ထိုင်းမှာ အလုပ်သွားလုပ်တဲ့ မြန်မာလုပ်သား ၇၅ ဦးနဲ့ ပွဲစား လမ်းပြ လူ ၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထား

မတ် ၁၀-၂၀၂၂
SP(VOM)
 
မြန်မာ – ထိုင်း နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲကို အထောက်အထားမဲ့ ဝင်လာတဲ့ မြန်မာနိုင်သား ၇၅ ယောက်နဲ့ ပွဲစား လမ်းပြ လူ ၈ ဦးတို့ကို ထိုင်းရဲတပ်ဖွဲ့က မနေ့ မတ် ၉ ရက်က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
အဲ့ဒီ အဖမ်းခံထားရတဲ့ မြန်မာလုပ်သား ၇၅ ယောက်ဟာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင် ပြည်နယ် ဘက်က လာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ အလုပ်သမားတစ်ဦးကို ပွဲစားခဘတ် ၁၅,၀၀၀ ကနေ၂၅,၀၀၀ ပေးရပြီး စမွတ်စာခွန်ခရိုင်၊ ရယောင်ခရိုင်၊ ကန်ကျနဘူရီခရိုင်နဲ့ ဘန်ကောက်မြို့တွေဘက်မှာ အလုပ် လုပ်ရမယ်ဆိုပြီး ပွဲစားတွေက ခေါ်ဆောင်လာခဲ့တာ ဖြစ်တယ်လို့ မြန်မာလုပ်သားအရေးကို ကူညီပေးနေတဲ့သူတွေဆီက သိရပါတယ်။
 
” ပွဲစားလမ်းပြတွေ အပြောကောင်းတိုင်း အယုံမလွယ်စေခြင်ဘူး ၊ ဒီဘက္မှာက အခုတလော ဖမ်းဆီးမှုတွေများတယ် ၊ ပူးပေါင်း စစ်ဆေးရေး ဂိတ်တွေချပြီး အသေးစိပ် ရှာဖွေစစ်ဆေးနေတာပါ ၊ ထိုင်းဘက်က မြေပြင်သတင်းကို အသေအချာစုံစမ်းပြီးမှ ဝင်ရောက်တာမျိုးလုပ်ကြပါ “လို့ ထိုင်း-မြန်မာနယ်စပ် လုပ်သားအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ စေတနာ့ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။
 
ထိုင်းနိုင်ငံ၊ စူရစီတပ်၊ လာ့ရာ့အထူးတပ်ဖွဲ့နဲ့ အခြားသက်ဆိုင်ရာအာဏာပိုင်တွေက ကန်ကျနဘူရီခရိုင်ရှိ စမ်ခဘူရီမြို့နဲ့ ကန်ကျနဘူရီမြို့တွေမှာ အခုလ ၇ ရက်ကနေ ၉ ရက် နေ့အထိ ၃ ရက်အတွင်း ၃ နေရာမှာ ဂိတ်ချစစ်ဆေးတဲ့အခါ အခုလို တရားမဝင် ဝင်ရောက်လာမှု (၅) ကြိမ်နဲ့ မြန်မာနိုင်ငံသား​ အမျိုးသား ၄၇ ဦးနဲ့ အမျိုးသမီး ၂၈ ဦးတို့ အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။
 
မနေ့က ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေနဲ့ ပွဲစားလမ်းပြတွေကို ထိုင်းရဲတပ်ဖွဲ့က အရေးယူဖို့ စမ်ခဘူရီမြို့မရဲစခန်းနဲ့ ကန်ကျနဘူရီရဲစခန်းတွေဆီ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလကလည်း နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေထဲက အဖမ်းခံရသူ အရေအတွက် ပမာဏဟာ ထောင်နဲ့ချီပြီး ရှိနေတယ်လို့ ထိုင်း-မြန်မာ နယ်စပ်အရေးကို ကူညီပေးနေသူတွေဆီက သိရပါတယ်။
 
#voiceofmyanmar #VOM #မြန်မာလုပ်သား #ထိုင်းနိုင်ငံ #တရားမဝင်ဝင်ရောက် #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW