မျက်နှာချင်းဆိုင်ဆွေးနွေးဖို့ ဘာကြောက်နေတာလဲလို့ ပူတင်ကို ယူကရိန်းသမ္မတ မေးခွန်းထုတ်

ကိယက်ဗ်၊ မတ်-၄-၂၀၂၂
မျိုးဆက်(VOM)
 
လက်ရှိဖြစ်ပွားနေတဲ့ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး သမ္မတပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးလိုတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက မတ် ၃ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
 
မိမိနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ ဘာကိုကြောက်နေတာလဲလို့ မတ် ၃ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇီလန်စကီးက မေးခွန်းထုတ်လိုက်ပြီး ဒါဟာ စစ်ပွဲရပ်ဖို့ တခုတည်းသောနည်းလမ်းဖြစ်တယ်လို့ သူကပြောပါတယ်။
 
ရုရှားဟာ ယူကရိန်းအပြင် လတ်ဗီးယား၊ လစ်သူယေးနီးယား၊ အက်စ်တိုးနီးယား၊ မော်ဒိုဗာ၊ ဂျော်ဂျီယာနဲ့ ပိုလန်တို့ကိုလည်း နောက်ဆုံးမှာ ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ခြေရှိတယ်လို့ ယူကရိန်းသမ္မတက ဆိုပါတယ်။
 
ရုရှားနဲ့ ယူကရိန်းကိုယ်စားလှယ်တွေကတော့ အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်ဆွေးနွေးပွဲမှာ သိသာထင်ရှားတဲ့ သဘောတူညီမှုတွေမရပေမယ့် အရပ်သားတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးလမ်းကြောင်းတွေဖွင့်ထားဖို့တော့ သဘောတူခဲ့ကြပါတယ်။
 
ယူကရိန်းကိုတိုက်ခိုက်တာဟာ တရားမျှတကြောင်းနဲ့ စစ်ဆင်ရေးတွေကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရုရှားသမ္မတပူတင်က မတ် ၃ ရက်မှာပြုလုပ်တဲ့ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
 
Ref: NHK/ BBC
Photo: Getty Images
#VoiceOfMyanmar #VOM #မျက်နှာချင်းဆိုင်ဆွေးနွေးဖို့ #ဘာကြောက်နေတာလဲလို့ #ပူတင်ကို #ယူကရိန်းသမ္မတ #မေးခွန်းထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW