာရှိတယ်။98 % လောက်ကပြည်ပကနေတင်သွင်းရတာပဲ၊ပြည်တွင်းက ၂ % လောက်ပဲရတာ ။ စျေးတက်တာကတော့ ကမ္ဘာ့ရေနံစိမ်းတက်တော့ အချောစျေးလည်းတက်တာပေါ့။ဆီစျေးတက်တော့ အကုန်လိုက်တက်ကြရော “လို့ အမည်မဖော်လိုသူ စက်သုံးဆီဖြန့်ဖြူးရောင်းချနေသူတဦးကပြောပါတယ်။  …

Read More

မျက်နှာချင်းဆိုင်ဆွေးနွေးဖို့ ဘာကြောက်နေတာလဲလို့ ပူတင်ကို ယူကရိန်းသမ္မတ မေးခွန်းထုတ်

ကိယက်ဗ်၊ မတ်-၄-၂၀၂၂ မျိုးဆက်(VOM)   လက်ရှိဖြစ်ပွားနေတဲ့ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး သမ္မတပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးလိုတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက မတ် ၃ ရက်မှာ တောင်းဆိုလိုက်ပါတယ်။   မိမိနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ ဘာကိုကြောက်နေတာလဲလို့ မတ် ၃ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇီလန်စကီးက မေးခွန်းထုတ်လိုက်ပြီး ဒါဟာ စစ်ပွဲရပ်ဖို့ တခုတည်းသောနည်းလမ်းဖြစ်တယ်လို့ သူကပြောပါတယ်။   ရုရှားဟာ ယူကရိန်းအပြင် လတ်ဗီးယား၊ လစ်သူယေးနီးယား၊ အက်စ်တိုးနီးယား၊ မော်ဒိုဗာ၊ ဂျော်ဂျီယာနဲ့ ပိုလန်တို့ကိုလည်း နောက်ဆုံးမှာ ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ခြေရှိတယ်လို့ ယူကရိန်းသမ္မတက ဆိုပါတယ်။   ရုရှားနဲ့ ယူကရိန်းကိုယ်စားလှယ်တွေကတော့ အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်ဆွေးနွေးပွဲမှာ သိသာထင်ရှားတဲ့ သဘောတူညီမှုတွေမရပေမယ့် အရပ်သားတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးလမ်းကြောင်းတွေဖွင့်ထားဖို့တော့ သဘောတူခဲ့ကြပါတယ်။   ယူကရိန်းကိုတိုက်ခိုက်တာဟာ တရားမျှတကြောင်းနဲ့ စစ်ဆင်ရေးတွေကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့…

Read More

စစ်ကိုင်းတိုင်းက မြို့ပေါင်း ၂၀ ကျော် မိုဘိုင်းလ် အင်တာနက်လိုင်းတွေ သုံးမရဖြစ်နေ

မတ် ၄-၂၀၂၂ စိုးပိုင် (VOM)   စစ်ကိုင်းတိုင်းထဲက မြို့ပေါင်း ၂၀ ကျော်ဟာ ဒီမနက် အစောပိုင်းကစလို့ မိုဘိုင်းလ် အင်တာနက်လိုင်းတွေ သုံးစွဲမရဘူးလို့ အင်တာနက်အသုံးပြုသူတွေဆီက သိရပါတယ်။   ” ဒီမနက်အစောပိုင်း ၁ နာရီဝန်းကျင်လောက်က စပျက်တာပါ ၊ ဖုန်းဆင်းကဒ် အင်တာနက်လိုင်းတွေ အားလုံးပျက်တာ “လို့ ရေဦးမြို့ခံ အင်တာနက်သုံးစွဲသူ တယောက်က ပြောပါတယ်။   မိုဘိုင်းလ် အင်တာနက်လိုင်းတွေ သုံးစွဲမရ ဖြစ်နေတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ဆက်သွယ်ရေး ဌာန နဲ့ နီးစပ်သူ တယောက်က ” စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ မြို့နယ်အနက် ၊ စစ်ကိုင်း ၊ ရွှေဘို ၊ မုံရွာ ၃ မြို့နယ်ကတော့ Mytel နဲ့ MPT မိုဘိုင်းလ်…

Read More

ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ဥရောပရှိအကြီးဆုံး နျူကလီးယားစက်ရုံ မီးလောင်

ကိယက်ဗ်၊ မတ်-၄-၂၀၂၂ မျိုးဆက်(VOM)   ရုရှားတပ်ဖွဲ့၀င်တွေရဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းတောင်ပိုင်းရှိ နျူကလီးယားဓါတ်အားပေးစက်ရုံကြီးတစ်ရုံ မီးလောင်ကျွမ်းခဲ့ပြီး ရုရှားရဲ့လုပ်ရပ်ဟာ ဥရောပတိုက်ကြီးတခုလုံးကို ဘေးအန္တရာယ်ဖြစ်စေတယ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။   ရုရှားတပ်ဖွဲ့၀င်တွေရဲ့ တိုက်ခိုက်မှုပြုပြီးနောက်မှာ ဥရောပမှာအကြီးဆုံးဖြစ်တဲ့ ဇာပိုရီဇာဇာဟီယာ နျူကလီးယားဓါတ်အားပေးစက်ရုံဟာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်ရုံဟာဘေးကင်းစိတ်ချရပြီး ဓါတ်ရောင်ခြည်အဆင့် ပုံမှန်ရှိနေတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။   ဒီလုပ်ရပ်ဟာ မခြင်မဆင်တိုက်ခိုက်မှုဖြစ်ပြီး ဥရောပနိုင်ငံအားလုံးရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်လိုက်တာလို့ ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကပြောပါတယ်။   အဲဒီနေရာ၀န်းကျင်းမှာ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားကိုတိုက်တွန်းထားပြီး ကနေဒါ၀န်ကြီးချုပ် ထရူးဒေါကတော့ ရုရှားရဲ့ ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်ရမယ်လို့ ပြောဆိုလိုက်ပါတယ်။   ရုရှားဟာ နျူကလီးယားအကြမ်းဖက်မှုပုံစံမျိုးလုပ်နေပြီး ၁၉၈၆ ခုနှစ် ချာနိုဘိုင်းနျူကလီးယားမတော်တဆမှုလိုမျိုး ဖြစ်စေချင်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက စွပ်စွဲထားပြီး ဇာပိုရီဇာဇာဟီယာ နျူကလီးယားဓါတ်အားပေးစက်ရုံသာ ပေါက်ကွဲမှုဖြစ်ခဲ့မယ်ဆိုရင်…

Read More

လျှပ်စစ်မီး အချိန်ကြာပြတ်တောက်မှုနဲ့စက်သုံးဆီစျေးကြီးမြင့်မှုကြောင့် အသေးစားစက်မှုလုပ်ငန်းအချို့ ရပ်ဆိုင်းထားရ

မတ် ၄-၂၀၂၂ KK(VOM)   ရန်ကုန်မှာ လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်တာတွေ စက်သုံးဆီစျေးကြီးမြင့်လာတာတွေကြောင့် အသေးစားအိမ်တွင်းစက်မှုလုပ်ငန်းအချို့ ရပ်ဆိုင်းရတဲ့အခြေအနေထိ ကြုံတွေ့နေရတယ်လို့ အဲ့ဒီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။   လျှပ်စစ်မီးကိုသာ အဓိကအသုံးပြုနေလုပ်ကိုင်နေရတဲ့ အသေးစားအိမ်တွင်းစက်မှုလုပ်ငန်းတွေဟာ မီးပျက်ရင် အရင်က မီးစက်နဲ့အသုံးပြုနိူင်ပေမယ့် အခုအခါ စက်သုံးဆီပါ ကြီးမြင့်လာသောကြောင့် အသေးစားစက်မှုလုပ်ငန်းအချို့ လုပ်ငန်းတွေကို ခေတ္တရပ်နားထားရတယ်လို့ သံပန်းလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။   “အခုအခြေအနေက အတော်လေးစိတ်ပျက်ဖို့ကောင်းတဲ့ အခြေအနေပါ မီးက ဘယ်အချိန်လာမယ်လို့ ခန့်မှန်းလို့မရတော့ အလုပ်လို့မရဘူး မီးစက်နဲ့အလုပ်လုပ်ရအောင်လည်း ကိုယ့်အလုပ်က လုပ်ငန်းကြီးမဟုတ်တော့ မရင်းရဲဘူး၊ အခုတော့အလုပ်က နားရတယ် “လို့ ပြောပါတယ်။   အိမ်တွင်းအသေးစားစက်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ အချိုရည်ဗူးတွေထုတ်လုပ်ရာမှာလည်း မီးကိုအသုံးပြုရပြီး ဂန်းနဲ့ပိတ်ရတာကြောင့် ရတဲ့အမြတ်မှာ နည်းလာတဲ့အတွက် မီးစက်အသုံးမပြုနိူင်လို့ လုပ်ငန်းခေတ္တရပ်နားထားရတယ်လို့ လှည်းကူးမြို့နယ်က အသေးစားလုပ်ငန်းရှင်တစ်ဦးက သူရဲ့အမြင်ကိုလည်း အခုလိုပြောပါတယ်။   “မီတာမဆောင်တာနဲ့မဆိုင်ဘူး ကျနော်တို့ဘက်မှာ အကုန်မီတာဆောင်ကြတယ်…

Read More

စက်သုံးဆီစျေး မြင့်လာတာကြောင့် အခမဲ့ လူမှုကူညီရေးလုပ်ငန်းတွေ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာ

မတ် ၄-၂၀၂၂ စိုးပိုင် ၊ (VOM)   စက်သုံးဆီ စျေးနှုန်းမြင့်မားလာတဲ့အတွက် စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က အခမဲ့ လူမှုကူညီရေးနဲ့ ကျန်းမာရေးစောင့်ရှောက်တဲ့ အသင်းတွေဟာ ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲလာတယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။   ” တနေ့ကို အနည်းဆုံး ကူညီကယ်ဆယ်ရေးလမ်းကြောင်း ၂၀ ဝန်းကျင် ပုံမှန်လိုက်ရတယ် ၊ စက်သုံးဆီဖိုးက ၂ သိန်းကျော် ကုန်ကျပြီး ယာဥ်ပြုပြင်စရိတ်နဲ့ အသင်းရုံးစရိတ်နဲ့ဆို တနေ့ကုန်ကျစရိတ်ဟာ သုံး လေး သိန်းရှိတယ် ၊ အလှူငွေဆိုတာလည်း လမ်းကြောင်း ၁၀ ခုမှာ အလှူရှင် ၂ ဦး ပေါ်ပေါက်လာဖို့ မလွယ်ဘူး ၊ အဲ့ဒီတော့ စက်သုံးဆီကို အကြွေးစနစ်နဲ့ ဝယ်ယူသုံးစွဲပြီး အခမဲ့စနစ်နဲ့ ကူညီကယ်ဆယ်ပေးတာဆိုတော့ ရေရှည်မှာ မလွယ်တဲ့အတွက် လူမှုကူညီ…

Read More

ယူကရိန်းစစ်ပွဲ ၈ရက်မြောက်

– စစ်ပွဲစတာ ၈ရက်ရှိပေမယ့် ရုရှားဟာ ယူကရိန်း မြို့တစ်မြို့တည်းသာ သိမ်းနိုင်ပါသေးတယ်။   – ဘေလာရိုစ့် နယ်စပ်မှာ ပြုလုပ်တဲ့ ယူကရိန်းနဲ့ ရုရှား နှစ်ဖက် ဒုတိယအကြီမ် ဆွေးနွေးပွဲကနေ လူသားချင်းစာနာမှုအကူအညီပေးဖို့ စင်္ကြံလမ်း တစ်ခု ထားဖို့ သဘောတူလိုက်ပါတယ်( စစ်ပွဲအကြား ပိတ်မိနေသူတွေကို ကယ်ဖို့ နဲ့ လူသားချင်းစာနာမှုအကူအညီအတွက် စင်္ကြံဖြစ်ပါတယ်)။   – ယူကရိန်းသမ္မတ ဇလန်စကီးက ရုရှားသမ္မတ ပူတင်ကို သူနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။   – ဇလန်စကီးက ဥရောပနိုင်ငံတွေကိုလည်း သူတို့ကို တိုက်လေယာဥ်တွေ ပေးဖို့ တောင်းဆိုတယ်၊ ယူကရိန်းကျသွားရင် ပူတင်က ဘောလ်တစ်နိုင်ငံ တွေဖြစ်တဲ့ လတ်ဗီယား၊ လစ်သူရိန်းနီးယား၊ အက်စ်တိုနီးယား ဘက်ကို စစ်ကြောင်းထိုးမှာသေချာတယ်လို့ သတိပေးလိုက်ပါတယ်။   – မနေ့က ဗုံးကျဲတိုက်ခိုက်ခံရတဲ့ ယူကရိန်းရဲ့…

Read More

စားအုန်းဆီ တစ်ပိဿာကို ၇၇၀၀ အထိ စံချိန်တင် မြင့်တက်၊ပြည်တွင်းထွက် မြေပဲဆီနဲ့ နေကြာဆီဈေးပါ မြင့်တက်

မတ် ၄-၂၀၂၂ VOM (GG)   ပြည်တွင်း စားအုန်းဆီစျေးက တစ်ပိဿာကို ၇၇၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာသလို ပြည်တွင်းထွက် မြေပဲဆီစျေးနူန်းကလည်း မြင့်တက်လာတာကိုတွေ့ရပါတယ်။   စားအုန်းဆီဟာဆိုရင် အရင်က တစ်ပိဿာကို ၁၈၀၀ ကျပ်ထိသာရှိရာကနေ အခုဆ်ိုရင် ၈၀၀၀ နီးပါးထိ စံချိန်တင်မြင့်တက်လာတာဖြစ်ပြီး မြေပဲဆုံဆီအစစ်ကလည်း အခုရက်ပိုင်းမှာ တစ်ပိဿာကို ၁၀၀၀၀ ကျပ်အထိမြင့်တက်လာတယ်လို့ သိရပါတယ်။   ဒါ့ကြောင့် ဆီစျေးမြင့်တက်မှုဟာ အခြေခံလူတန်းစား စားတွေအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခုဖြစ်ပြီး အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။   ” အရင် ပိုက်ဆံ ၈၀၀၀ ဆိုရင် ဆီ ၄ပိဿာရတယ်၊ အခုက ၈၀၀၀ဆို ၁ပိဿာပဲရတယ်။ဘယ်လောက်ကွာဟသွားလည်း တွေးကြည့်လေ။ကျနော်တို့ တနေ့လုပ်အားခက ၇၀၀၀ နဲ့ ၈၀၀၀ ကြားပဲရှိတယ်။ ကုန်စျေးနူန်းက မိုးလောက်မြင့်တက်နေမှတော့ ရှေ့လျှောက် ငတ်ရုံပဲရှိတော့မှာ…

Read More

မုံရွာ-ကလေး-တမူးဘက်က ကားသမားတွေ အသွားအလာ မရှိသလောက်ကျဲတဲ့အတွက် အလုပ်လက်မဲ့ဖြစ်နေ

မတ် ၄-၂၀၂၂ စိုးပိုင် (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာရှိတဲ့ ကားသမားတွေဟာ အခုနှစ် ၊ နှစ်ဆန်းပိုင်းကစလို့ ဂေါက်ကြေး နှစ်ဆနီးပါး တိုးရပေမယ့် ကားဆက်မမမောင်းရဲတာကြောင့် အလုပ်လက်မဲ့ ကားသမားအရေအတွက်ဟာ သိသိသာသာ တိုးလာနေတယ်လို့ မုံရွာကုန်စည်ပို့ဆောင်ရေး ကားသမား အသိုင်းအဝိုင်းဆီက သိရပါတယ်။   ” မုံရွာ ကလေး တမူး ဂေါက်ကြေးက တစ်ခေါက်ကို ၆ သောင်းနဲ့ ၈ သောင်း အကြားမှာရှိတယ် ၊ ကားသမား ရှားလာတဲ့အတွက် ဂေါက်ကြေး တစ်သိန်းဝန်းကျင်ပေးခေါ်တာကို မောင်းမဲ့သူ မရှိဘူး ” လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။   ကုန်တင်ကားမောင်းသူတယောက်ကလည်း “မုံရွာ ဂန့်ဂေါ ကလေး တမူး လမ်းပိုင်းမှာလည်း အစစ်အဆေး များတယ် ၊ မုံရွာ…

Read More
VOM News

FREE
VIEW