ရွှေစျေး သိန်း ၂၀ ကျော်အထိပြန်တက် ၊ကမ္ဘာ့ရွှေစျေးတက်တာဖြစ်လို့ ထိန်းဖို့မလွယ်

မတ် ၈-၂၀၂၂
VOM ( GG)
 
ပြည်တွင်းရွှေစျေးဟာ ဒီကနေ့ မတ်လ ၈ရက်နေ့မှာပဲ ရွှေတစ်ကျပ်သားကို သိန်း နှစ်ဆယ်ကျော်အထိ ပြန်လည်မြင့်တက်လာပါတယ်။
 
အခုလို ပြည်တွင်း ရွှေစျေးမြင့်တက်လာတာဟာ ကမ္ဘာ့ရွှေစျေးတက်ခြင်း၊ဒေါ်လာစျေးတက်တာတွေကြောင့်ဖြစ်ပြီး ပြည်တွင်းမှာ ရွှေရှားလို့စျေးတက်တာမျိုးမဟုတ်တဲ့အတွက် YGEA အနေနဲ့ ထိန်းလို့မရနိုင်ကြောင်း YGEA ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးကပြောပါတယ်။
 
” ဒီနေ့က ပြည်တွင်းဒေါ်လာစျေးက ခုန်တက်သွားတယ် ၂၀၄၅ အထိကိုဖြစ်သွားတယ်။ဒေါ်လာစျေးတွေဘာတွေကျ ကျနော်တို့လိုက်ထိန်းလို့မရဘူး။စျေးကွက်ထဲမှာ ရွှေပြတ်သွားလို့ စျေးတက်တာကိုပဲ ထိန်းကျောင်းလို့ရတယ်။ အခုက ရွှေကလိုသလောက်ရောင်းပေးလို့ရတယ်။ အခုက ကမ္ဘာ့စျေးရော ဒေါ်လာစျေးရောတက်သွားလို့ပါ ၊ကျနော်တို့ဆီမှာတက်တာ နည်းနည်းချင်းစီတက်တာ။အိန္ဒိယတို့၊မဲဆောက်တို့ဆို ရန်ကုန်နဲ့ တစ်သိန်းလောက်ကွာတယ် ၊ ထပ်တက်မလားဆိုတာကလည်းခန့်မှန်းလို့ မရဘူး။ကမ္ဘာ့စျေးကတက်တာဆိုတော့လေ ” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ် ။
 
ပြည်တွင်းမှာ ရွှေစျေးနူန်းတက်လာပေမယ့် အရောင်းအဝယ်ပိုင်းကတော့ ပုံမှန်အတိုင်း ရောင်းဝယ်မှုတွေရှိနေပြီး ၊ ပြည်သူတွေအနေနဲ့ကလည်း အရင် ရွှေစျေးတက်ချိန်ကလို အလုအယက် နဲ့ ရွှေစုဆောင်းဖို့ ဝယ်ယူတာမျိုးမရှိဘူးလို့ သူကပြောပါတယ်။
 
” အလုအယက်ဝယ်ကြတာမရှိဘူး။ပုံမှန်ပဲ။ရွှေလုပ်ငန်းရှင်တွေလည်း ဝယ်/ရောင်းကပုံမှန်ပဲ။ရွှေစျေးက ကမ္ဘာ့စျေးတက်လို့တက်တာပဲရှိတယ်။ ဆက်တက်မလားဆိုတာကတော့ ပြောရခက်ပါတယ်။အဓိက ကမ္ဘာ့စျေးပါပဲ ” လို့ ဦးမျိုးမြင့်ကထပ်ပြောပါတယ်။
 
ဒီနေ့မတ်လ ၈ ရက်နေ့ ပြည်တွင်း ရွှေစျေးကတော့ အကယ်ဒမီ မီးလင်းရွှေအပိတ်ဈေး 2,016,000(သိန်း နှစ်ဆယ် တစ်သောင်း ခြောက်ထောင်) ဖြစ်ပြီး၊ကမ္ဘာ့ရွှေဈေး (World Gold Price)1 Ounce-2018 USD ဖြစ်တယ်လို့ သိရပါတယ် ။
 
ဒီနေ့ ဘဏ်ဖွင့်ဒေါ်လာစျေးကတော့ တစ်ဒေါ်လာကို ၁၇၈၆ ကျပ်ဖြစ်ပြီး ပြင်ပမှာတော့ ၂၀၀၀ ကျော်အထိရှိနေတယ်လို့ သိရပါတယ်။
 
ပြည်တွင်း ရွှေစျေးသည် ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး တနေ့ကို နည်းနည်းစီမြင့်တက်ခဲ့တာဖြစ်ပြီး၊ မနေ့က မတ်လ ၇ ရက်နေ့ ညနေက ၁၉၉၀၀၀၀ ရှိခဲ့တာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ရွှေဈေး

Related posts

Leave a Comment

VOM News

FREE
VIEW