လျှပ်စစ်မီးမမှန်တာနဲ့စက်သုံးဆီ အဆမတန်မြင့်တက်မှုကြောင့် စက်မှုလက်မှုလုပ်ငန်းတချို့ ရပ်နားရဖွယ်ရှိနေ

မတ် ၁၂-၂၀၂၂
TT(VOM)
 
မုံရွာမြို့ စက်မှုဇုံအတွင်းမှာ လျှပ်စစ်မီးကိုအသုံးပြုလည်ပတ်နေရတဲ့လုပ်ငန်း အများအပြားဟာ နိုင်ငံရေးအပြောင်းအလဲမဖြစ်မှီ COVID ကာလအတွင်း အခက်အခဲတချို့ကြုံတွေ့ခဲ့ကြပေမယ့် လုပ်ငန်းတွေရပ်တန့်ရတဲ့အခြေအထိ မဖြစ်ပေါ်ခဲ့ဘူးလို့ စက်မှုလက်မှုလုပ်ငန်းရှင်တဦးကပြောပါတယ်။
 
လက်ရှိနိုင်ငံရေးအပြောင်းအလဲကာလနောက်ပိုင်းမှာတော့ လမ်းပန်းဆက်ငွယ်ရေးအခက်အခဲတွေ၊ ကုန်ကြမ်းဝယ်ယူမှုအခက်အခဲတွေ၊ကုန်ချောပြန်လည်ရောင်းချရမှုအခက်အခဲတွေကြောင့် လုပ်ငန်းလည်ပတ်မှု သုံးပုံနှစ်ပုံအထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။
 
အခုလိုအခြေအနေမှာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ စက်သုံးဆီဈေး အဆမတန်မြင့်တက်လာမှုတွေကြောင့် လုပ်ငန်းတွေရပ်တန့်ရမယ့် အခြေအနေအထိ ကြုံတွေ့နေကြပါတယ်။
 
လုပ်ငန်းတွေရပ်တန့်ခဲ့ရင် လုပ်ငန်းရှင်တွေအပြင် ဒီလုပ်ငန်းကို အမှီပြုလုပ်ကိုင်နေရတဲ့ အလုပ်သမားတွေလည်း အခက်အခဲတွေ ကြုံတွေ့လာနိုင်တာကြောင့် နိုင်ငံရေးကာလအမြန်ဆုံးတည်ငြိမ်အေးချမ်းဖို့ လုပ်ငန်းရှင်တွေရော အလုပ်သမားတွေပါ မျှော်လင့်နေကြပါတယ်။
 
#voiceofmyanmar #VOM #မုံရွာ #မီးပြတ် #ဆီစျေးတက် #စက်မှုလက်မှု #ရပ်နားရဖွယ်ရှိ
Youtube Link – https://youtu.be/dnYc5wF-blo

Related posts

Leave a Comment

VOM News

FREE
VIEW