ပဲခူးမြို့နယ် ကျွန်းသာယာရပ်ကွက် မီးလောင်မှု နေအိမ် ၁၄လုံးဆုံးရှုံး

မတ် ၅ -၂၀၂၂
KK(VOM)
 
ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ ၆၊ စက်လမ်းနဲ့ ပွင့်သစ်စလမ်းကြားမှာ ဒီကနေ့ မနက်
၃ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၄လုံး
မီးလောင်ကျွမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
 
မီးလောင်မှုဖြစ်စဥ်နေရာကို ပဲခူးတိုင်းမီးသတ်ဦးစီးမှုးရုံးမှ အုပ်ချုပ်မှုယာဥ် ၁ စီး၊ မီးငြှိမ်းသတ်ယာဥ် ၂စီး၊ မီးသတ်ရေသယ်ယာဥ် ၁စီး၊ ပဲခူးခရိုင် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဥ် ၁ စီး၊ မီးသတ်ရေသယ်ယာဥ် ၃စီး၊ ပဲခူးနယ်မြေမီး သတ်စခန်းမှ မီးသတ်ရေသယ်ယာဥ် ၂စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
“မီးလောင်မှုနဲ့ပတ်သက်ပြီး မီးသတ်ဦးစီးဌာနက မီးလောင်ရတဲ့အကြောင်းအရင်းကို စုံစမ်းနေပါတယ်၊ ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်တယ်”လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၄ လုံး ဆုံးရှုံးခဲ့ရပြီး အိမ်ထောင်စု ၁၇ စုနဲ့ လူဦးရေ ၇၀ ခန့် မီးဘေးသင့်ခဲ့တာကြောင့် ကယ််ဆယ်ရေးစခန်းမှာ နေထိုင်နေရတယ်လို့ လိုက်ပါကူညီပေးနေတဲ့ ပရဟိတအဖွဲ့ဝင် လူငယ်တစ်ဦးက ပြောပါတယ်။
 
“လက်တလော မီးဘေးသင့်တွေကို ဘုန်းကြီးကျော
င်းမှာ ထားတယ်၊ သူတို့အတွက် အဝတ်အထည်နဲ့ စားသောက်စရာတွေ လိုအပ်နေတယ်”လို့ သူကပြောပါ
တယ်။
 
လက်တလောမှာ မီးဘေးသင့်တွေကို သီရိဇေယျာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းမှာ မီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ နေထိုင်ခွင့်ပြုထားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
#voiceofmyanmar #VOM #ပဲခူး #မီးလောင်မှု #နေအိမ်၁၄လုံးဆုံးရှုံး

Related posts

Leave a Comment

VOM News

FREE
VIEW