သြစတြေးလျမှာ ရေဘေးအကြီးအကျယ်ဖြစ်ပွား၊ အရေးပေါ်အခြေအနေ ကြေညာရတော့မယ်

ဆစ်ဒနီ၊ မတ်-၉-၂၀၂၂
မျိုးဆက်(VOM)
 
သြစတြေးလျနိုင်ငံ ပြည်နယ်နှစ်ခုမှာ ရေကြီးရေလျှံမှုတွေ အကြီးအကျယ်ဖြစ်ပွားနေတာကြောင့် အရေးပေါ်အခြေအနေကြေညာတော့မယ်လို့ ၀န်ကြီးချုပ် စကော့မောရစ်ဆင်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကစပြီး စံချိန်တင်မိုးရွာသွန်းမှုတွေဖြစ်ပွားခဲ့လို့ နယူးဆောက်ဝေးနဲ့ ကွင်းစလန်တို့မှာ လူ ၂၀ သေဆုံးခဲ့ပြီး နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။
 
ရေဘေးသင့်သူတွေကို အမြန်ဆုံးမကူညီနိုင်မှုကြောင့် ဗဟိုနဲ့ ပြည်နယ်အစိုးရတွေဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
 
ရေကြီးရေလျှံမှုများ အကြီးအကျယ်ဖြစ်ပွားနေခြင်းကြောင့် ဆစ်ဒနီဒေသခံ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
 
နယူးဆောက်ဝေးပြည်နယ်၀န်ကြီးချုပ်က ပြည်နယ်အတွင်းနေထိုင်သူ လေးသောင်းကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အမိန့်ထုတ်ထားပြီး နောက်ထပ် လူ နှစ်သောင်းကိုလည်း အသင့်အနေအထား ပြင်ဆင်ထားဖို့ ညွှန်ကြားထားပါတယ်။
 
လွန်ခဲ့သော ၂၄ နာရီအတွင်း ရေဘေးကြောင့် လူ ၂၅၀၀ ကျော်အကူအညီတောင်းခံခဲ့ကြောင်း ပြည်နယ်အရေးပေါ်ဌာနက ပြောပါတယ်။
 
ရေဘေးနဲ့ပတ်သက်ပြီး ကူညီမှုများလုပ်ဆောင်ဖို့ သြစတြေးလျ တပ်ဖွဲ့၀င်တွေကိုလည်း ဖြန့်ကြက်ချထားလျှက်ရှိပါတယ်။
 
ရာသီဥတုဖောက်ပြန်မှုနဲ့ လာနီညာရာသီဥတုအခြေအနေတွေကြောင့် ရေကြီးရေလျှံမှုဖြစ်စဉ်များ ပိုမိုဆိုးရွားလာတာလို့ ကျွမ်းကျင်သူတွေကပြောပါတယ်။
 
သြစတြေးလျနိုင်ငံမှာ လာနီညာကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခြင်းတွေ ပိုမိုဖြစ်ပွားလျှက်ရှိပါတယ်။
 
Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဆစ်ဒနီ

Related posts

Leave a Comment

VOM News

FREE
VIEW